Dear.Life Sharing thoughts on life, love, emotions and everything in between. A safe place for honest feelings.

**အမေ့သားကြီး**ကျွန်မက မုဆိုးမတစ်ယောက်ပါ။ ကျွန်မယောင်္ကျားက အရက်အလွန်အကျွံသောက်လို့ အသည်းရောဂါနဲ့ ဆုံးသွားတာပါ။ ကျွန်မမှ...
20/02/2026

**အမေ့သားကြီး**

ကျွန်မက မုဆိုးမတစ်ယောက်ပါ။ ကျွန်မယောင်္ကျားက အရက်အလွန်အကျွံသောက်လို့ အသည်းရောဂါနဲ့ ဆုံးသွားတာပါ။ ကျွန်မမှာ သားနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ကိုးတန်းတက်နေပြီး၊ ကျန်တစ်ယောက်က ခြောက်တန်းတက်နေပါတယ်။ ကျွန်မက ဟင်းသီးဟင်းရွက်တွေကို တွန်းလှည်းနဲ့ တွန်းသွားပြီး စျေးရောင်းပါတယ်။ ကျွန်မသားတွေ အရမ်းစာတော်ပြီး လိမ္မာကြတော့ ကျွန်မအတွက် နေပူပူ၊ မိုးရွာရွာ အလုပ်လုပ်ရတာ မပင်ပန်းဘူးလို့ ခံစားရပါတယ်။
ကျွန်မက အမြဲ သားတွေကို သွန်သင်ပေးဖြစ်တယ်။ သူတစ်ပါးအပေါ် ဘယ်တော့မှ မယုတ်မာရဘူး၊ မမိုက်ရိုင်းရဘူး။တာဝန်မယူနိုင်တဲ့အရာကို အစကတည်းက လက်မခံဘဲ ငြင်းဆန်ရဲရမယ်။ ရိုးသားပြီး မှန်မှန်ကန်ကန် နေထိုင်စားသောက်ရမယ်လို့ ပြောပြထားပါတယ်။ ကျွန်မရဲ့ သားကြီးက အသက် ၁၆ နှစ်ရှိပြီး၊ သားငယ်ကတော့ ၁၃ နှစ်ပါ။
တစ်နေ့တော့ ရွာမှာ စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ပြည့်သူတွေ မဲနိုပ်ရမယ်လို့ ကြေညာလာပါတယ်။ တစ်ရွာမှာ လူငယ်နှစ်ယောက်ကို တပ်ထဲပို့ရမယ်လို့ ဆိုပါတယ်။ ကျွန်မသားကြီးက ၁၆ နှစ်ပဲရှိသေးတော့ အကျုံးမဝင်သေးဘူးဆိုပြီး စိတ်အေးခဲ့ပါတယ်။ ဒါပေမယ့် မဲနိုပ်ပြီး ပေါက်တဲ့သူတွေက ပိုက်ဆံနဲ့ ရွာသူကြီးကို လာဘ်ထိုးလိုက်ကြပါတယ်။ သွားမဲ့သူ မရှိတော့ ရွာသူကြီးက ကျွန်မဘက်ကို လှည့်လာပြီး ကျွန်မသားကြီးကို တပ်ထဲလွှတ်ဖို့ လာပြောသွားပါတယ်။
ကျွန်မလည်း ပြန်ပြောလိုက်ပါတယ် — “ကျွန်မသားက ၁၆ နှစ်ပဲရှိသေးတယ်၊ အကျုံးမဝင်သေးဘူး” လို့။ ဒါပေမယ့် ရွာသူကြီးက “နင့်သားက အသက် ၁၈ နှစ်နဲ့ တူနေတယ်။ သွားရမယ်။ မသွားရင် ပိုက်ဆံ သိန်း ၃၀ ပေးရမယ်” လို့ ပြောပါတယ်။ ကျွန်မ ခေါင်းမီးတောက်သွားတယ်။ ဘယ်လို အနိုင်ကျင့်နေတာလဲ။ ကျွန်မလက်ထဲမှာ ပိုက်ဆံ သုံးသောင်းပဲ ရှိတယ်။ သိန်း ၃၀ ဘယ်မှာသွားရှာရမလဲ။ အိမ်က တဲအိမ်ဆိုတော့ ရောင်းလည်း ပိုက်ဆံမရနိုင်ဘူး။ မြေတော့ ရှိပေမယ့် မြေရောင်းလိုက်ရင် ကျွန်မနဲ့ သားငယ် ဘယ်မှာ နေရတော့မလဲ။
အဲ့ဒီအခါ ကြံရာမရဖြစ်နေချိန်မှာ ရွာထိပ်မှာ ပိုက်ဆံအတိုးနဲ့ ချေးစားတယ်လို့ ကြားဖူးတဲ့ လူတစ်ယောက်ဆီကို သွားပြီး ပိုက်ဆံချေးဖို့ လုပ်ပါတယ်။ ဒါပေမယ့် သူက လက်မခံခဲ့ဘူး။ ဘာလို့ဆို ကျွန်မ ပြန်မဆပ်နိုင်ဘူးဆိုတာ သူသိလို့ပါ။ ကျွန်မလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘဲ ယောင်္ကျားရဲ့ အုပ်ဂူကို သွားပြီး “ယောင်္ကျားရေ၊ နင့်သားကြီးကို ကယ်ပါဦး” လို့ ပြောပြီး ငိုယိုခဲ့ပါတယ်။
အိမ်ပြန်ရောက်တော့ သားကြီးက “အမေ ဘာမှမပူနဲ့။ ကျွန်တော် တပ်ထဲပဲ သွားလိုက်ပါ့မယ်” လို့ ပြောပါတယ်။ အဲ့ဒီစကား ကြားတော့ မျက်ရည်ကို မထိန်းနိုင်ဘဲ သားကြီးရှေ့မှာပဲ ငိုချလိုက်မိပါတယ်။ သားကြီးကလည်း သူ့အတွက် ပိုက်ဆံလိုက်ချေးစရာ မလိုဘူးလို့ ပြောပါတယ်။ အဲ့ဒီလိုနဲ့ သားကြီးလည်း တပ်ထဲ ဝင်သွားလိုက်ရပါတယ်။
တစ်လ၊ နှစ်လ ကြာသွားပေမယ့် သားကြီးဆီက ဘာအဆက်အသွယ်၊ ဘာသတင်းမှ မရပါဘူး။ စျေးတော့ ရောင်းနေသော်လည်း စိတ်နဲ့ လူ မကပ်နိုင်ပါဘူး။ “ငါ့သားကြီး အဆင်ပြေပါ့မလား။ ထမင်းရော သေချာစားရဲ့လား” လို့ အမြဲစိုးရိမ်နေမိပါတယ်။
သုံးလမြောက်နေ့မှာ သားကြီးဆီက ဖုန်းအဆက်အသွယ် ရလာပါတယ်။ သူ အခု လွတ်မြောက်နယ်မြေမှာ ရှိတယ်လို့ ပြောပါတယ်။ တပ်ထဲကနေ သူ့သူငယ်ချင်းအချို့နဲ့ ထွက်ပြေးလာခဲ့တာပါ။ အခုတော့ အဆင်ပြေနေတယ်၊ ဘာမှ မစိုးရိမ်ပါနဲ့လို့ ပြောပါတယ်။ ကျွန်မ စိတ်တော်တော်လေး ပေါ့သွားပါတယ်။
ဒါပေမယ့် နောက်နေ့မနက် ရွာသူကြီးက လာပြောပါတယ် — “တပ်ထဲမှာ ထွက်ပြေးတဲ့သူတွေရှိတယ်။ နင့်သားလည်း ပါတယ်ထင်တယ်။ နင့်သားနဲ့ အဆက်အသွယ် ရလား” လို့ မေးပါတယ်။ ကျွန်မလည်း “အဆက်အသွယ် မရဘူး” လို့ ပြန်ပြောလိုက်ပါတယ်။ သူက မယုံတော့ ရှိသမျှ ဖုန်းနံပါတ်တွေကို ဖုန်းဆက်ခိုင်းပါတယ်။ ကျွန်မလည်း ရင်တစ်ထိတ်ထိတ်နဲ့ ဖုန်းဆက်ရပါတယ်။ တော်သေးတာက ကျွန်မသားကြီးရဲ့ ဖုန်းနံပါတ်ကို ဆက်မိပေမယ့် သူ ဖုန်းမကိုင်ပါဘူး။ အဲ့ဒီနောက် ရွာသူကြီးက “အဲ့ဆို နင့်သား ထွက်ပြေးတဲ့အထဲ မပါဘူးထင်တယ်” လို့ ပြောပြီး ပြန်သွားပါတယ်။
ပြီးတော့ တစ်ပတ်အကြာမှာပဲ ရွာသူကြီးက လာပြီး မနေ့က တိုက်ပွဲမှာ နင့်သား ကျသွားပြီလို့ လာပြောတယ်။ ကျွန်မလည်း ဟန်ဆောင်ပြီး ငိုလိုက်ရတာပေါ့။ နောက်တော့ ကျွန်မသားကြီးကို စိတ်မချတော့ သူ့ဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ရှိတာနဲ့ ပေါင်စားပြီး လမ်းစရိတ်အတွက် ပြင်ဆင်လိုက်တယ်။ ကျွန်မ သားငယ်ကို ခေါ်သွားပြီး ကျွန်မ သားကြီးရှိတဲ့နေရာကို ငါးရက်လောက် သွားလိုက်ရတယ်။
ကျွန်မ သားကြီးဆီ ရောက်တော့ အားရပါးရ သူ့ကို ဖက်ပြီး ငိုတာပေါ့။ ကျွန်မလည်း သူ့ကို ပြောတာပေါ့၊ အမေနဲ့အတူ လုံခြုံတဲ့ အခြားတစ်နေရာမှာ ပြန်နေကြဖို့ပေါ့။ ကျွန်မသားကြီးကတော့ သူ တိုက်ပွဲ ဝင်ချင်တယ်တဲ့။ အမေ ပြောသလို သူ တစ်ပါးအပေါ် မယုတ်မာရဘူး ဆိုပေမဲ့ အခု လူယုတ်မာတွေ ပိုပိုများနေတော့ သူ တိုက်ပွဲဝင်မှ ဖြစ်မယ်တဲ့။ အမေလို မိခင်ကောင်း နည်းသွားလို့ ကိုယ့်သားသမီးကို လူကောင်းအဖြစ် ပြုစုပျိုးထောင်ပေးတဲ့ မိခင်ကောင်းတွေ ရှားပါးလာလို့ ထင်တယ်။ လူယုတ်မာတွေ တစ်ရက်ပြီးတစ်ရက် ပိုပိုများလာတယ်။
