WL Myanmar Bookstore Mae Sot

WL Myanmar Bookstore Mae Sot မဲဆောက်မြို့က မြန်မာစာအုပ်ဆိုင် (ထိုင်းနိုင်ငံအနှံ့ ပို့ဆောင်ပေးသည်။)

အပတ်စဥ်ပိတ်ရက်အနေနဲ့ ယနေ့ ဗုဒ္ဓဟူးနေ့ တစ်ရက် ဆိုင်ပိတ်ပါတယ်ရှင့်။ရွှင်လန်းချမ်းမြေ့ကြပါစေ။
12/08/2026

အပတ်စဥ်ပိတ်ရက်အနေနဲ့ ယနေ့ ဗုဒ္ဓဟူးနေ့ တစ်ရက် ဆိုင်ပိတ်ပါတယ်ရှင့်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

သြဂုတ်လ ၁၂ ရက်နေ့အထိ ၂၀% လျှော့စျေးနဲ့ ကြိုတင်မှာယူနိုင်မယ့် စိတ်ကူးချိုချို တိုက်ထုတ် စာအုပ်များထဲမှ လတ်တလော ထွက်ရှိတဲ့...
07/08/2026

သြဂုတ်လ ၁၂ ရက်နေ့အထိ ၂၀% လျှော့စျေးနဲ့ ကြိုတင်မှာယူနိုင်မယ့် စိတ်ကူးချိုချို တိုက်ထုတ် စာအုပ်များထဲမှ လတ်တလော ထွက်ရှိတဲ့ စာအုပ်များနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း ထွက်ရှိခဲ့တဲ့ စာအုပ်များစာရင်း ကို လျှော့စျေးအပြီး စျေးနှုန်းလေးတွေနဲ့ ယှဥ်တွဲဖော်ပြလိုက်ပါတယ်။

မှာယူချင်တာရှိရင် ဆက်သွယ်လိုက်ပါနော်။

၂၀% လျှော့စျေးနဲ့ မှာယူနိုင်တဲ့ စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်များထဲမှ လတ်တလော အသစ်ထွက်စာအုပ်များကို ဖော်ပြပေးလိုက်ပါတယ...
02/08/2026

၂၀% လျှော့စျေးနဲ့ မှာယူနိုင်တဲ့ စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်များထဲမှ လတ်တလော အသစ်ထွက်စာအုပ်များကို ဖော်ပြပေးလိုက်ပါတယ်။

ပုံပေါ်မှာ ဖော်ပြထားတဲ့ စျေးနှုန်းတွေက ၂၀% မလျှော့ရသေးတဲ့ ပုံမှန်ရောင်းစျေးတွေ ဖြစ်ပါတယ်။

ပုံတွေကို စိတ်ကူးချိုချို ဆီက ကူးယူဖော်ပြပါတယ်။

စာအုပ်ပုံတစ်ပုံချင်းစီအောက်မှာ စာညွှန်းလေးတွေလည်း ဖော်ပြထားပါတယ်။

မှာယူဖို့အတွက် WL ကို အခုပဲ စာပို့လိုက်ပါနော်။

Frontline Poets: The Literary Rebels Taking on Myanmar's MilitaryJoe Freeman and Aung Naing Soe 🏷️ 400 THB (20% Off 500 ...
02/08/2026

Frontline Poets: The Literary Rebels Taking on Myanmar's Military

Joe Freeman and Aung Naing Soe

🏷️ 400 THB (20% Off 500 THB)

Description

A must-read for anyone seeking to understand Myanmar’s struggle for freedom.
Sonia Faleiro, author of The Good Girls: An Ordinary Killing


The history of Myanmar can be told through its poets, from the fight against colonialism to the modern-day struggle for democracy. But much of this tradition is barely known in the west. “Frontline Poets” is an inspiring, revolutionary and heart-wrenching account of how several poets in Myanmar ditched their comfortable lives to join dangerous protests, form armed groups, and emerge on the front lines of a revolution.

