T&T-JewelrySilver925

T&T-JewelrySilver925 Culture is the systems of knowledge shared by a relatively large group of people.

09/02/2021

“ဆန္ဒပြသူများ အန္တရာယ်နှင့်ရင်ဆိုင်ရလျှင် ဆောင်ရန်ရှောင်ရန်များ”

၁။ တစုံတခုကြောင့် လူအုပ်လန့်ရင် (လုံးဝ)လက်ချင်းချိတ်မပြေးပါနဲ့၊ တဖက်လူကို ဆောင့်ဆွဲသလိုဖြစ်ပြီးလဲကျလို့ လူအုပ်ကတက်နင်းမိပြီး အသက်ဆုံးရှုံးရသူ ကမ္ဘာမှာများစွာရှိခဲ့ဖူးပါတယ်။ တခုခုဆိုဘယ်နေရာမှာ ပြန်ဆုံမယ်သာ ပြောပြီး အဲ့ဒီနေရာကိုချီတက်ပါ။

၂။ mask အပြင် ရေစွတ်လို့ရတဲ့လက်ကိုင်ပဝါဆောင်ပါ။ တခါတည်းရေစွတ်ပြီးပလပ်စတစ်အိပ်ထဲထည့်ထားပါ။ ငါးယောက်ထင်မပိုရအမိန့်ထုတ်ပြီးရင် လုံထိမ်းတွေဟာ ဆန္ဒပြတာကို ဖြိုခွင်းပါတော့မယ်။ မျက်ရည်ယိုဗုံးသုံးပါမယ်၊ ရေပိုက်သုံးပါလိမ့်မယ်။ အင်္ကျီလက်ရှည်ဝတ်ပါ။ ဘောင်းဘီရှည်ဝတ်ပါ၊ ရေဗူး ပါပါစေ။

၃။ ဆန္ဒပြသူများကို အကြမ်းဖက်လာနိုင်ကြောင်း အရိပ်အယောင် တွေ့သည်နှင့် နုနယ်သော ကလေး၊ မိန်းမများ အသက်ကြီးရင့်သူများ ဆန္ဒပြပွဲတွေမှ ရှောင်ပါ တတ်နိုင်ရင် မပါသင့်ပါ၊ အလွန်အနှောက်အရှက် ဖြစ်စေပါတယ်။

၄။ အလွန်ညီညာစွာ သံပြိုင်သီဆိုပါ၊ တယောက်တပေါက်မဆိုရ၊ စိတ်ဓါတ်တက်ကြွဖွယ် တော်လှန်ရေးသီချင်းများသာရွေးဆိုပါ။ တော်လှန်ရေး မှာ တဖက်လူ သိမ်ငယ်အောင်ပြုမူရခြင်း ၊ ခြောက်လှန့်ရခြင်း တဖက်လူရဲ့စိတ်ကူးကို ဖျက်စီးနိုင်ခြင်း ဟာ အဓိကအကျဆုံး အချက် ဖြစ်ပါတယ်။

ဆန္ဒပြသူများကို အကြမ်းဖက်လာပါက အိမ်များပေါ်က သံပုံး ခေါက်ပေးပြီး ခြောက်လှန့်ပေးပါ။ အသံဟာ ကြောက်စရာအကောင်းဆုံး အားပါ။

၄။ အချင်းချင်းစိတ်ခွန်အားပေးပါ၊ မိမိကိုယ်ကိုကာကွယ်နိုင်သော ပစ္စည်းများ ပါရှိရပါမည်။

၅။ မနက်ဖြန်မှစ၍ ဖြစ်နိုင်လျှင် လုံးဝ ခြေညှပ်ဘိနပ်မစီးပါနှင့်တော့၊ သပိတ်အဆက်ဆက်မှာ ဘိနပ်တွေထောင်ပုံရာပုံကျန်ခဲ့သည်ကို တွေ့ဖူးမှာပါ၊ ခြေကိုလုံခြုံစွာထားပါ၊ ပြေးလို့ကောင်းတဲ့ ဖိနပ်များသာဝတ်ဆင်ကြပါ။

၆။ လွတ်မြောက်ရာလမ်းကို ကြိုတင် ရှာထားကြပါ၊ သပိတ်ဖြိုခွင်းရေးအဖွဲ့တွေဟာ တံတားပေါ်မှာနေရာယူတတ်ပါတယ်၊ တံတား အောက်ကို ဖြတ်တဲ့အခါ ရုပ်တရက် ဖြတ်ပိတ်တတ်ပါတယ်။ ဟိုဘက် ဒီဘက် အုတ်တံတိုင်း ရှိတဲ့ လမ်းပေါ် ဘယ်တော့မှ သပိတ်တပ်ကို ခေါ်မသွားရပါဘူး။ (ဥပမာ ရွှေဝါရောင်တုန်းက တာမွေ လိုနေရာ၊ မင်္ဂလာစျေး ပုဇွန်တောင် သာကေတ တံတားအောက်နေရာမျိုးဟာ သတ်ကွင်းဖြစ်ပါတယ်။