အေးလေ၊ သားကြီးက တိုက်ပွဲဝင်ချင်တယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ သူ့ဆန္ဒကို လိုက်လျှောပေးရမှာပေါ့။ ကျွန်မလည်း အဲ့မှာပဲ ထမင်းချက်အကူအနေနဲ့ ဝင်လုပ်ပြီး နေဖြစ်တယ်။ ကျွန်မသားငယ်ကိုလည်း အဲ့က ကျောင်းမှာပဲ ထားလိုက်တယ်။ ကျွန်မသားကြီး တိုက်ပွဲသွားပြီဆိုရင် ကျွန်မ နှလုံးရောဂါရခါနီး စိုးရိမ်စိတ်နဲ့ သားကြီးအတွက် ရှိသမျှ ဘုရားစာတွေ ရွတ်နေရတာ။ ညနေ သူတို့ ပြန်လာမဲ့အချိန်ဆို ကျွန်မ ရှေ့ကနေ ရင်တစ်ထိတ်ထိတ်နဲ့ ကျွန်မသားကြီး မျက်နှာကို ရှာနေတာ။ နောက်မှ သားကြီးမျက်နှာ ပေါ်လာတော့ ရင်အေးသွားရတယ်။
နောက်တစ်နေ့ သူ နည်းနည်းဝေးတဲ့ တိုက်ပွဲတစ်ခု သွားရမယ်တဲ့။ တစ်ပတ်လောက် ကြာနိုင်တယ်တဲ့။ ကျွန်မလည်း အစာခြောက်တွေကို သေချာထုတ်ပေးပြီး သားကြီးအိတ်ထဲ ထည့်ပေးလိုက်တယ်။ ဂရုတစိုက်နဲ့ နေပါလို့ မှာလိုက်တာပေါ့။ လူ ၂၅ ယောက်လောက် ပါသွားတယ်။ တစ်ပတ်တောင် ကျော်နေပြီး အဲ့တစ်ဖွဲ့လုံး ဘယ်သူမှ ပြန်မရောက်လာသေးဘူး။ ကျွန်မ ထမင်းတောင် စားမဝင်တော့ဘူး။
၇ ရက်မြောက်နေ့မှာ အဲ့အဖွဲ့ထဲက သုံးယောက် ပြန်ရောက်လာပြီး စစ်ကူတွေ လိုနေတယ်တဲ့။ အဲ့မှာ လူအင်အား မမျှတော့ ကျသွားတာတွေ များသလို ဖမ်းခံထိတာတွေရှိတယ်တဲ့။ ကျွန်မ သားကြီးကောလို့ မေးတော့ သူ့ခြေထောက် ကျည်ထိတော့ မပြေးနိုင်တော့လို့ အဖမ်းခံထိသွားတယ်တဲ့။ ကျွန်မ ရင်ကျိုးပြီ။ အသက်ကော ရှင်သေးရဲ့လား။
အဲ့နဲ့ စစ်ကူ အယောက် ၅၀ ပြန်ပို့ပြီး သွားပြန်တိုက်ကြတယ်။ သူတို့ ကျွန်မသားကြီးကို ပြန်ကယ်ထုတ်လာတယ်။ ကျွန်မသားကြီး မျက်နှာက အထိုးခံထားရတော့ ဖောပြီး ရောင်နေတယ်။ ခြေထောက်ကလည်း သွေးတွေနဲ့။ ကျွန်မသားကြီး နှစ်လကြာမှ ဖောရောင်တာတွေကော ခြေထောက်ကော သက်သာလာတယ်။ ကျွန်မလည်း မခံစားနိုင်တော့ သားကြီးရေ၊ ဆက်ပြီး မတိုက်ပါနဲ့တော့။
သားကြီးက ပြန်ပြောတယ်၊ “အမေ သိလား၊ သားလည်း အရမ်းကြောက်တာပေါ့ အမေရယ်။ သားလိုမျိုးပဲ အရမ်းကြောက်တဲ့သူများရင် ဘယ်သူက ရှေ့ကနေ ဦးဆောင်ပြီး ဒီမတရား အနိုင်ကျင့်မှုကို ရပ်တန့်ပေးမှာလဲ။ အမေ သိလား၊ သား အရင်တပ်ထဲ စဝင်သွားတုန်းက သူတို့တွေ ရွာကို မီးရှို့ပြီး အပြစ်မဲ့ပြည်သူတွေကို နိုင်ထက်စီးနင်းပြီး အနိုင်ကျင့်စော်ကားခဲ့ကြတယ်။ အဲ့နေ့မှာ သားအရွယ် ကောင်မလေးတစ်ယောက်လေ၊ သူ့ရဲ့ မိသားစုကို သူ့မျက်စိရှေ့မှာတင် မီးရှို့သတ်ဖြတ်ခဲ့ကြတယ်။ ပြီးတော့ အဲ့မိန်းကလေးကို အဲ့က ဗိုလ်တစ်ယောက်က မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်တယ်။ အဲ့မိန်းကလေးက သားကို စိုက်ကြည့်ပြီး သူ့ကို ကယ်တင်ဖို့ တောင်းဆိုတဲ့ မျက်လုံးနဲ့ ကြည့်နေတယ်။ သားက အဲ့မှာ ဘာမှမဟုတ်တဲ့ အောက်ခြေစစ်သားလေ။ ဟိုက ဗိုလ်အဆင့်ဆိုတော့ သား ဘာမှ မတုံ့ပြန်ရဲဘဲ ကြည့်နေခဲ့ရတယ်။ သားသာ သတ္တိရှိရှိနဲ့ အဲ့ဗိုလ်ကို သေနတ်ပစ်ပြီး အဲ့မိန်းကလေးကို ကယ်လိုက်ရင် သူ အခု အသက်ရှင်နေလောက်မလားပေါ့။ သား သူရဲဘောကြောင်နေခဲ့တာ အဲ့အချိန်။ အဲ့ကြောင့် ညတိုင်း အဲ့မိန်းကလေးက သားကို လာခြောက်သလို ဘာလို့ သူ့ကို မကယ်ခဲ့တာလဲဆိုပြီး နားထဲမှာ ကြားကြားနေရတယ် အမေ။ အဲ့ကြောင့် သား သူရဲဘောမကြောင်ဘဲ ရဲရဲရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ် အမေ။ သားလုပ်ရပ်က အမှန်တရားဘက်က ရပ်တည်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် အမေ့သားကို ပြည်သူအတွက် လှူဒါန်းခဲ့တယ်လို့ သဘောထားပြီး သားကို လွတ်ထားလိုက်လို့ရမလား အမေ” လို့ ပြောတယ်။
ကျွန်မ မျက်ရည်ဝဲပြီး “ဟုတ်ပါပြီ သားရယ်” ဆိုပြီး အပြင်ထွက်သွားလိုက်တယ်။ ကျွန်မသားငယ်ကတော့ အဲ့မှာ ဆေးအကူအနေနဲ့ ဝင်ရောက်ကူညီနေတယ်။ အနာရတဲ့ တပ်သားတွေကို ကူညီပေးနေတာပေါ့။
တစ်နေ့တော့ မြို့ပြတိုက်ပွဲတစ်ခုရှိတယ်တဲ့။ ကျွန်မသားကြီးကတော့ အရမ်းနေကောင်းသေးတာ မဟုတ်ပေမဲ့ သူလည်း လိုက်သွားဖို့ လုပ်ထားတယ်။ လူကလည်း အရမ်းမလောက်တော့ သူ့ကို ထည့်ပေးလိုက်ရတယ်။ အဲ့နေ့ မိုးတွေလည်း အရမ်းအုံ့မှိုင်းပြီး ကောင်းကင်က မှောင်သလိုလို၊ လေပြင်းတွေလည်း အရမ်းတိုက်တယ်။ သားကြီးလည်း မြို့ပြတိုက်ပွဲမှာ ဝင်ပြီး စစ်ကူတိုက်ပေးတာပေါ့။
ညနေစောင်းအချိန်မှာ အနာရတဲ့ တပ်သားတွေကို ကူပြီး ပြန်သယ်လာတာ မြင်ရတယ်။ ကျွန်မသားကြီးက မပေါ်သေးဘူး။ ကျွန်မလည်း စိတ်နည်းနည်း ပူသွားတယ်။ သူတို့ အခုထိ တိုက်ပွဲပြင်းထန်နေတုန်းပဲတဲ့။ ညမိုးချုပ်နေပြီ။
နောက်နေ့ မနက် ၆ နာရီမှ တပ်သားအချို့ ပြန်ရောက်လာတယ်။ အဲ့မှာ သေဆုံးသွားတဲ့ တပ်သားအလောင်း ငါးလောင်းလောက် ပြန်သယ်လာတာ တွေ့ရတယ်။ နောက်ဆုံးအလောင်းက ကျွန်မသားကြီး အလောင်း ဖြစ်နေတယ်။ ကျွန်မ ရင်တွေ တစ်စစီ ကြေကွဲနေရပြီ။
တပ်သားတွေဆီက ကြားရတာတော့ သူတို့ လူအင်အားမလောက်လို့ တပ်ဆုတ်ဖို့ လုပ်နေချိန် ကျွန်မသားကြီးက တပ်သားတွေနဲ့အတူ မဆုတ်ဘဲ အဲ့က ဗိုလ်ကြီးတစ်ယောက်ကို ပြေးပြီး ပစ်သတ်လိုက်ရာကနေ ရန်သူဘက်က ပြန်ပစ်လိုက်တာနဲ့ သူ ကျဆုံးသွားတယ်တဲ့။ ကျွန်မ သိလိုက်ရတာ အဲ့ဗိုလ်ကြီးက သူပြောတဲ့ ကလေးမလေးကို မုဒိန်းကျင့်ပြီး သတ်ခဲ့တဲ့ ဗိုလ်ကြီးမို့ သူ ပြန်တုံ့ပြန်တဲ့အနေနဲ့ ရှေ့ထွက်ပြီး ပစ်သတ်လိုက်တာ ဖြစ်မယ်။
ကျွန်မလည်း ကျွန်မသားကြီးရဲ့ အလောင်းရှေ့မှာ “သားတာဝန်ကျေသွားပြီနော်။ တမလွန်မှာ အေးချမ်းစွာ အနားယူပါတော့။ ကိုယ့်ကိုယ်ကိုလည်း အပြစ်ရှိတဲ့စိတ် မထားနဲ့တော့နော်” လို့ ပြောပြီး မျက်ရည်ကို သုတ်ရင်းနဲ့။ ကျွန်မလည်း အိမ်မပြန်လာတော့ဘဲ ကျွန်မ တတ်နိုင်တဲ့ဘက်ကနေ ထမင်းချက်အကူအနေနဲ့ အဲ့မှာပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။
_Dear.Life

