Books Not Boobs Sharing about books

တကယ်လို့ချစ်မေတ္တာသာ ကုသိုလ်ဖြစ်ခဲ့ရင်မင်းလည်း တစ်ဝက် ဆိုင်ပါတယ်- နေညိုအောင်🎬 Eternal Sunshine of The Spotless Mind (200...
06/09/2026

တကယ်လို့
ချစ်မေတ္တာသာ ကုသိုလ်ဖြစ်ခဲ့ရင်
မင်းလည်း တစ်ဝက် ဆိုင်ပါတယ်

- နေညိုအောင်

🎬 Eternal Sunshine of The Spotless Mind (2004)

01/09/2026

- ကဏ္ဍကတောဝါ
- မောင်မိုးမြင့်
- ရွတ်ဖတ်သူ HN

ဂျင်းဘောင်းဘီအနားစဟာ တစ်ခါစိုပြီးရင်တော်ရုံနဲ့ မခြောက်သလိုနှလုံးသားဟာ တစ်ခါလွမ်းဆွတ်မိရင်တော်ရုံနဲ့ မပျောက်တော့ဘူးလားဂျင...
30/08/2026

ဂျင်းဘောင်းဘီအနားစဟာ တစ်ခါစိုပြီးရင်
တော်ရုံနဲ့ မခြောက်သလို

နှလုံးသားဟာ တစ်ခါလွမ်းဆွတ်မိရင်
တော်ရုံနဲ့ မပျောက်တော့ဘူးလား

ဂျင်းဘောင်းဘီအနားစတွေဟာ
ဒီရာသီမှာ စိုဖို့ လွယ်နေပါတယ်

ဂျင်းဘောင်းဘီအနားစတွေ ရေမစိုခင်
မင်းဆီကို ရောက်ရှိချင်ပါတယ်။

- ပိုင်

🎬 In The Mood For Love (2001)

စေတနာပါသော ပန်းများ ပွင့်ရင် လှပါတယ်။ပန်းများ လှလှ ပွင့်ပါစေ။- အောင်ချိမ့်
22/08/2026

စေတနာပါသော ပန်းများ ပွင့်ရင် လှပါတယ်။
ပန်းများ လှလှ ပွင့်ပါစေ။

- အောင်ချိမ့်

19/08/2026

- ဇင်မောင်ကျော်ကိုကိုသန့်
- ဏေသစ်
- ရွတ်ဖတ်သူ HN

ကံကောင်းထောက်မခဲ့ရင်ဘဝကိုနှင်းတွေနဲ့ ပြန်စချင်တယ် ။- ဇာတိ (အန္တိမ)🎬 Norwegian Wood (2010)
16/08/2026

ကံကောင်းထောက်မခဲ့ရင်
ဘဝကို
နှင်းတွေနဲ့ ပြန်စချင်တယ် ။

- ဇာတိ (အန္တိမ)

🎬 Norwegian Wood (2010)

12/08/2026

- မှန်ဘီရိုထဲက ချစ်သောမကြည်ပြာ
- ဇော်ဇော်အောင်
- ရွတ်ဖတ်သူ HN

- အချစ်ရယ်၊ ဝိုင်တစ်ခွက်ရယ်၊ ငယ်ဘဝရယ် -၉၀ ပြည့်နှစ်ကာလမျိုးဆက်တွေ ဖြစ်တဲ့ ကျနော်တို့ဟာ မြန်မာနိုင်ငံဂီတရဲ့ ပင်မရေစီးကြော...
09/08/2026