၇။ ကိုယ်လုံးဝမကျွမ်းကျင်တဲ့နေရာမှာ ဆန္ဒသွားမပြပါနဲ့၊ ပြေးပေါက်မှားတတ်ပါတယ်။ ရပ်ကွက်ထဲ လှည့်ပြတာလည်း ဆန္ဒပြတာပါပဲ။ အရေးကြီးတာ ပြနေသူတွေဟာ အားရှိကြောင် စဉ်ဆက်မပြတ် တော်လှန်နေကြောင်းသာ ပြသဖို့လိုတာပါ။

၈။ အိပ်ထောင်ထဲ ငွေစအနည်းငယ်မပါပဲ ဆန္ဒပြပွဲမသွားပါနဲ့၊ လိုအပ်ရင် ဘပ်စကား တက္ကစီငှါးပြေးနိုင်ဖို့ ငွေလိုပါတယ်။

၉။ မိမိ စိတ်ကိုတည်ငြိမ်စွာထားပါ၊ အချိန်တိုင်းပြေးလွှားမနေပါနဲ့၊ လှုပ်ရှားမှု မြန်တဲ့လူကို ဖြိုခွဲရေးအဖွဲ့တွေက သတိပြုမိတတ်ပါတယ်။ ဟန်ဆောင်ရတဲ့အချိန်မှာ သပိတ်ဖြိုခွင်းတဲ့သူနဲ့ မျက်နှာချင်းမျက်လုံးမဆုံမိပါစေနဲ့။ ရှောင်ပါ။ တဖက်က ရဲ သို့မဟုတ် စစ်သားကို ယဉ်ကျေးစွာဆက်ဆံပါ။ ဟန်ဆောင်ပါ။

၁၀။ဟန်ဆောင်စရာပစ္စည်းတခု နှစ်ခုပါပါစေ၊ ဥပမာ ဆရာဝန်ဆို နားကြပ်၊ လက်ဘက်ရည်ဆိုင်ကပြန်လာတာ၊ ဒီမှာပါဆယ်ဆွဲဝယ်လာတာ အမေ့ဖို့ဆေးဝယ်သွားတာ ဖိုင်တွဲတခု ထုတ်ကိုင်ပြီး သား ရုံးကပြန်လာတာ သမီးရုံးက ပြန်လာတာ စသည်ဖြင့်ပေါ့။ အကြံထုတ်ပြီး တခုခု သယ်သွားပါ။

၁၁။ ထူးခြား အင်္ကျီ မဝတ်လေနှင့်၊ NLD ဘာညာ... ခေါင်းစည်းဘာညာ ကွိတတ်ပါတယ်။ ခေါင်းစည်း ဆိုတာ အန္တရာယ်ကြုံရင် ချွတ်ပစ်ထားလို့ရအောင် ရဲဘော်ကြီးတွေ တည်ထွင်ခဲ့ကြတာ။ သိပ်ဝတ်ချင်ရင်ခေါင်းစည်းသာဝတ်ပါ။

၁၂။ ဖြိုခွင်းပြီဆိုလျင် လမ်းပေါ်လျောက်ပြေးလို့မျက်ခြေမဖြတ်နိုင်လျှင် တိုက်ခန်းပေါ်တက်ပါ။ တက်ဖမ်းခဲပါတယ်။ ပြည်သူတွေက အိမ်တွင်းမှ သံပုံးနာနာတီးပေးပါ။

၁၃။ တခုခုကြောင့်သတင်းအမှန်သိချင်ရင် ဆိုရှယ်မီဒီယာကို သိပ်အားမကိုးပါနဲ့။ ဆိုရှယ်မီဒီယာသတင်းတွေဟာ တကယ့်အခြေအနေမှန်ကို မသိသူတွေ ထူးပြီးရော ကောလဟာလ ဖြန့် တာ မို့ ၅၀% မှားတတ်ပါတယ်။ မိမိစိတ်ချရတဲ့မိတ်ဆွေရဲ့သတင်း နဲ့ သတင်းအေဂျင်စီတွေရဲ့သတင်းတွေကိုသာ နားထောင်ပါ။