** My eldest son **

I am a widow. My husband died from liver disease after years of heavy drinking. I was left alone with my two sons. My eldest is 16 years old, and my youngest is 13. The older one was in Grade 9, and the younger one in Grade 6. To survive, I sell vegetables by pushing a cart around the village. Whether under the burning sun or in heavy rain, I work every day. But because my sons are intelligent, obedient, and kind-hearted, I never feel tired. They are my only strength.

I always teach them to never be cruel or wicked toward others, to never act irresponsibly, and to have the courage to refuse things they cannot take responsibility for from the very beginning. I tell them to live honestly and righteously.

One day, an announcement came to our village that men who had turned 18 must draw lots for military service. Two young men from each village had to be sent. I felt relieved because my eldest son was only 16 and did not meet the requirement.

However, after the lottery, those who were selected bribed the village leader to avoid going. Since no one was willing to go, the village leader came to me and demanded that my eldest son be sent instead. I argued that he was only 16 and not eligible. But the leader said, “Your son looks 18. He must go. If he doesn’t, you must pay 30 million kyats.”

My mind went blank. How could they oppress us like this? I only had thirty thousand kyats in my hand. How could I ever find 30 million? Our house was just a small hut — even if I sold it, it would not be enough. We had a small piece of land, but if I sold it, where would my younger son and I live?