‘Whether describing the joys of the literary life, the regimentation of the resistance camps, or the ennui of exile, Frontline Poets sparkles with passion for Myanmar’s neglected literary heritage, and the legacy of political resistance with which it has long been conjoined.’
Sebastian Strangio, author of In the Dragon’s Shadow: Southeast Asia in the Chinese Century

‘This book explores the journey of young poets who were once seen as peacekeepers but became warriors in the face of oppression.’
Ma Thida, author of A-Maze: Myanmar’s Struggle for Democracy, 2011-2023

မင်္ဂလာပါ။ နှစ်စဥ် ပြုလုပ်နေကျ ‘စိတ်ကူးချိုချို’ စာအုပ်တိုက်ရဲ့  နှစ်လယ် စာအုပ်ပွဲတော်ကို ထိုင်းနိုင်ငံဆီ ကူးယူဆင်နွှဲလိ...
01/08/2026

မင်္ဂလာပါ။ နှစ်စဥ် ပြုလုပ်နေကျ ‘စိတ်ကူးချိုချို’ စာအုပ်တိုက်ရဲ့ နှစ်လယ် စာအုပ်ပွဲတော်ကို ထိုင်းနိုင်ငံဆီ ကူးယူဆင်နွှဲလိုက်ပါတယ်။
စာအုပ်တွေ တဖြည်းဖြည်း စျေးကြီးလာလို့ ငြီးနေရင် အထူးသက်သာတဲ့ စျေးနှုန်းနဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးတစ်ခုပါ။
‘စိတ်ကူးချိုချို’ စာအုပ်တိုက်က ထုတ်ဝေတဲ့ ထောင်နဲ့ချီတဲ့ အမျိုးအစားစုံ စာအုပ်တွေကို အထူးလျှော့စျေးနှုန်းနဲ့ ဝယ်ယူရရှိမှာ ဖြစ်ပါတယ်။

WL က စိတ်ကူးချိုချို တိုက်ထုတ် ရသ၊ သုတ၊ ဘာသာပြန် အစုံ စာအုပ်တွေ ရွေးချယ်မှာယူထားပြီး စာအုပ်တိုက်ရဲ့ ပို့ဆောင်မှုနဲ့ လမ်းခရီးပေါ် မူတည်ပြီး သြဂုတ်လ ဒုတိယပတ်လောက်ကစပြီး မဲဆောက်ဆိုင်မှာ ၁၅% လျှော့စျေးနဲ့ ဝယ်ယူ၊ မှာယူရရှိနိုင်မှာ ဖြစ်ပါတယ်။

အရေအတွက် ထောင်ချီတဲ့ စာအုပ်စာရင်းထဲက မိမိနှစ်သက်ရာ ‌‌ရွေးချယ်မှာယူလိုသူများ အတွက်ကတော့ ယနေ့ သြဂုတ်လ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး စာအုပ်များအားလုံးအတွက် ၂၀% လျှော့စျေး ရရှိမှာ ဖြစ်ပါတယ်။ မှာယူလိုတဲ့ စာအုပ်တွေရဲ့ ထိုင်းငွေစျေးနှုန်းကို မှာယူတဲ့အချိန်မှာ ကြိုတင်မေးမြန်းနိုင်ပါတယ်။

စာအုပ်ပွဲတော်ရက်အပြီး စာအုပ်တိုက်ဘက်က ပို့‌‌‌ဆောင်လိုက်တဲ့အခါ တစ်ပတ်ခန့်အတွင်း WL ဆီကို စာအုပ်တွေ ရောက်ရှိလာမှာဖြစ်ပြီး ဆိုင်မှာလာရောက်ဝယ်ယူနိုင်သလို အွန်လိုင်းအမှာများအတွက်လည်း အမြန်ပို့‌ဆောင်ပေးမှာ ဖြစ်ပါတယ်။

