Perfect Travel

Perfect  Travel Travel and International Visa Services , Air Tickets ,Hotel Booking Services ✈️🛂🏨

ထိုင်းမှာ စက်တင်ဘာ ၁၅ ကစမယ့် ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်များ- Perfect Travel 🛂ထိုင်းအစိုးရကသတိပေးထားတဲ့ ဗီဇာကင်းလွတ်ခ...
08/09/2026

ထိုင်းမှာ စက်တင်ဘာ ၁၅ ကစမယ့် ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်များ

- Perfect Travel

🛂ထိုင်းအစိုးရကသတိပေးထားတဲ့ ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းတွေကို စက်တင်ဘာ ၁၅ ရက်ကစပြီး ကျင့်သုံးတော့မှာပါ။

✨ ပြင်ဆင်ထားတဲ့ ဗီဇာကင်းလွတ်ခွင့်အရ လေကြောင်းလိုင်းနဲ့ လာရောက်သူတွေကို ပုံမှန်ဗီဇာကင်းလွတ်ခွင့် ရက် ၆၀ ကနေ ရက် ၃၀ ကို လျှော့ချထားပါတယ်။

✨ဆေးရှဲလ်နဲ့ မောရီးရှင်းနိုင်ငံတွေက ဝင်ရောက်သူတွေကိုတော့ ၁၅ ရက်ထက် မပိုတဲ့ ဗီဇာကင်းလွတ်ခွင့်ဘဲ ရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။

✨ကုန်းလမ်းနယ်စပ်တွေက တစ်ဆင့် ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်သူတွေကိုတော့ လက်ရှိသတ်မှတ်ထားတဲ့အတိုင်း တစ်နှစ်အတွင်း နှစ်ကြိမ်အထိသာ ဝင်ရောက်ခွင့်ပြုမှာပါ။

✨လေကြောင်းလိုင်းနဲ့ လာရောက်သူတွေကတော့ တစ်နှစ်အတွင်း နှစ်ကြိမ်အထက် ဝင်ရောက်နိုင်တယ်လို့ဖော်ပြထားပါတယ်။

✨ ထိုင်းမှာ ရက်ရှည်နေထိုင်ဖို့ လိုအပ်သူတွေကတော့ Tourist ဗီဇာ၊ DTV ဗီဇာ ၊ အငြိမ်းစားဗီဇာနဲ့ Non-Immigrant B ဗီဇာတွေအပါအဝင် သင့်လျော်တဲ့ ဗီဇာတစ်မျိုးမျိုး လျှောက်ထားဖို့ အကြံပြုထားပါတယ်။

✨ မြန်မာနိုင်ငံသားတွေကတော့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် ဆက်လက်ရရှိမှာ ဖြစ်ပါတယ်။

✨ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံသားတွေကတော့ ဒီကန့်သတ်ချက်တွေနဲ့မသက်ဆိုင်ဘူးလို့ အသိပေးထားပါတယ်။

✨ ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်အရ အောက်ပါနိုင်ငံသားတွေဟာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံကို ဝင်ရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ဩစတြေးလျ
ဩစတြီးယား
ဘာရန်း
ဘယ်လ်ဂျီယံ
ဘူလ်ဂေးရီးယား
ဘူတန်
ဘရူနိုင်း ဒါရုစလမ်
ကနေဒါ
ခရိုအေးရှား
ဆိုက်ပရပ်စ်
ချက်သမ္မတနိုင်ငံ
ဒိန်းမတ်
အက်စတိုးနီးယား
ဖီဂျီ
ဖင်လန်
ပြင်သစ်
ဂျော်ဂျီယာ
ဂျာမနီ
ဂရိ
ဟန်ဂေရီ
အိုက်စလန်
အင်ဒိုနီးရှား
အိန္ဒိယ
အိုင်ယာလန်
အစ္စရေး
အီတလီ
ဂျပန်
ဂျော်ဒန်
ကူဝိတ်
ကာဂျီစတန်
လတ်ဗီးယား
လစ်ချ်တင်စတိန်း
လစ်သူယေးနီးယား
လူဇင်ဘတ်
မော်လ်တာ
မလေးရှား
မော်လဒိုက်
နယ်သာလန်
နယူးဇီလန်
နော်ဝေ
အိုမန်
ဖိလစ်ပိုင်
ပိုလန်
ပေါ်တူဂီ
ကာတာ
ရိုမေးနီးယား
ဆော်ဒီအာရေဗျ
စင်ကာပူ
ဆလိုဗက်ကီးယား
ဆလိုဗေးနီးယား
တောင်အာဖရိက
စပိန်
ဆွီဒင်
ဆွစ်ဇာလန်
ထိုင်ဝမ်
တူရကီ
ယူကရိန်း
ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု)
ယူကေ (ဗြိတိန်)
ယူအက်စ်အေ (အမေရိကန်ပြည်ထောင်စု)

