Jordan Christian Bookstore and Gift Shop

Jordan Christian Bookstore and Gift Shop Our vision is to spread the gospel through Books and support Jordan Home ministry with the profits of the Bookstore.

မခပဆ မှ ထုတ်​ဝေ​သော ၂၀၂၆ နှစ်သစ် ပြက္ခဒိန် တန်ဖိုး =  ပို့ခမပါ တစ်​စောင် ဘတ် ၆၀
13/12/2025

မခပဆ မှ ထုတ်​ဝေ​သော ၂၀၂၆ နှစ်သစ် ပြက္ခဒိန်
တန်ဖိုး = ပို့ခမပါ တစ်​စောင် ဘတ် ၆၀

မခပဆ = မြန်မာနိုင်ငံ ခရစ်​တော်သာသနာပြန့်ပွားမှု ပူး​ပေါင်း​ဆောင်ရွက်​ရေး အဖွဲချုပ် မှ ထုတ်​ဝေ​သည်။စာ​စောင် တန်ဖိုး = ပို...
13/12/2025

မခပဆ = မြန်မာနိုင်ငံ ခရစ်​တော်သာသနာပြန့်ပွားမှု ပူး​ပေါင်း​ဆောင်ရွက်​ရေး အဖွဲချုပ်
မှ ထုတ်​ဝေ​သည်။
စာ​စောင် တန်ဖိုး = ပို့ခမပါ ဘတ် ၆၀

စာ​ရေးသူ ရဲ့ ပွဲဦးထွက် ​ဆောင်းပါး ​လေး နဲ့ အဆုံးသတ်ထားတဲ့ "မင်္ဂလာရှိ​​သော လူငယ်များ" ကို ဝယ်ယူဖတ်ရှုလိုပါက page messen...
12/12/2025

စာ​ရေးသူ ရဲ့ ပွဲဦးထွက် ​ဆောင်းပါး ​လေး နဲ့ အဆုံးသတ်ထားတဲ့ "မင်္ဂလာရှိ​​သော လူငယ်များ" ကို ဝယ်ယူဖတ်ရှုလိုပါက page messenger ကတဆင့် ​မေးမြန်းနိုင်ပါပြီ။ စာအုပ်တန်ဖိုး ပို့ခမပါ ဘတ် ၁၀၀ ကျသင့်ပါတယ်။

သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။ရှင်ယ...
10/10/2025

သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ရှင်ယောဟန် 16:33

လောကကို အောင်ပြီ ဆိုတာ လောကမှာ အောင်မြင်တာ ကိုပြောတာမဟုတ်ပါ။
English version မှာဆိုရင် I have overcome the world လို့ရေးထားတာကိုသတိပြုစေလိုပါတယ်။
ယုံကြည်သူဘုရားသားသမီးမို့လို့ လောကရဲ့ဆင်းရဲဒုက္ခ လောကဓံတရားကနေ ကင်းလွတ်ခွင့်ရနေတာမဟုတ်ပါဘူး။ သို့သော်လည်း ရှင်ပေါလု နဲ့ သိလ ကဲ့သို့ ရိုက်နှက်ညှင်းပန်းခြင်းခံရပြီး ထောင်သွင်းအကျည်းချခံနေရချိန်မှာပင် ဘုရားကိုချီးမွမ်းနိုင်သော အသက်တာမျိုးကိုသာ လောကကိုအောင်မြင်သော အသက်တာ ဟုခေါ်နိုင်ပါသည်။ တနည်း ရောမသြဝါဒစာစောင် အခန်းကြီး ၈ အရ "ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ်သူကွာစေမည်နည်း။ မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။"
ရောမ 8:35, 37
အထူးသဖြင့်အောင်မြင်တယ်ဆိုတာ( more than conquerors ) ယခု ခေတ်စကား အရ "အောင်မြင်သူထက် အောင်မြင်သောသူပေါ့" ။
ဘာတွေအောင်မြင်တာလဲ?
ခရစ်ယာန်တွေ နယ်ပယ် ၇ ခု မှာ ထိပ်ဆုံးရောက်ရမယ်ဆိုတဲ့ Seven Mountains Mandates Doctrine သွန်သင်ချက် အရဆို လောကအရာတွေမှာအောင်မြင်မှ အောင်မြင်သောသူဖြစ်ရတော့မလိုဖြစ်နေပါပီ။ တကယ်က လောကဓံတရား ဆင်းရဲ/ချမ်းသာ ပျော်ရွှင်/စိတ်ညစ် ကျန်းမာ/ဖျားနာ အနိမ့်/အမြင်တွေကြားထဲမှာ ပင်လျှင် ကျောက်ပေါ်မှာဆောက်သောအိမ်ကဲ့သို့ မြဲမြံတည်တံ့ငြိမ်သက်နေတာမျိုးမှသာ အောင်မြင်သူထက်အောင်မြင်သော ခရစ်ယာန် အသက်တာဖြစ်ပါကြောင်း ခွန်အားပေးလိုက်ပါရစေ။
ကိုးကားချက်
ဆရာစောပက်ထရစ်၏ လောကဓံတရား ဒေသနာ
https://youtu.be/xN-4d5JzD6Q?si=LfWSiFa7K-fixod6