တစ်ခု ကြိုတင်အသိပေးချင်တာကတော့ စာအုပ်စျေးရောင်းပွဲကာလအတွင်း အချို့စာအုပ်တွေက နောက်ဆုံးရက်မတိုင်ခင် ကုန်သွားတတ်တာမို့ WL ဘက်က တဆင့် မှာယူပေးပေမယ့် အချို့စာအုပ်လေးတွေ မရနိုင်တော့တာလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးရက်မတိုင်ခင် စောစောမှာယူတာက ပိုသေချာစေပြီး WL ဘက်ကလည်း အမှာစာရင်းတွေကို နောက်ဆုံးရက်အထိ မစောင့်ဘဲ အသုတ်လိုက် မှာယူပေးထားမှာပါ။

စာအုပ်စာရင်းကို Comment မှာ ရှိတဲ့ လင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Seikku Cho Cho Page ကနေလည်း အသစ်ထွက် စာအုပ်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အမှာတင်ဖို့ကိုတော့ WL ရဲ့ page ကို ဆက်သွယ်လိုက်ပါနော်။

ဆရာတော်ကောင်းမင်း ဘာသာပြန် တရုတ်ကွန်တန်ပိုရာရီစာပေလက်ရာအချို့📖 ဖား (Frog by Mo Yan)🏷️ ၃၂၀ ဘတ် 📖 ယစ်ရွှေပြည် (The Republi...
31/07/2026

ဆရာတော်ကောင်းမင်း ဘာသာပြန် တရုတ်ကွန်တန်ပိုရာရီစာပေလက်ရာအချို့

📖 ဖား (Frog by Mo Yan)
🏷️ ၃၂၀ ဘတ်

📖 ယစ်ရွှေပြည် (The Republic of Wine by Mo Yan)
🏷️ ၁၅၀ ဘတ်

📖 ရှာတော်ပုံ (Wen Cheng by Yu Hua)
🏷️ ၁၅၀ ဘတ်

📖 သက်ရှင်နေ (To Live by Yu Hua)
🏷️ ၁၈၀ ဘတ်

📖 မိုးဖွဲထဲ ဟစ်ကြွေး (Cries in the Drizzle by Yu Hua)
🏷️ ၁၈၀ ဘတ်

📖 ဝူဟန်ဒိုင်ယာရီ (Wuhan Diary by Fang Fang)
🏷️ ၁၀၀ ဘတ်

30/07/2026
ဘာသာရေးလိုက်စားဖြစ်တယ်။ဝါဆိုလပြည့်နေ့ စတုဒီသာ၊ မဲဆောက်ကျောင်းကြီးကျောင်း
29/07/2026

ဘာသာရေးလိုက်စားဖြစ်တယ်။

ဝါဆိုလပြည့်နေ့ စတုဒီသာ၊ မဲဆောက်ကျောင်းကြီးကျောင်း

29/07/2026

အာရှတိုက်ရဲ့ စာကြည့်တိုက်ပညာရှင်
ဆရာကြီးဦးသော်ကောင်း ကွယ်လွန်

ဇူလိုင်-၂၉၊၂၀၂၆။ ဟာနာဆန်/People's Spring

အာရှတိုက်ရဲ့ စာကြည့်တိုက်ပညာရပ်ပယ်မှာ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ မြန်မာနိုင်ငံက ထင်
ရှားတဲ့ စာကြည့်တိုက်ပညာရှင် ဆရာကြီးဦးသော်ကောင်းကွယ်လွန်သွားပါတယ်။

မြန်မာနိုင်ငံ စာကြည့်တိုက်နဲ့ စာပေလောကအတွက်အစဉ်တစိုက်အကျိုးပြုခဲ့ပြီး စာ
ကြည့်တိုက်ပညာရှင်တွေ၊ စာဖတ်သူတွေအတွက် အဖိုးတန်တဲ့ အမွေအနှစ်တွေ ချန်ရစ်ပေးခဲ့တဲ့ (အသက် ၈၉ နှစ်အရွယ်) ဆရာကြီး ဦးသော်ကောင်းဟာ ဒီကနေ့ ဇူလိုင် ၂၉ ရက် ဝါဆိုလပြည့်နေ့ မနက် ၅ နာရီ ၂၇ မိနစ်က ကွယ်လွန်သွားကြောင်း မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA)က ထုတ်ပြန်ပါတယ်။