In desperation, I went to a man at the edge of the village who was known for lending money with high interest. But he refused because he knew I would never be able to repay such a large amount. With no other option, I went to my husband’s grave and cried, begging him to save our son.

When I returned home, my eldest son told me not to worry. He said he would go to the army so I would not have to borrow money. Hearing those words, I broke down crying in front of him. Soon after, he left.

One month passed, then two. We received no news or contact from him. I continued selling vegetables, but my heart and body were not in it. Every day I worried — Is my son safe? Is he eating properly?

In the third month, I finally received a call from him. He said he had escaped from the army with some friends and was now in a liberated area. He told me not to worry — he was safe. My heart felt lighter.

But the next morning, the village leader came again. He said some soldiers had deserted and asked whether I had been in contact with my son. I denied it. He made me call every phone number I had. By chance, I called my son’s number, but he did not answer. The leader assumed my son was not among the deserters and left.

A week later, the village leader returned and said my son had been killed in battle. I had to pretend to cry. But inside, I knew he was alive. Still, I could not rest peacefully, so I decided to go find him. I sold what little belongings we had for travel money. I took my younger son, and after traveling for about five days, we reached the place where my eldest son was staying.

When I saw him, I hugged him tightly and cried. I begged him to come live with me somewhere safe. But he refused. He said he wanted to fight. He reminded me of what I had taught him — never be cruel. But he said cruel people were increasing day by day, and someone had to stand against injustice.

He told me what he had witnessed when he first entered the army: villages burned down, innocent civilians abused, and a young girl about his age forced to watch her family burned alive. Then a commander r***d her and killed her. My son saw everything but could not act because he was just a low-ranking soldier and the perpetrator was a high-ranking officer. He said the girl looked at him with eyes begging for help. He has never forgotten that look. He felt like a coward for not acting. Every night, he hears her voice asking why he did not save her.

He said if people like him, who feel fear, never step forward, then who would lead the fight against injustice? He asked me to consider that I had offered my son for the people and let him fight for what is right.

With tears in my eyes, I agreed.

I stayed there and worked as a cook to support the fighters. My younger son helped as a medical assistant, treating the wounded. Every time my eldest went into battle, my heart would tremble as if I were about to have a heart attack. In the evenings, I would anxiously search among the returning faces until I saw his. Only then could I breathe again.

One day, he went to a distant battle that could last a week. Twenty-five men went with him. Even after a week, none had returned. I could not eat. On the seventh day, three of them came back and said many had been killed or captured because they lacked reinforcements. My son had been shot in the leg and captured because he could not run.

Fifty more fighters were sent. They rescued him. His face was swollen from being beaten, and his leg was bleeding. After two months, he recovered. I begged him not to fight anymore. But he said he was afraid too — yet if everyone who was afraid stayed back, injustice would never end.

Then came a city battle. Though he was not fully strong, there were not enough fighters, so he went. The sky was dark, the wind strong. That night, many wounded soldiers returned, but my son did not.

The next morning at 6 a.m., some fighters came back carrying five bodies. The last one was my son.

They told me that when they were retreating due to low manpower, my son refused to withdraw. He ran forward and shot a commander. The enemy returned fire, and he fell. Later I learned that commander was the same man who had r***d and murdered the young girl.

Standing before his body, I said, “My son, you have fulfilled your duty. Rest peacefully in the next life. Do not carry guilt anymore.”

I did not return home. I decided to remain there, helping in whatever way I can — cooking, supporting, and standing with those who continue the fight.

My son is gone, but his courage and sacrifice live on.



Dear

ကြယ်တာရာကျွန်တော်က ငယ်ငယ်ကတည်းက တောမှာ မွေးဖွားလာခဲ့သူဖြစ်ပြီး မိဘက အရမ်းချမ်းသာတဲ့အထဲ မပါပေမဲ့ လယ်ယာလုပ်ငန်းနဲ့ အသက်မွေ...
18/02/2026

ကြယ်တာရာ

ကျွန်တော်က ငယ်ငယ်ကတည်းက တောမှာ မွေးဖွားလာခဲ့သူဖြစ်ပြီး မိဘက အရမ်းချမ်းသာတဲ့အထဲ မပါပေမဲ့ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ မိသားစုရဲ့ သားပါ။ ကျွန်တော်မှာ မောင်နှမ သုံးယောက်ရှိပြီး ကျွန်တော်က အငယ်ဆုံးသားလေးပေါ့။ ကျောင်းစာလည်း အရမ်းမတော်တဲ့အပြင် မိဘစကားလည်း သိပ်ပြီး နားမထောင်တဲ့ အငယ်ဆုံးသားဆိုးလေးပေါ့။

တစ်နေ့ အဖေနဲ့အတူ ညအထိ လယ်ကွင်းမှာ စပါးစိုက်ဖို့ အတင်းခေါ်ခံခဲ့ရတယ်။ အဖေကို စပါးစိုက်ကူပေးဖို့ လူမရှိတဲ့အတွက် ကျွန်တော် သွားကူပေးရတယ်။ လယ်ကွင်းမှာ စပါးစိုက်ကူပေးရမယ့်အစား ကျွန်တော်ကတော့ ဖားကောက်လိုက်၊ ခရုကောက်လိုက်နဲ့ အချိန်ကုန်အောင် တမင်လုပ်တာပေါ့။ ဘာလို့ဆို ကျွန်တော် စပါးမစိုက်ချင်ဘူး။ ရွံ့ထဲမှာ လက်ပေတူး၊ ခြင်ကိုက်နဲ့ပေါ့။ အဖေကတော့ ဘာမှမပြောဘဲ ကျွန်တော့်ကို လွတ်ထားပေးလိုက်တယ်။

နေ့လည်ပိုင်းဆို နေအရမ်းပူတော့ စပါးစိုက်ရ အဆင်မပြေဘူး။ အဲ့ကြောင့် ညနေစောင်းကနေ ညနက်တဲ့အထိ အဖေက စပါးစိုက်ခဲ့တယ်။ ကျွန်တော်လည်း ခရုကော၊ ဂဏန်းကော ကောက်ရင်း မောသွားတော့ လယ်ကွင်းပြင်ဘေး လူသွားလမ်းမှာ အိပ်ချလိုက်တယ်။ ကြယ်တာရာလေးတွေ အများကြီး လင်းလက်တောက်ပနေတာ မြင်လိုက်ရတော့ သိပ်ကို စိတ်အေးချမ်းလွန်းတာပေါ့။

၇ နှစ်ကြာပြီး စစ်အာဏာသိမ်းပြီးနောက် အခြေအနေတွေ အရမ်းဆိုးရွားလာတယ်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်ကို ခေါ်ပြီး လက်နက်ကိုင်အဖွဲ့ထဲ ဝင်ကြစို့တဲ့။ ဒီအတိုင်းနေရင် တပ်ကနေ ခေါ်ခံပြီး စစ်မှုထမ်းသွားရမှာဆိုတော့ ဘာမှမထူးဘူးတဲ့။ ပိုက်ဆံချမ်းသာတဲ့ ကျွန်တော့်အခြားသူငယ်ချင်းတွေကတော့ နိုင်ငံခြားပြောင်းရွှေ့ကြပြီး အလုပ်လုပ်တဲ့သူကလုပ်၊ ကျောင်းတက်တဲ့သူက တက်ကြတာပေါ့။ ကျွန်တော့်မိဘကတော့ နိုင်ငံခြားပို့ဖို့အထိ ပိုက်ဆံမလောက်ဘူး။ ကျွန်တော့်အဘိုး လေဖြတ်တော့ သူ့ဆေးစရိတ်နဲ့တင် အကြွေးတင်နေတာဆိုတော့ ကျွန်တော့်အတွက် နိုင်ငံခြားပို့ဖို့က အဆင်မပြေဘူးလေ။