🌈 ခရီးသွားမယ်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

💡ဗီဇာကင်းလွတ်ခွင့် စည်းမျဉ်းသစ်နဲ့ပတ်သက်ပြီး သိသင့်တာလေးတွေ ၊ အတွေ့အကြုံလေးတွေရှိရင်လည်း ကော့မန့်မှာမျှဝေခဲ့ပါဦး ။

#ခရီးသွား #ထိုင်း #ချင်းမိုင် #ဘန်ကောက် #ဗီဇာကင်းလွတ်ခွင့်

✨တစ်ယောက်တည်း ခရီးထွက်တော့မလား… ဒါတွေ မဖြစ်မနေ သိထားပါ - Perfect Travel 🚶‍♂️🚶‍♀️အဖော်မပါဘဲ တစ်ယောက်တည်း ခရီးထွက်တာ (Solo...
06/09/2026

✨တစ်ယောက်တည်း ခရီးထွက်တော့မလား… ဒါတွေ မဖြစ်မနေ သိထားပါ

- Perfect Travel

🚶‍♂️🚶‍♀️အဖော်မပါဘဲ တစ်ယောက်တည်း ခရီးထွက်တာ (Solo Travel) ဟာ ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်မှုရှိလာစေပြီး လွတ်လပ်မှုကို အပြည့်အဝ ခံစားရစေတဲ့ အတွေ့အကြုံကောင်းတစ်ခုပါ။

✨ ဒါပေမဲ့ အဆင်ပြေပြေနဲ့ လုံခြုံစိတ်ချရဖို့အတွက်တော့ ပုံမှန်ခရီးထွက်တာထက် ပိုပြီး သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်။ 🧭

Solo Traveler 🧳 တစ်ယောက်အတွက် မဖြစ်မနေ သတိထားရမယ့် လမ်းညွှန်ချက်နဲ့ လုံခြုံရေး အကြံပြုချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 👇

✨မျှော်လင့်မထားတာတွေ မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ပါ 📝

🗺️ ခရီးစဉ် အကြမ်းဖျင်း ဆွဲထားပါ

ရောက်မယ့်နေရာ၊ တည်းမယ့်ဟိုတယ်၊ သွားလာမယ့် လမ်းကြောင်းတွေကို ကြိုတင်လေ့လာထားပါ။ ဘူတာ/ကားဂိတ် ရောက်ချိန်က ညသန်းခေါင်ကြီး ဖြစ်မနေအောင် စီစဉ်ပါ။ ⏰

📄အရေးကြီး စာရွက်စာတမ်းများ Copy ယူထားပါ

မှတ်ပုံတင်၊ ပတ်စပို့၊ ဗီဇာ၊ ဟိုတယ်ဘိုကင် စတဲ့ အထောက်အထားများကို ဖုန်းထဲတွင် Photo/PDF သိမ်းထားသည့်အပြင် Print ထုတ်ထားသည့် အပိုမိတ္တူပါ ယူဆောင်ပါ။

💳 ငွေကြေး ခွဲထားပါ

Hotels နဲ့ သွားလာစရိတ်အတွက် ငွေကြေးကို နေရာတစ်နေရာတည်းမှာ စုမထားဘဲ အိတ်အကန့်အသီးသီးနဲ့ ကတ်/M-Banking တွေမှာ ခွဲခြမ်းသိမ်းဆည်းပါ။