ဆရာကြီးရဲ့ စာကြည့်တိုက်ပညာ၊ စာပေနဲ့ ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုတွေ၊မျိုးဆက်သစ်တွေကို ပညာမျှဝေ လမ်းညွှန်ပေးခဲ့မှုတွေဟာ မြန်
မာနိုင်ငံရဲ့ စာကြည့်တိုက်နဲ့ စာပေလောကမှာ မမေ့နိုင်တဲ့ အမွေအနှစ်တွေအဖြစ် ဆက်
လက်တည်ရှိနေမှာဖြစ်ကြောင်း MLAက အသိပေးပါတယ်။

ဦးသော်ကောင်းကို စည်သူဦးကောင်း၊ အမိဒေါ်သိန်းတို့က ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၇ မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီး၏ဖခင်ဟာ လွတ်လပ်ရေး ကာလက အင်္ဂလန်နိုင်ငံ ပညာတော်သင်တွေအတွက် အကြံပေးအရာရှိ၊ အင်္ဂလန် နိုင်ငံရှိ မြန်မာသံရုံးပညာရေးသံမှူးတာဝန်တွေကို တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်မှာ မြန်မာ
နိုင်ငံတော် ငွေကြေး ဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ ငွေစက္ကူတွေပေါ်မှာ "မောင်ကောင်း”ဆိုတဲ့လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (အင်္ဂလိပ်စာ) ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့လို့ ဦးဘိုးနှစ် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဝိဇ္ဇာဂုဏ်ထူးဘွဲ့မရမီ ၁၉၅၇ ခုနှစ် အသက် ၁၉ နှစ်အရွယ်က စတင်လျက် ရန်ကုန်တက္က
သိုလ်အင်္ဂလိပ်စာဌာန၊ စာကြည့်တိုက်တွင် အချိန်ပိုင်းအလုပ်လုပ် ခဲ့ပါတယ်။

အသက် ၂၁ နှစ်ကျော် ၁၉၅၉ ခုနှစ် မတ်လမှာ ဝိဇ္ဇာဂုဏ်ထူးတန်း စာမေးပွဲဖြေဆိုခဲ့ပြီး အဲဒီနှစ် ဧပြီလ ၁ ရက်မှာ ဆရာဇော်ဂျီလက်
အောက်ရှိ လူမှုရေး သိပ္ပံစာကြည့်တိုက် (ယခု ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်)
မှာ အလုပ်စတင် ဝင်ရောက်ခဲ့ပါတယ်။

ဆရာ ဦးသော်ကောင်းဟာဆရာကြီး ဦးသိန်းဟန် (ဆရာ ဇော်ဂျီ)ရဲ့စာပေအမွေအနှစ်နဲ့ စာ
ကြည့်တိုက်အတတ်ပညာရပ်တွေကို ဆက်ခံခဲ့ပါတယ်။ တက္ကသိုလ်များ ဗဟိုစာကြည့်
တိုက်ဟာ ဦးသော်ကောင်း လက်ထက်မှာ ပိုမို ပီပြင်လာပြီး မြန်မာနိုင်ငံရဲ့ အားအထားရဆုံး စာကြည့်တိုက်ဖြစ်လာတဲ့အပြင် မြန်မာပြည်အကြောင်းလေ့လာလိုသူတွေအတွက်နိုင်ငံ
တကာကပါအားကိုးရာဖြစ်လာခဲ့ပါတယ်။