Grace Church Chiang Mai

ကိုးစားနားထောင်
09/09/2025

ကိုးစားနားထောင်

ဆရာဇော်သူလင်း ပရိတ်သတ်များအတွက် ဆရာ့လက်ရာ စာအုပ် ၂အုပ် ဖြစ်တဲ့ "သူတို့သမီးနှင့်စစ်သူရဲ" နဲ့  "စစ်၍မကုန်နိုင်သောကျေးဇူးတေ...
25/07/2025

ဆရာဇော်သူလင်း ပရိတ်သတ်များအတွက် ဆရာ့လက်ရာ စာအုပ် ၂အုပ် ဖြစ်တဲ့ "သူတို့သမီးနှင့်စစ်သူရဲ" နဲ့ "စစ်၍မကုန်နိုင်သောကျေးဇူးတော်" စာအုပ်များ Jordan စာအုပ်ဆိုင်တွင်ဝယ်ယူဖတ်ရှုနိုင်ပါပြီ။

စာအုပ်အသစ်များ ရောက်ရှိလာပါပြီ။ သိက္ခာတော်ရ ဆရာဦးမောင်မောင်ဒင် ရေးသားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။ Bible study လုပ်ဖို့အတွက် ...
10/04/2025

စာအုပ်အသစ်များ ရောက်ရှိလာပါပြီ။
သိက္ခာတော်ရ ဆရာဦးမောင်မောင်ဒင် ရေးသားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။
Bible study လုပ်ဖို့အတွက် ဆိုရင်တော့ မြင်ကွင်းကျယ် စာအုပ်ကို recommend လုပ်ပါရစေ။

ဆရာ Eh Tha Hser  တိုက်တွန်းခွန်အားပေး ရေးသားပြုစုထားတဲ့ "အတွေးလှရင် အနာဂတ်လှတယ်" စာအုပ် ကို ကျွန်တော်တို့ ဆိုင်မှာ ဝယ်ယူ...
02/03/2025

ဆရာ Eh Tha Hser တိုက်တွန်းခွန်အားပေး ရေးသားပြုစုထားတဲ့ "အတွေးလှရင် အနာဂတ်လှတယ်" စာအုပ် ကို ကျွန်တော်တို့ ဆိုင်မှာ ဝယ်ယူဖတ်ရှုနိုင်ပါပြီ။ စာအုပ်တန်ဖိုး ပို့ခမပါ တအုပ် ဘတ် ၁၃၀ ကျသင့်ပါတယ်။

သင့်ရဲ့ ဝိညာဉ်​ရေးရာ အတွက် ကောင်းချီးဖြစ်စေမယ့် စာအုပ်အသစ်တွေ ရောက်လာပါပြီ။ Online ကနေလည်း မှာယူဖတ်ရှုနိုင်ပါတယ်။ဆိုင်အထ...
25/02/2025

သင့်ရဲ့ ဝိညာဉ်​ရေးရာ အတွက် ကောင်းချီးဖြစ်စေမယ့် စာအုပ်အသစ်တွေ ရောက်လာပါပြီ။
Online ကနေလည်း မှာယူဖတ်ရှုနိုင်ပါတယ်။
ဆိုင်အထိ တကူးတက လာရောက်မြည်းစမ်းဖတ်ရှု ဝယ်ယူလို့လည်းရပါတယ်။
အယောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။

ที่อยู่

Tandios
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Jordan Christian Bookstore and Gift Shopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์