- အချစ်ရယ်၊ ဝိုင်တစ်ခွက်ရယ်၊ ငယ်ဘဝရယ် -

၉၀ ပြည့်နှစ်ကာလမျိုးဆက်တွေ ဖြစ်တဲ့ ကျနော်တို့ဟာ မြန်မာနိုင်ငံဂီတရဲ့ ပင်မရေစီးကြောင်း အပြောင်းအလဲကြီးထဲမှာ လူလားမြောက်ခဲ့ရသူတွေပါပဲ။ Saban က ရိုက်တဲ့ အမေရိကန် ပါဝါရိန်းဂျားရုပ်ရှင်တွေနဲ့ Speed Metal ဆိုသဟာ ကြီးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ ကြရတာလည်း ကျနော်တို့ပဲ။ ကတ်ကိုဘိန်းကို မသိပေမယ့် The Ants , ဒိုးလုံးနဲ့ Alternaive တွေကို နားထောင်ဖြစ်ခဲ့။ ကိုယ်ပိုင်သံစဉ် Rock သီချင်းစစ်စစ်ရယ်လို့ မာရဇ္ဇ သီချင်းတွေကလွဲရင် ရှာလို့မလွယ်တဲ့ အချိန် ၊ ၁၉၉၇ ပတ်ချာလည်မှာ ကျနော်က ၆ နှစ်သား အရွယ်…။

အိမ်ကို မကြာခဏလောက်ပဲ ပြန်လာလေ့ရှိတဲ့ အစ်ကိုဖြစ်သူရဲ့ Rock သံစဉ်သီချင်းတွေက နားထဲမှာ ပြည့်လျှံသွားတဲ့အထိ စီးဆင်းနေတာ အခုချိန်ထိပဲ။ သီချင်းတွေနဲ့ အမှတ်တရတွေက ကျနော့်အတွက်တော့ မမီလိုက်တဲ့ ခေတ်ကြီးကို ခြေဖျားထောက်ပြီး နမ်းနေရသလိုပဲ။ အဲဒီလို အချိန်ကြီးထဲကနေ ဒီနေ့ဒီအချိန်ထိ စွဲလမ်းနှစ်သက်နေရတဲ့ သီချင်းခွေတွေအကြောင်း ခင်ဗျားတို့ကို ပြန်ပြောပြနေရတာကလည်း ကောင်းမွန်တဲ့ အမှတ်တရတွေကို အတူတူဖန်တီးနေကြတယ်လို့ ကျနော့်ဖာသာ ခံယူထားတဲ့အတွက် အခုလည်း BnB ကနေ ဘုဘုတို့ကို ကျနော် ကြိုက်ခဲ့တဲ့၊ ကြိုက်နေဆဲ ဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းခွေ တခွေအကြောင်း ပေါက်ပေါက်ဖောက်မလို့ပါပဲ။


တချို့ Rock ကို တကယ်ရူးသွပ်တဲ့ သူတွေနားထောင်ဖူးမှာပါ။ အယ်နောင်း ဆိုတဲ့ နာမည်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့တဲ့ ပုံဖော်ပေးနေဆဲဖြစ်တဲ့ "အနောက်တောင်မုတ်သုံ" ဆိုတဲ့ သူရဲ့ ပထမဆုံး တကိုယ်တော် ခွေကို‌ပေါ့။ ပြီးခဲ့တဲ့ လပိုင်းကပဲ ခွေကာဗာဒီဇိုင်းရေးဆွဲပေးတဲ့ မျိုးဆွေသန်း (ဆရာကျောင်း) က ကာဗာပုံရဲ့ အမှတ်တရတွေကို သူ့အကောင့်ကနေပြီး ပြန်ရေးတင်ထားတာတွေ့မိတော့ ဒီဟာကို ရေးမိ/ရေးဖြစ် ဖို့ တွန်းအားတခု ရသွားတယ် ထင်ပါရဲ့။