ဆရာဦး​သော်ကောင်းဟာ ၁၉၆၂ ခုနှစ်မှာ လန်ဒန်တက္ကသိုလ်ကနေ စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့ပါတယ်။ အဲဒီနောက် AALIA (Associate of the Australian Library and Information Association)ဘွဲ့၊ အင်္ဂလန် နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association) တို့ကိုလည်း ရရှိခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာ စာကြည့်တိုက်ပညာဌာန (Department of Library Science)ကို တည်
ထောင် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအပတ်စဉ် (၁) ကစပြီး စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ ကို ပေးအပ်နိုင်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းကဂုဏ်ထူးဆောင်အဖွဲ့ဝင် [Hon. Follow of the Library Association (FLA)] အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာသြစတြေးလျနိုင်ငံ၊အနောက်
ဆစ်ဒနီ တက္ကသိုလ်ကဂုဏ်ထူးဆောင်စာပေ
ပါရဂူဘွဲ့ [Doctor of Letters (Honori- scausa)]ကိုချီးမြှင့်ခြင်းခံရလို့ ဒေါက်တာသော်ကောင်းလို့ မော်ကွန်းထိုး ခေါ်ဆိုခြင်းခံရသူ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဂျပန် နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆုရွေးချယ် ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆု [ Fukuoka Asian Culture Prize (Acad-emis Laureate)] ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့က“ဒေါက်တာသော်ကောင်းသည်အာရှတိုက်တွင်စာကြည့်
တိုက်ပညာရပ်နယ်ပယ်၌ ဦးဆောင်ဦးရွက်ပြုသူတစ်ဦး ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်
ငံတွင် ရှေးရိုးရာ မှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းရာ တွင် အထူးတလည် တာဝန်
ကျေပွန်ခဲ့သူ ဖြစ်သည်”လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။

ဆရာကြီးဟာ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ်ပုဂ္ဂလိကစာပေဆုများတီထွင်ချီးမြှင့်တဲ့အခါမှာလည်းပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။

ဦးသော်ကောင်းဟာစာကြည့်တိုက်မှူးဘဝနဲ့ မြန်မာနိုင်ငံအပြင် ဗြိတိန်၊ ဂျပန်နဲ့ စင်ကာပူတို့ရှိ စာကြည့်တိုက်ကြီးအချို့မှာ ကျောင်းသား
တွေ၊ ပညာရှင်တွေ၊ သုတေသီတွေနဲ့ အခြား စာရှာသူတွေကို အကူအညီပေးခဲ့ပြီး ကိုယ်
တိုင်လည်းသုတေသနစာတမ်းများစွာ ရေး
သားဖတ်ကြားခဲ့ပါတယ်။အငြိမ်းစားယူပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်း ရှိ သုတေသီတွေ၊ ကျောင်းသားတွေ လေ့လာကိုးကားနိုင်စေဖို့ ရှေးဟောင်း ပေစာ၊ ပုရပိုက်စာ​တွေကို ထိန်းသိမ်း စုဆောင်းလျက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်း၊ မြန်မာသမိုင်းနဲ့ မြန်မာ စာပေဆိုင်ရာ စာတမ်းနဲ့ စာအုပ် စုစုပေါင်း ၁၈ဝ ကျော်တို့ကို ရေးသား ထုတ်ဝေခဲ့ပြီး ယင်းတို့အနက် အများစု မှာ တစ်ကမ္ဘာလုံး လေ့လာဖတ်ရှုနိုင်ဖို့အင်္ဂလိပ်ဘာသာနဲ့ ရေး
သားထုတ်ဝေ ခဲ့တာဖြစ်ပါတယ်။

28/07/2026

ဒီရက်ထဲ တအုံးအုံး အသံတွေက ဒီဘက်ကတောင် အကျယ်ကြီး ကြားရတယ်။

အားလုံး ဘေးကင်းကြပါစေ။

ที่อยู่

2/51, Raumreang Road
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ WL Myanmar Bookstore Mae Sotผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง WL Myanmar Bookstore Mae Sot:

ทางลัด

แชร์