၁၄။ မျက်ရည်ယိုဗုံးကိုရှောင်ပါ၊ မျက်ရည်ယိုဗုံးရဲ့အန္တရာယ်ဟာ မျက်စိပါ။ ပထမဆုံးမျက်ရည်ယိုဗုံးသုံးပါလိမ့်မယ်၊ မျက်စိကို ဘယ်လိုကာကွယ်မလဲဆိုတာ အစွမ်းကုန်စဉ်းစားပြီးမှ သပိတ်ကိုသွားပါ။
မိမိမှာ papper spray ရှိရင်လည်း ရန်သူ့လက်ထဲက ရုတ်တရက် လွတ်ထွက်အောင် အသုံးပြုနိုင်ပါတယ်။ လိုရှင်းတွေ sunscreen တွေလူးမသွားပါနဲ့၊ မျက်ရည်ယိုဗုံးက ဓါတုပစ္စည်းနဲ့ထိရင် အသားအရည်ထိခိုက်တတ်ပါတယ်။ မျက်ကပ်မှန်အစား မျက်မှန်သာတပ်သင့်ပါတယ်။

၁၅။ ကိုဗစ်ကိုလည်းရှောင်တဲ့အနေနဲ့ ရာဘာ လက်အိပ်စွပ် သွားပါ။ တဖက်က ငရုတ်ရည်နဲ့ပက်ရင် လက်အိပ်စွပ်ထားရင် ကာကွယ်ပြီးဖြစ်ပါ့မယ်။ လက်အိပ်မစွပ်ထားရင် ယောင်ပြီးလက် ဟာ မျက်စိပွတ်မိရင် စပ်ပါလိမ့်မယ်။

၁၆။ ဖုံးနှစ်လုံးရှိရင် တလုံးကိုဘောင်းဘီထဲ၊ တလုံးကိုအိပ်ထဲထည့်ထားပါ။ တခုဆုံးရှုံးရင် နောက်တခုအဆင်သင့်ရှိအောင်။

၁၇။ သကြားလုံး သို့မဟုတ် အချိုတခုခု ဆောင်သွားပါ။ အားအင်ကုန်ခမ်းတဲ့အခါ အချိုဓါတ်က ချက်ခြင်းအားပြန်ဖြည့်ပေးပါတယ်။ င်္အကျီဘောင်းဘီအပိုဆောင်သွားပါ။ ကိုယ်ရောင်ဖျောက်လို့ရသလို ရေစိုရင်လဲလို့ရပါတယ်။

၁၈။ ဆန္ဒပြပွဲအစု အစုတိုင်း စုပေါင်းခေါင်းဆောင်ရှိပါစေ။ ရန်သူထိုးဖေါက်ဝင်ရောက်တာသေချာကြည့်ပါ။ တောကြောင်ဝင်တတ်သည်၊ ရဲ သို့မဟုတ် စစ်တပ်ကိုစိမ်ခေါ်တတ်သည်၊ စစ်တပ်ဖက်ကိုအုပ်ခဲနှင့်ထု၍ အရှိန်မြင့်အောင်လုပ်တတ်သည်။ ဒလန် ဒရှို အလွန်သတိထားပါ၊ တတ်နိုင်သမျှ ငြိမ်းချမ်းစွာဆန္ဒပြပါ။ ထိပ်တိုက်ရင်ဆိုင်ဖို့ကြုံလာရင် ရှောင်ပါ။ တခြားနေရာမှာဆန္ဒပြောင်းပြပါ အဓိက က အာဏာရှင်ကို တမြို့လုံးဆန္ဒထုတ်ပြနေဖို့ ဖြစ်ပါတယ်။ ရဲနဲ့ စစ်တပ်နဲ့ သူ့ဘက် ကိုယ့်ဘက်ချနေဖို့မဟုတ်ပါ။

#ဆန္ဒပြပွဲဆိုတာပျော်ပွဲစားမဟုတ်ပါ။
#ငြိမ်းချမ်းသောဆန္ဒပြပွဲဆိုတာမရှိသလောက်ရှား
#မပြင်ဆင်ပဲတိုက်ပွဲမဝင်ပါနဲ့။
#မလုပ်ရဲတာဘာမှမရှိတဲ့အာဏာရှင်
#မျိုးဆက်အတွက်ရင်ဆိုင်နေတာ
#အစွမ်းကုန်ပြင်ဆင်ထားပါ

မရှယ်ပါနဲ့ coy paste ကူးတင်ပါ။

09/02/2021

ที่อยู่

Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ T&T-JewelrySilver925ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์