ရွာမှာလည်း နေလို့မဖြစ်တော့ ကျွန်တော့်သူငယ်ချင်းနဲ့အတူ လက်နက်ကိုင်အဖွဲ့ထဲ ဝင်သွားကြတာပေါ့။ အဲ့မှာ ကျွန်တော်တို့အဖွဲ့က ကွန်မန်ဒိုအဖွဲ့ထဲ ဝင်ရတယ်။ အဲ့အဖွဲ့က တကယ်ကို ရှေ့ကနေပြီး ရဲရဲတောက် တိုက်ရတဲ့အဖွဲ့ပေါ့။ ကျွန်တော်တို့ သင်တန်းတက်တုန်းက လူအယောက် သုံးဆယ်လောက်ရှိတယ်။ တစ်ခါမှ တင်းတင်းကျပ်ကျပ် မနေဖူးတော့ တပ်ထဲရောက်ချိန် စည်းကမ်းအချို့ ချိုးဖောက်မိတာ ဘာညာရှိတာပေါ့။ အဲ့အချိန် သူငယ်ချင်းနဲ့အတူ မိုးထဲမှာ အပြစ်ပေးခံရတာတွေ သတိရသေးတယ်။

တစ်နေ့ အမိန့်ကျလာတယ် — မနက်ဖြန် ရှေ့ကနေ ဦးဆောင်ပြီး သွားတိုက်ရမယ်ပေါ့။ ကိုတို့ကတော့ စိတ်လည်း နည်းနည်းလှုပ်ရှားသလို ပျော်လည်းပျော်တယ်။ ပထမဆုံးအကြိမ် သေနတ်ကိုင်ပြီး ရှေ့တန်းထွက်ရမှာဆိုတော့ သူငယ်ချင်းတွေကို အကုန် ကတိပေးထားတယ် — ငါတို့အတူ အကောင်းဆုံးလုပ်ဆောင်ကြမယ်၊ အသက်ရှင်အောင်ကြိုးစားပြီး တိုက်ပွဲဝင်ကြမယ်ပေါ့။

စခန်းတစ်ခု သိမ်းချိန်မှာ အရမ်းကြီး တဲ့အမြောက်သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကိုယ့်ဘေးမှာရှိနေတဲ့ အကိုတစ်ယောက်က ခန္ဓာကိုယ်တစ်ခုလုံး အစအနမကျန် ပွင့်ထွက်သွားပြီး ကိုယ့်မျက်နှာမှာ သူ့သွေးတွေ ပတ်ခံထိလိုက်ရတယ်။ ကျန်တဲ့သူတွေက ခြေထောက်ကျည်ထိတာ၊ ပုခုံးအရိုးကျိုးတာ၊ လက်ပြတ်သွားတာတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲ့စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။

စခန်းထဲ ပြန်ရောက်ချိန် မျက်စိရှေ့မှာ ခန္ဓာကိုယ်တစ်ခုလုံး ပွင့်ထွက်သွားတဲ့ ချစ်ရသောအကိုကို မြင်ယောင်ပြီး တော်တော်နဲ့ အိပ်မပျော်ဖြစ်ရတယ်။ အဲ့အကို မဆုံးခင်တောင် ရွာမှာ သူ့မိန်းမနဲ့ကလေး ကျန်ခဲ့ကြောင်း၊ တိုက်ပွဲ နှစ်ပွဲသုံးပွဲလောက်ပြီးရင် သူတို့ဆီ ခဏသွားလည်မယ်လို့ စီစဉ်ထားကြောင်း ပြောပြသေးတယ်။ အခုတော့ သူအစောကြီး ထွက်သွားလိုက်ပြီးဆိုတော့ သူ့မိသားစုအတွက် ဝမ်းနည်းကြေကွဲတာပေါ့။

နောက်နေ့မနက်ထပြီး နောက်တိုက်ပွဲတစ်ခု ဆက်သွားရတယ်။ လူအင်အားရော လက်နက်အင်အားရော မမျှတော့ ကိုယ်တို့ နောက်ဆုတ်လိုက်ရတယ်။ စခန်းထဲ ပြန်ရောက်တဲ့အချိန်မှာတော့ ကျွန်တော့်တပ်ထဲက နှစ်ယောက် ပြန်ပါမလာဘူး။ နောက်မှ သိလိုက်ရတာက တစ်ယောက် ကတော်တော်ထိထားတော့ သူ့ကို ချန်ထားခဲ့ဖို့ ပြောပြီး အခြားလူတွေကို ပေးသွားခိုင်းလိုက်တယ်။ နောက်တစ်ယောက်ကတော့ အခြားလူတွေ ထွက်ပြေးနိုင်ဖို့ သူအသေခံဗုံးနဲ့ သူ့ဘာသာ သူ ရန်သူကိုမျှားပြီး အသေခံလိုက်တယ်။ ကျွန်တော်က အခြားဖက်ကနေ ခုခံနေတာဆိုတော့ အဲ့တာနဲ့ပတ်သက်ပြီး မသိလိုက်ဘူး။

စခန်းထဲ ထမင်းစားဝိုင်းအသံက တဖြည်းဖြည်း အသံတိုးလာတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ သင်တန်းပြီးဆုံးချိန် အတူရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံပဲ ကျန်ခဲ့တယ်။

တိုက်ပွဲပေါင်း ၁၉ ပွဲတိုက်ခိုက်ပြီးနောက် ကျွန်တော်ကလွဲပြီး ကျန်တဲ့အသင်းသားအားလုံး ကျဆုံးသွားကြကုန်တယ်။ ငယ်ငယ်လေးတွေ။ ကိုယ်ပိုင်အိမ်မက်ကိုယ်စီနဲ့ ရှင်သန်နေကြတဲ့သူတွေ။ ကျွန်တော်ကတော့ ခြေတစ်ဖက် မရှိတော့ဘူး။ မျက်လုံးတစ်ဖက်လည်း ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးလိုက်ရတယ်။

တစ်ခါတစ်လေ ကျွန်တော် ထမင်းစားတဲ့အခါတိုင်း သူတို့ရဲ့ စနောက်သံတွေ၊ ရီသံတွေ နားထဲ ကြားနေရသလို ခံစားရတယ်။

တကယ်တော့ ကောင်းကင်က ကြယ်တာရာတွေက သာယာချင်သာယာပေမဲ့ မြေပြင်ပေါ်က ကြယ်တာရာတွေကတော့ လှလှပပ မရှင်သန်နိုင်ခဲ့ရှာဘူး။

**Stars**

I was born and raised in a village. My family wasn’t rich, but we survived through farming. I have three siblings, and I’m the youngest son. I wasn’t good at school, and I didn’t really listen to my parents. I was that stubborn youngest child.

One day, my father forced me to help him plant rice in the fields until late at night. There was no one else to help him. But instead of planting rice, I wasted time catching frogs and snails. I just didn’t want to work in the mud with mosquitoes biting me. My father said nothing and let me be.

In the late afternoon, it was too hot to work, so he continued planting rice from evening until night. I got tired from wandering around and lay down near the path by the field. I looked up at the sky and saw countless shining stars. It felt so peaceful.

Seven years later, after the military coup, everything changed. The situation became terrible. My friend asked me to join an armed group. He said if we stayed, we would be forced into military service anyway. Some of my richer friends moved abroad—some worked, some continued their studies. But my family couldn’t afford to send me overseas. My grandfather had a stroke, and we were already in debt because of his medical bills.

