10/09/2026
ꕥ ဘဝမှာ တစ်ခါလောက် ထီပေါက်ဖူးချင်သူများအတွက် ꕥ
ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတာနဲ့ ကျွန်တော့်အနေနဲ့ရော ထီဘယ်နှခါလောက်များ ပေါက်ဖူးပြီလဲလို့ မေးခွန်းထုတ်မယ့်သူတွေ ပေါ်လာနိုင်ပါတယ်။ ပထမဆုံးပြောချင်တာက ကျွန်တော်ဟာ ကိုယ်တိုင် ကန်စွန်းရွက်တောင် မကြော်တတ်ပဲ ဟင်းချက်နည်း ရေးပေးတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ကျွန်တော့်စာတွေကို အမြဲဖတ်လေ့ရှိတဲ့သူတွေဆိုရင် သိကြမှာပါ။ ဒုတိယပြောချင်တာကတော့ ကျွန်တော် အခုပြောပြမယ့် နည်းလမ်းတွေဟာ ကျွန်တော့်ရဲ့ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေ မဟုတ်ပဲ ဘုရား တရား သံဃာ ရတနာသုံးပါးတို့ရဲ့ ပညာ၊ ဝိဇ္ဇာအပေါင်း ဆရာကောင်းတို့ရဲ့ ပညာတွေသာ ဖြစ်ပါတယ်။ အရှေ့မှာ အကျိုးပေးခဲ့ဖူးတဲ့ သာဓကတွေ များစွာရှိပါတယ်။ မိမိကံနဲ့ ထိုက်တန်သလောက် အမှန်တကယ် ရလာပါလိမ့်မယ်။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ပါပြီ။
အခုပြောပြမယ့်အထဲမှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပထမတစ်ပိုင်းကတော့ လက်ရှိအချိန်ထိ ကျွန်တော်မြင်ဖူးသမျှထဲက အစွမ်းထက်ဆုံးနဲ့ အရိုးရှင်းဆုံး ထီပေါက်ကျင့်စဉ် ၃ ခုအကြောင်းဖြစ်ပြီး ဒုတိယတစ်ပိုင်းကတော့ ထီထိုးဖို့ အခါရွေးနည်း ဖြစ်ပါတယ်။ ဒီကျင့်စဉ်တွေကို အောင်မြင်ထားသူဟာ ထီထိုးလေ့ရှိရင် ပေါက်ဖို့ အလွန်များပြီး ထီမထိုးဘူးဆိုရင် လာဘ်လာဘအစုလိုက်အပြုံလိုက် ရပါလိမ့်မယ်။ တစ်ခုပြောချင်သေးတာက ကျင့်စဉ်တွေကို မဆောင်ရွက်မီ ဂါထာတော်တွေ ဘယ်လိုရွတ်ဆိုသင့်လဲဆိုတာ နားလည်အောင် ကျွန်တော် ရေးပေးခဲ့ဖူးတဲ့ "လာဘ်ပွင့်ဂါထာတော်ရွတ်နည်း အခြေခံ" ကို အရင်ဆုံး ဖတ်ကြစေလိုပါတယ်။ ကျင့်စဉ်တွေကို စပြောပြပါတော့မယ်။
ကျင့်စဉ် (၁)
"ဣစ္ဆန္တော လိုတရ ဂါထာတော်"
ဣစ္ဆန္တော သာသပဂဗ္ဘေ၊ စင်္ကမတိ ဣတော စိတော။
ဣစ္ဆန္တော လောကဓာတုမှိ၊ အတ္တဘာဝေန ဆာဒယေ။
ဧဝံ ဣစ္ဆာယ သမ္ပန္နံ၊ လောကဇေဋ္ဌံ နမာမဟံ။
တေန ပုညေန သစ္စေန၊ ဣစ္ဆာ ပူရေတု မေ သဒါ။ ။
(အစ်ဆန်တော သာသပ ဂတ်ဗေ၊ စင်ကမတိ အိတော စိတော။
အစ်ဆန်တော လောကဓာတုတ်မှိ၊ အတ်တ ဘာဝေန ဆာဒယေ။
အေဝံ အစ်ဆာယ သမ်ပန်နံ၊ လောကဇိတ်ထံ နမာမဟံ။
တေန ပုန်ညေန သစ်စေန၊ အစ်ဆာ ပူရေတု မေ သဒါ။ ။)
{အနက်အဓိပ္ပါယ်}
မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူပါက သေးငယ်လှစွာသော မုန်ညင်းစေ့အတွင်း၌ပင် စင်္ကြံကြွတော်မူနိုင်ပါ၏။ အလိုရှိတော်မူပါကလည်း စကြာဝဠာ လောကဓာတ်တစ်ခွင်လုံးကို ရူပကာယ ခန္ဓာကိုယ်တော်ကြီးဖြင့် အပြည့်လွှမ်းခြုံတော်မူနိုင်ပါ၏။