⚠️ လုံခြုံရေးဆိုင်ရာ အဓိက သတိပြုရန်များ

📞 ယုံကြည်ရတဲ့သူကို သတင်းပို့ပါ

မိသားစု သို့မဟုတ် ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ကိုယ်ရောက်နေတဲ့နေရာ (Live Location 📍) နဲ့ ခရီးစဉ်အသေးစိတ်ကို အမြဲ အသိပေးထားပါ။

ဒေသခံလို ပြုမူနေထိုင်ပါ 🏙️

🔍 လမ်းပျောက်နေရင်တောင် ဖုန်းကိုကြည့်ပြီး ယောက်ယက်ခတ်မနေပါနဲ့။ ဘေးပတ်ဝန်းကျင်ကို သတိထားပါ၊ လမ်းဆုံ/စတိုးဆိုင်ထဲ ဝင်ပြီးမှ လမ်းကြောင်းသေချာ ပြန်စစ်ပါ။

တည်းခိုခန်း ရွေးချယ်မှု သတိထားပါ 🏨

Review ကောင်းပြီး လုံခြုံရေးကောင်းမွန်တဲ့ ဟိုတယ်/Hostel တွေကို ရွေးပါ။ Hostel မှာ တည်းရင် သော့ခတ်လို့ရတဲ့ Locker ပါမပါ သေချာစစ်ပါ။ 🔒

အဖိုးတန်ပစ္စည်းများ ကြွားဝါခြင်းမှ ရှောင်ကြဉ်ပါ 💎

လက်ဝတ်ရတနာ အဆင်တန်ဆာများ အလွန်အကျွံ ဝတ်ဆင်ခြင်း သို့မဟုတ် ပိုက်ဆံအိတ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ကိုင်ခြင်းများ မလုပ်ပါနဲ့။ 👛

🌐 Social Media သုံးစွဲရာတွင် သတိထားရန်

📸 Real-time Post မတင်ပါနဲ့

ကိုယ်လက်ရှိ ရောက်နေတဲ့ နေရာအတိအကျ (Check-in) တွေကို အချိန်နဲ့တစ်ပြေးညီ မတင်ပါနဲ့။ အဆိုပါနေရာမှ ထွက်ခွာပြီးမှ သို့မဟုတ် နောက်တစ်ရက်မှ Post တင်တာ ပိုမိုလုံခြုံပါတယ်။

🤝Stranger Safety (မသိသူများနှင့် ဆက်ဆံရေး)

ခရီးစဉ်အတွင်း ခင်မင်သူအသစ်များ ရနိုင်သော်လည်း ကိုယ်တည်းခိုသည့် ဟိုတယ်အတိအကျ သို့မဟုတ် တစ်ယောက်တည်း ခရီးသွားနေသည့် အချက်ကို လိုသည်ထက် ပိုမိုမပြောပြပါနဲ့။ 🙅‍♂️

တစ်ယောက်တည်း ထွက်ခွာမည့် ခရီးသည်အတွက် Quick Checklist 📋

* အရေးပေါ် ဖုန်းနံပါတ်များ စုစည်းထားခြင်း (ရဲ၊ ဆေးရုံ၊ ဟိုတယ်) 🚨
* Power Bank နှင့် အပို အားသွင်းကြိုးများ 🔋
* ကိုယ်ပိုင် အရေးပေါ် ဆေးဝါးများ 💊
* တံခါးဂျက် / အိတ်သော့များ (Door Stop Alarm) 🔐
* Offline Map (Google Maps offline ဒေါင်းလုဒ်ဆွဲထားခြင်း) 🗺️

✈️🌈 ခရီးသွားမယ်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။

💡Solo Travel သမားဆိုရင် သိသင်တာလေးတွေ အတွေ့အကြုံလေးတွေကို ကော့မန့်မှာမျှဝေခဲ့ပါဦး ။

#ခရီးသွား #ထိုင်း
#ချင်းမိုင် #ဘန်ကောက်

Address

Shwegu
50100

Telephone

+959952948619

Website

Alerts

Be the first to know and let us send you an email when Perfect Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share