So I joined the armed group with my friend. We were assigned to the commando unit—the frontline fighters. During training, we had about thirty people. We weren’t used to strict discipline, so we got punished sometimes. I still remember standing in the rain as punishment with my friend.

One day, we received an order—we would lead the attack the next morning. I was nervous but also excited. It was my first time going to the frontline with a rifle. We promised each other we would do our best and try to survive together.

During one attack, we were hit by heavy artillery. A brother beside me was blown apart completely. His blood splashed onto my face. Others lost legs, broke shoulders, or lost arms. But we captured the camp.

That night, I couldn’t sleep. I kept seeing his body in my mind. Before he died, he told us about his wife and child back in the village. He said after a few more battles, he would visit them. Now he left too early. I felt heartbroken for his family.

The next morning, we went to another battle. We were outnumbered and had fewer weapons, so we had to retreat. When we returned, two of our members didn’t come back. Later I found out one was badly injured and told the others to leave him behind. The other sacrificed himself with a bomb to distract the enemy so others could escape. I didn’t even know at the time because I was defending from another side.

The dining area in the camp grew quieter day by day. After training, we once took a group photo together. Now only that photo remains.

After fighting in 19 battles, I am the only one left alive. They were so young. Each of them had their own dreams. I lost one leg. I also lost one eye because of an explosion.

Sometimes when I eat, I still hear their laughter and teasing voices in my ears.

The stars in the sky may shine beautifully. But the stars on the ground—those beautiful young lives—did not get the chance to shine for long.

_Dear.Life










**နောက်ဆုံးဩဉသံ**အချစ်ရေ အဝေးမှာ အဆင်ပြေရဲ့လား။ ကိုယ့်ဆီမှာတော့ ကောင်းကင်ပေါ်မှာ စစ်လေယာဉ်တွေ ဗုံးလာကျဲလို့ ဗုံးသံနဲ့ လေ...
18/02/2026

**နောက်ဆုံးဩဉသံ**

အချစ်ရေ အဝေးမှာ အဆင်ပြေရဲ့လား။ ကိုယ့်ဆီမှာတော့ ကောင်းကင်ပေါ်မှာ စစ်လေယာဉ်တွေ ဗုံးလာကျဲလို့ ဗုံးသံနဲ့ လေယာဉ်အသံတွေ ဟိန်းနေတာပဲ။ အချစ် အဝေးမှာ ကျန်းမာရေးဂရုစိုက်ပါနော်၊ ကျန်းမာတဲ့အစားအစာစားပြီး စောစောအိပ်နော်။

ကိုယ်တို့ဆီမှာတော့ ကုန်သွယ်စီးဆင်းမှုတံတားက ဗုံးကျဲခံရလို့ ပျက်စီးသွားပြီး နိုင်ငံခြားပို့ကုန်တွေ မရတော့ဘူး။ အစားအသောက်နဲ့ပတ်သက်ရင်လည်း တော်တော်ခက်ခဲနေပါတယ်။ အချစ် အလုပ်လုပ်တဲ့အချိန် သူဉေးဆူခံရသေးလား။ သည်းခံပြီးနေနော်၊ အနည်းဆုံးတော့ အဲ့ဒီမှာ တရားဥပဒေအကာအကွယ် ရှိသေးတယ်။

အချစ်ရေ သိလား၊ တစ်နေ့ကျရင် အချစ်အတွက် နှင်းဆီပန်းစည်းနဲ့ ချောကလက်တွေ Valentine နေ့မှာ သူများအတွဲလို လက်ဆောင်ပေးချင်ပေမဲ့ ကိုက ကတိမတည်နိုင်တော့ဘူးထင်တယ်။ အချစ် ကိုနဲ့မတွဲခင် ပြောဖူးတဲ့စကားလေး “ယောင်္ကျားတွေက ကတိမတည်ဘူး၊ စကားကိုလွယ်လွယ်ပြောပြီး မိန်းကလေးကို ကြိုက်သလို လှည့်ဖျားကစားတယ်” လို့ ပြောခဲ့တာကို ကိုက အဲ့လိုကောင်မျိုး မဟုတ်မှန်း၊ ကမ္ဘာပေါ်မှာ ကတိတည်တဲ့ ယောင်္ကျားကောင်းတွေ ရှိသေးကြောင်း၊ သူတို့ရဲ့မိန်းကလေးကို အသက်ထက်မျှ ချစ်မြတ်နိုးတန်ဖိုးထားတဲ့ ယောင်္ကျားလေးတွေ ရှိသေးကြောင်းကို အချစ်ကို သက်သေပြချင်ခဲ့သေးတာ။

ဒါပေမဲ့ ကံကြမ္မာက ကို့ကို လူလိမ်တစ်ယောက်လို ဖန်တီးလိုက်ပြီ အချစ်ရေ။ အချစ် ပြောခဲ့သလို တိုက်ပွဲမှာ ဂရုစိုက်ဖို့၊ ဘယ်တော့မှ အသက်မသေဖို့၊ ဘယ်တော့မှ အချစ်ကို မထားခဲ့ဖို့… ကို ကြိုးစားခဲ့တယ်။ အချစ်က အရမ်းအားငယ်တတ်တယ်၊ တစ်ခုခုဆို ငိုဖို့ပဲသိတယ်။ ကို သိတာက အချစ်ရဲ့အနားမှာ ကိုရှိမှ ဖြစ်မှာလေ။

ကို အရင် အချစ်ကို ပြောခဲ့သလိုမျိုး တစ်နေ့ကျရင် အချစ်ရဲ့မိဘဆီမှာ တင့်တောင်းတင့်တယ်နဲ့ လာတောင်းပြီး လက်ထပ်ယူမယ်၊ အချစ်နဲ့တူတဲ့ ကလေးမွေးကြမယ်ဆိုတဲ့ အိမ်မက်လေးတွေ အခုတော့ အရာရာကို ရိုက်ချိုးခံရပါပြီ။

လေယာဉ်ဗုံးအစကြောင့် ကို အခု ဗိုက်မှာ သွေးအရမ်းထွက်နေပါတယ် အချစ်ရေ။ ကိုယ့်ရဲ့ခြေတောက်လည်း ရှာလို့မတွေ့အောင် အစစအနန ဖြစ်နေပါတယ်။ ကို အချစ်ကို မျက်နှာ ဘယ်လိုပြရမလဲ မသိတော့ဘူး။ ကိုယ် အဆုံးထိ တောင့်ခံထားဖို့ လုပ်ပေမဲ့ မရတော့ဘူးထင်တယ် အချစ်ရေ။

အချစ်ရဲ့ဘေးနားမှာ ကို ဒီတစ်သက် မနေပေးနိုင်တော့ဘူးလို့ တွေးမိတိုင်း ကိုယ့်ကိုယ်ကို အရမ်းရင်နာတယ်။ အချစ်ရဲ့ဘေးမှာ အခြားတစ်ယောက် ရှိမယ့်အကြောင်းကို ကို လုံးဝ မလိုလားဆုံးပဲ။ အချစ်ကို ရည်မျက်ကျအောင် သူလုပ်မှာကို ကို မကြည့်ရက်နိုင်ဘူး။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ အချစ်ရေ… ကိုတို့ရေစက်က ဒီလောက်ပဲထင်ပါရဲ့။ အချစ်ရဲ့ဘဝတစ်လျှောက်လုံးကို ကို မကြည့်ရှုစောင့်ရှောက်ပေးနိုင်တော့ဘူး။

ကို့အကြောင်း အချစ် ပြန်ကြားရရင် အရမ်းဝမ်းနည်းပြီး မငိုပါနဲ့။ ကို ကတိမတည်နိုင်ခဲ့တဲ့အတွက်လည်း အချစ်က ကို့ကို မုန်းလို့ရပါတယ်။ နောက်ဘဝသာ ရှိရင် ကို အချစ်ကို ပေးထားခဲ့တဲ့ ကတိတွေ ဆက်ပြီး တည်ချင်ပါသေးတယ် အချစ်ရေ။

**The Last Echo**

My love, are you doing okay over there?
Here, fighter jets fill the sky, dropping bombs. The sound of explosions and aircraft roars without stopping. My love, please take care of your health where you are. Eat healthy food and go to bed early.