ဒီခွေထဲမှာ စုစုပေါင်း သီချင်း ၁၂ ပုဒ်ပါတယ်။ ရေးတဲ့သူကတော့ သုံးယောက်တည်း။ မောင်မောင်ဇော်လတ်ရယ် အယ်ဖြူရယ် အယ်နောင်းရယ် ဆိုတော့ စာသားပိုင်းဆိုင်ရာမှာ ကျနော်တို့ ကြွေခဲ့ ၊ ကြောက်ခဲ့ ၊ ဦးညွှတ်ရတဲ့ ဘဲတွေပဲလေ။ မကြိုက်ချင်စရာ ဘယ်မှာရှာတွေ့ပါ့မလဲ ( အနည်းဆုံးတော့ ကျနော်တ‌ယောက်တည်းအတွက်ပေါ့)။ ဒီခွေကို ပိုပြီးကြွေရတာက အကုန်လုံး ကိုယ်ပိုင်သံစဉ်တွေ၊ တချို့ သီချင်းတွေမှာ Nirvana ရဲ့ လွှမ်းမိုးမှုတွေရှိနေပေမယ့် အဲဒါကလည်း ကျနော်တို့အနေနဲ့ ဘာအရေးစိုက်စရာလိုလို့လဲ ဆိုတဲ့ မေးခွန်းကို ဖြေစရာတောင် မလိုဘူး။ ဒီခွေကို ပြန်နားထောင်မိတိုင်း ကျနော်တယောက်တည်း ပြန်မေးမိနေတဲ့ မေးခွန်းတခုရှိတယ်။ IC တီးပေးထားတာ လည်းဖြစ် ကိုယ်ပိုင်သံစဉ် အစစ်တွေလည်း ဖြစ်တာတောင်မှ ငါတို့ဟာ မြန်မာမှုပြုထားတဲ့ သီချင်းတွေအများကြီး ဘာလို့နားထောင်ခဲ့ရတာလဲ၊ နားထောင်နေဆဲလဲ ဆိုတဲ့ မေးခွန်းပဲ။

ဒီအနောက်တောင်မုတ်သုံထဲမှာပါတဲ့ သီချင်းမြင်းရိုင်း ၊ ကမ္ဘာမြေရဲ့နောက်ဆုံးနေ့ လို သီချင်းတွေကပဲ ကျနော့်ကို Metal သီချင်းတွေကိုစွဲလမ်းစေဖို့ မျိုးစေ့ချပေးခဲ့တာဖြစ်သလို အိပ်ဆေး ဆိုတဲ့ သီချင်းကြောင့်ပဲ ကျနော်ဟာ အရွယ်ရောက်လာတဲ့ အချိန်မှာ Nirvana ကို တကူးတကရှာပြီး နားထောင်ခဲ့လာတာလို့ ကျနော် ယုံကြည်နေတယ်။ ယုံကြည်မှုတွေက တခါတလေမှာ မှားယွင်းစွာပုံဖော်မိတတ်ပေမယ့်လို့ ဒီသီချင်းတွေနဲ့ ပတ်သက်ရင်တော့ ကျနော့် အတွက် မှားမနေဘူး။

၉/၁၀ တန်း ဖွန်ကြောင်တတ်တဲ့အရွယ် ၊ တက္ကသိုလ်ကျောင်းသားဘဝ နယ်မှာ မိန်းကလေးအဆောင်တွေဘေးမှာ သွားပြီး ဂစ်တာတီးကြ ဆိုကြရင်လည်း ဒီခွေထဲက မင်းမရှိရင်မဖြစ်လို့ ဆိုတဲ့ သီချင်းကြီးကို ဂစ်တာသမားကို ဇွတ်လေ့ကျင့်ခိုင်း တီးခိုင်းခဲ့ရတာလည်း အမှတ်တရပါ။ အချစ်နဲ့ဝိုင်သီချင်းကိုတော့ နောက်ပိုင်းမှာ ဖြိုးကြီး ပြန်ဆိုထားပေမယ့် ကျနော့်တယောက်တည်း အမြင်နဲ့တော့ တော်တော့်ကို စုတ်ပြတ်နေတာပဲလို့ ထင်တယ်။

ကျနော် ပေါက်ပေါက်ဖောက်တာလည်း များသွားပြီဗျာ။ ဒီခွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့မှာ အမှတ်တရတွေရှိရင်လည်း ကျနော်တို့ကို ပြန်လည် မျှဝေသွားပါဦး။

- HN

မင်းဆီငါ ဝေးပါတယ် လာနေဆဲပဲမို့ မင်းဆီငါလို့ သုံးပါတယ်။- မောနွေ -🎬 La La Land
09/08/2026

မင်းဆီငါ ဝေးပါတယ်
လာနေဆဲပဲမို့ မင်းဆီငါလို့ သုံးပါတယ်။

- မောနွေ -

🎬 La La Land

06/08/2026

- ဝေး
- the cat
- ရွတ်ဆိုသူ HN

ที่อยู่

Mae Hia
Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Books Not Boobsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์