On our side, the trade bridge was bombed and destroyed, so foreign exports can no longer come in. Food has become very difficult to get. When you’re at work, does your boss still scold you? Please endure it. At least over there, you still have the protection of the law.

You know, one day I wanted to give you a bouquet of roses and chocolates on Valentine’s Day like other couples. But I don’t think I can keep that promise anymore. Before we started dating, you once said, “Men never keep their promises. They speak easily and play with a girl’s heart as they please.” I wanted to prove to you that I’m not that kind of man—that there are still good men in this world who keep their promises, men who cherish and value their woman more than their own life. I wanted to be living proof of that for you.

But fate has turned me into a liar, my love. Just like you told me—be careful in battle, never die, never leave you. I tried. You get weak easily and cry whenever something happens. I know that you need me by your side.

Like I once told you, one day I would properly ask your parents for your hand in marriage. We would get married and have children who look like you. Those little dreams have now been shattered into pieces.

Because of the bomb shrapnel, I’m bleeding heavily from my stomach right now, my love. I can’t even find my leg—it’s torn apart. I don’t know how I could ever face you. I’m trying to hold on until the end, but I don’t think I can anymore.

Every time I think about not being able to stay by your side for the rest of this life, my heart breaks. I never wanted another man to stand beside you. I can’t bear the thought of someone making you cry.

But what can I do, my love… maybe this is as far as our fate goes. I can no longer watch over and protect you for the rest of your life.

If you hear news about me, please don’t cry too much. You can hate me for not being able to keep my promise. If there is another life, I still want to continue keeping the promises I made to you.

_Dear.Life








16/02/2026

Home (အိမ်)

အိမ်လို့ ပြောလိုက်ရင် လူတော်တော်များများအတွက် လွတ်လပ်စွာနေလို့ရတဲ့နေရာ၊ သက်သောင့်သက်သာရှိတဲ့နေရာ၊ ငြိမ်းချမ်းတဲ့နေရာ၊ လှုံခြုံတဲ့နေရာတစ်ခုကို ခံစားမိကြမယ်ထင်တယ်။ ဘယ်လောက်ပဲ အဝေးရောက်နေရောက်နေ တစ်ချိန်ချိန်တော့ “အိမ်” ကို တောင်းတနေကြတာပဲ။

အပြင်မှာ အိမ်ထက်လှပတဲ့နေရာတွေ၊ ပိုသာယာတဲ့နေရာတွေ၊ ပိုကောင်းတဲ့နေရာတွေ ရှိနိုင်တယ်။ ဒါပေမယ့် အဲ့ဒီသာယာမှုတွေက ခဏတာပဲ။ နောက်ဆုံးတော့ အတည်တကျရှိတဲ့ ကိုယ့်အိမ်လေးဆီ ပြန်လာချင်လာရတာပဲ။

အိမ်ဆိုတာ ကိုယ်နေတဲ့ အိမ်အဆောက်အဦးတစ်လုံးပဲ မဟုတ်ဘူး။ ကိုယ့်ကို လုံခြုံစိတ်ချစေတဲ့ လူတစ်ယောက်လည်း ဖြစ်နိုင်တယ်။ ကိုယ့်စိတ်ကို အေးချမ်းအောင်ထားပေးနိုင်တဲ့ နေရာ၊ လူ၊ သို့မဟုတ် ခံစားချက်တစ်ခုလည်း ဖြစ်နိုင်တယ်။

တစ်ခါတစ်လေ အိမ်မှာပဲ အမြဲနေဖြစ်တော့ အိမ်ရဲ့တန်ဖိုးကို မေ့လျော့တတ်ကြတယ်။ အဝေးရောက်သွားတဲ့အချိန်ကြမှ ကိုယ့်အိမ်လေးဟာ ဘယ်လောက်လွမ်းစရာကောင်းလဲဆိုတာ နားလည်လာရတယ်။ ကိုယ်နေခဲ့တဲ့နေရာက ဘယ်လောက်သာယာလဲ၊ စိတ်ချလက်ချနေလို့ရလဲ၊ ပူပင်စရာမရှိဘဲ နားလည်မှုနဲ့ တွယ်ကပ်နေလို့ရလဲဆိုတာ အဲ့ဒီအချိန်မှ ပြန်သတိရလာတတ်တယ်။

အဆုံးမှာတော့ “အိမ်” ဆိုတာ ကိုယ်ပြန်လာချင်တဲ့နေရာပဲ။ ကိုယ်ဖြစ်တဲ့အတိုင်း လက်ခံပေးမယ့်နေရာပဲ။ 🤍

_Dear.Life

#အိမ် #လွမ်းစရာ

11/02/2026

အချိုလည်း မစားချင်တော့ဘူး အခါး လည်း မသောက်ချင် တော့ဘူး. ပုံမှန် အရသာ ရှိတဲ့ ရေပဲ သောက် တော့မယ်. အနာပေးလိုက် ဆေးပေးလိုက် နဲ့ ကိုယ် လည်း မကြာခင် အရူး ထောင် or စိတ် ကျန်းမာ ရေး ဆေး ရုံ ပြ ရတော့မယ် အချစ် ရေ. မင်းရဲ့ချစ်ချင်းက ဆန်း ကျယ် သလိုလို နဲ့ ကိုယ် လည်း တမလွန် ဘဝ ရောက် တော့မယ်.

_Dear.Life

11/02/2026

သူလေးကတော့ အသက် 86 နှစ် သာ ကြီးသွားသော်လည်း 8 တန်းတုန်းကသူ့ရဲ့ crush လေးကို တော့ ခု ထိ မမေ့သေးဘဲ သတိရနေတုန်းပဲတဲ့. 😆😆😆😆

Crd

_Dear.Life

06/02/2026

ရည်းစားထားတဲ့အခါ�ရုပ်ရည်လှတာ၊ အရပ်ရှည်တာ၊ six packs ရှိတာတွေကိုပဲ မကြည့်ပါနဲ့။�သူ့ရဲ့ hygiene ဘယ်လောက်ကောင်းလဲဆိုတာကိုပါ လေ့လာဖို့ လိုပါတယ်။
အချို့လူတွေက�နှစ်ရက်မှတစ်ခါပဲသွားတိုက်တယ်၊�တစ်ပတ်တစ်ခါပဲ ရေချိုးတယ်၊�toilet သွားပြီးတောင် လက်ဆေးဖို့ ပျင်းတတ်ကြတယ်၊�ချွေးနံ့ဆိုးတဲ့ အင်္ကျီကို နေ့တိုင်းလိုလို ဝတ်နေကြတယ်။
အပြင်အဆင် လှတာ၊ အလန်းစား ဖြစ်တာတွေက�လူတစ်ယောက်ရဲ့ တန်ဖိုးကို အပြည့်အဝ မဖော်ပြနိုင်ပါဘူး။�အချောအလှပဲ ကြည့်ပြီး မရွေးချယ်ပါနဲ့။
ဒီလူက�ကိုယ့်ကိုယ်ကို ဘယ်လောက် ဂရုစိုက်တယ်လဲ၊�ဘယ်လောက် သန့်ရှင်း သပ်ရပ်လဲ ဆိုတာကိုလည်း�တကယ်ပဲ အရေးကြီးစွာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

When choosing a partner,�don’t focus only on good looks, tall height, or six packs.�You also need to pay attention to how good their hygiene really is.
Some people may look attractive on the outside,�but they brush their teeth only once every two days,�shower just once a week,�don’t even bother to wash their hands after using the toilet,�and keep wearing sweaty, smelly clothes day after day.
Appearance alone does not show a person’s true quality.�Don’t choose someone just because they look good.
What really matters is�how well they take care of themselves,�how clean and hygienic they are,�and whether they respect both themselves and others.
Looks may catch your eyes,�but hygiene and cleanliness decide whether a relationship can truly last.

_Dear.Life

29/01/2026

သစ်ပင်

သစ်ပင်ရဲ့ ဘဝဟာ လူသားဘဝလို
ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။

တစ်နေရာမှာပဲ ရှင်သန်ပေါက်ဖွားပြီး
လွယ်လွယ်ကူကူ ပြောင်းရွေ့နိုင်ခွင့်လည်း မရှိပါဘူး။
လူသားတွေက အခြားတစ်နေရာကို ပြောင်းရွေ့စိုက်ပျိုးပေးမှသာ
နေရာပြောင်းနိုင်တာပါ။

မဟုတ်ရင်တော့
တစ်နေရာတည်းမှာပဲ
သေဆုံးတဲ့အထိ ရှင်သန်နေထိုင်ရပါတယ်။

နွေ၊ မိုး၊ ဆောင်း—
ရာသီဥတုတိုင်းရဲ့ ဒဏ်ကို
ကြံ့ကြံ့ခံပြီး ရှင်သန်နေရတယ်။

နေလောင်လောက်အောင် ပူလာရင်
ထီးဖွင့်လို့မရဘူး။
မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ရင်
မိုးကာအင်္ကျီ ဝတ်လို့မရဘူး။
ဆောင်းရာသီမှာ ချမ်းလွန်းရင်လည်း
အနွေးထည်ထူထူ ဝတ်လို့မရဘူး။

တစ်နေရာတည်းမှာပဲ
ရာသီဥတုရဲ့ ဒဏ်အားလုံးကို
ကြံ့ကြံ့ခံပြီး ဆက်လက်ရှင်သန်နေရပါတယ်။

အစားအစာအတွက်လည်း
လူသားတွေလို ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။
တစ်ခါတစ်လေ အပင်အချို့ဆို
ရေလုံလောက်စွာမရဘဲ
အာဟာရမပြည့်စုံတဲ့ အခြေအနေမှာတောင်
အဆင်ပြေသလို အသက်ရှင်နေရပါတယ်။

ငြင်းဆန်ပိုင်ခွင့်လည်း မရှိပါဘူး။

ငှက်တွေက လာနားပြီး
အပေါ်မှာ ချီးပါချလိုက်ရင်တောင် ပြန်ပြီး ခုခံ ပိုင်ခွင့်မရှိဘူး.
“ဒီနေရာ မကြိုက်ဘူး”
“ဒီရာသီဥတု မကြိုက်ဘူး”
“ဒီအစားအစာ မကြိုက်ဘူး”
“ဒီဘဝ မကြိုက်ဘူး”
ဆိုပြီး ပြောဆိုပိုင်ခွင့်မရှိဘူး။

လူသားလို
ရွေးချယ်ဖန်တီးခွင့်လည်း မရှိပါဘူး။

သဘာဝက ပေးထားတဲ့ ဘဝကို
တာဝန်တစ်ရပ်လို ခံယူပြီး
သက်တမ်းကုန်ဆုံးတဲ့အထိ
တိတ်တဆိတ် ရှင်သန်နေထိုင်သွားရတယ်။

သူ ဝမ်းနည်းနေလား?
နေမကောင်းဖြစ်နေလား?
အဆင်ပြေရဲ့လား?
လို့မေးမြန်းဂရုစိုက်ပေးမယ့်သူလည်း မရှိပါဘူး။

ကောင်းတဲ့နေ့ဖြစ်စေ
မကောင်းတဲ့နေ့ဖြစ်စေ
နေ့တိုင်းကို ကျော်ဖြတ်ပြီး
ဆက်လက်ရှင်သန်နေရတာပါပဲ။

အချင်းချင်းကြားမှာလည်း
မနာလိုစိတ် မရှိဘူး
မုန်းတီးစိတ် မရှိဘူး
လောဘစိတ် မရှိဘူး။

သဘာဝက ဖန်တီးပေးထားတဲ့
နေရာကျဉ်းလေးတစ်ခုထဲမှာပဲ
အဆုံးထိ ရှင်သန်ပြသသွားပါတယ်။

တစ်ခါတစ်လေ စဉ်းစားကြည့်ဖူးလား?

ဒီလောက် ရွေးချယ်ပိုင်ခွင့် မရှိတဲ့
သစ်ပင်တောင်
အဆုံးထိ ကြိုးစားရှင်သန်နေရင်—

ရွေးချယ်ပိုင်ခွင့်ရှိ၊
ကြိုးစားပိုင်ခွင့်ရှိ၊
ဖန်တီးပိုင်ခွင့်ရှိတဲ့
ငါတို့ လူသားတွေက
ဘာလို့ ဘဝကို
အဆုံးထိ ရဲရဲကြီး
မရှင်သန်ရဲရတာလဲ?

အခက်အခဲဆိုတာ
လူတိုင်းကိုယ်စီမှာရှိကြပါတယ်။
လူသားမက
တိရစ္ဆာန်၊ အပင်လောကအပါအဝင်
အားလုံးမှာ ပြဿနာကိုယ်စီရှိကြပါတယ်။

ဒါကြောင့်—
သစ်ပင်ကို နမူနာယူပြီး
ဘဝကို ရဲရဲကြီး
ရှင်သန်လိုက်စမ်းပါ။

Tree

The life of a tree has no right to choose, unlike human life.
It is born and grows in one place, with no freedom to move—unless humans decide to relocate it. Otherwise, it lives in the same place until the day it dies.

It endures summer, rainy season, and winter, surviving every harsh change of nature.
It cannot open an umbrella under the scorching sun,
wear a raincoat in storms,
or put on thick clothes when winter is bitterly cold.

It simply stays in one place and endures.

A tree has no choice over its food either.
Sometimes, it survives with little water and limited nutrients.
It cannot complain. It cannot refuse.

Birds may perch on it and leave droppings,
yet it cannot say,
“I don’t like this place.”
“I don’t like this weather.”
“I don’t like this life.”

It lives the life nature has given it—
like a responsibility—until the very end.

No one asks if it is sad,
if it is sick,
or if it is okay.

Whether the day is good or bad,
it survives—every single day.

Trees hold no jealousy, no hatred, no greed.
In the small space nature assigned to them,
they live fully until the end.

Have you ever thought about this?

If even a tree—with no right to choose—
struggles to live until the end,
then why do we humans,
who have the right to choose, try, and create,
hesitate to live our lives bravely?

Everyone has difficulties.
Not only humans—animals and plants do too.

So take the tree as your example.
Live bravely.
Live fully—no matter what.





— Dear, Life

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 00:00 - 00:00
อังคาร 00:00 - 00:00
พุธ 00:00 - 00:00
พฤหัสบดี 00:00 - 00:00
ศุกร์ 00:00 - 00:00
เสาร์ 00:00 - 00:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dear.Lifeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์