ဤသို့ စိတ်တော်ရှိသမျှ အလိုဆန္ဒအတိုင်း မဆိုင်းမတွ အပြည့်အဝ ပြီးစီးတော်မူသော လောက၌ အမြတ်ဆုံးဖြစ်တော်မူသည့် မြတ်စွာဘုရားကို ရှိခိုးပူဇော်ကန်တော့ပါ၏။ ဤသို့ သစ္စာဆို ရှိခိုးပူဇော်ကန်တော့ရသော ကုသိုလ်ကံအဟုန်ကြောင့် တပည့်တော်/တပည့်တော်မ၏ ကောင်းမွန်သော အလိုဆန္ဒမှန်သမျှသည် အစဉ်အမြဲ ပြည့်ဝပါစေသတည်း။ ။
မူကွဲတွေရှိသေးပေမယ့် ဒီမူက ပါဠိအမှန်ကန်ဆုံးပါ။ ဒီဂါထာတော်ကို မွေးနံနေ့က စလို့ နေ့စဉ် သတ်မှတ်ထားတဲ့ အခေါက်ရေအတိုင်း ၄၉ ရက်တိတိ မပျက်မကွက် ရွတ်ဆိုသွားရပါမယ်။ တစ်ရက်တာ ရွတ်ဆိုပြီးတိုင်းမှာ အဲဒီနေ့ရဲ့ဂြိုဟ်မင်းနဲ့တကွ သတ္တဝါအားလုံးကို ၃ ကြိမ် မေတ္တာပို့ကာ ထီပေါက်စေဖို့ ဆုတောင်းပေးရပါမယ်။ ၄၉ ရက်ပြည့်ရင် တစ်ကြိမ် ရတယ်လို့ သတ်မှတ်ပါတယ်။
- တနင်္ဂနွေနေ့မှာ အရှေ့မြောက်အရပ်သို့ မျက်နှာမူပြီး (၆) ခေါက်
- တနင်္လာနေ့ အရှေ့အရပ် (၁၅) ခေါက်
- အင်္ဂါနေ့ အရှေ့တောင်အရပ် (၈) ခေါက်
- ဗုဒ္ဓဟူးနေ့ (ဗုဒ္ဓဟူးနံနက်ပိုင်း) တောင်အရပ် (၁၇) ခေါက်
ရာဟုအခါ (ဗုဒ္ဓဟူးညနေပိုင်း) အနောက်မြောက်အရပ် (၁၂) ခေါက်
- ကြာသပတေးနေ့ အနောက်အရပ် (၁၉) ခေါက်
- သောကြာနေ့၌ မြောက်အရပ် (၂၁) ခေါက်
- စနေနေ့၌ အနောက်တောင်အရပ် (၁၀) ခေါက်
⬧⬧⬧
ကျင့်စဉ် (၂)
"အရှင်ကုဏ္ဍဓာန ဂါထာတော်"
ဧတဒဂ္ဂံ, ဘိက္ခဝေ, မမ သာဝကာနံ ဘိက္ခူနံ ပဌမံ သလာကံ ဂဏှန္တာနံ ယဒိဒံ ကုဏ္ဍဓာနော။ ။
(ဧတဒက်ဂံ, ဘိက်ခဝေ, မမ သာဝကာနံ ဘိက်ခူနံ ပထမံ သလာကံ ဂနှန်တာနံ ယဒိဒံ ကုန်ဒဓာနော။ ။)
{အနက်အဓိပ္ပါယ်}
ရဟန်းတို့ စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ (မြတ်စွာဘုရား) ၏ တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။ ။
ကျင့်စဉ် ၄၉ ရက်အတွင်းမှာပဲ ဒီဂါထာတော်ကို နေ့စဉ် ၁၀၈ ခေါက် (ပုတီးတစ်ပတ်) ပူဇော်ရပါမယ်။ အရေးကြီးတာတစ်ခုက ဒီဂါထာတော်ကို ပါးစပ်က အသံထွက်မရွတ်ရပဲ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အရှင်ကုဏ္ဍဓာနကို ဧတဒဂ်ပေးတော်မူဟန် အာရုံယူကာ စိတ်ထဲကသာ ရွတ်ရမှာပါ။
⬧⬧⬧
ကျင့်စဉ် (၃)
"အောင်ဆုခံ ဂါထာတော်"
ဇိနော ဇယံ မယှံ ဒေတု။ ။
(အသံထွက် သိသာပါပြီ)
{အနက်အဓိပ္ပါယ်}
မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားသည် တပည့်တော်/တပည့်တော်မအား အောင်ဆုကို ပေးသနားတော်မူပါ။ ။
ဒီဂါထာတော်ကို နေ့စဉ် တစ်နေကုန်မှာ များနိုင်သမျှ များအောင် ရွတ်ဆိုရပါမယ်။ ကျင့်စဉ် ၄၉ ရက်အတွင်း အခေါက်ရေ ၈၄,၀၀၀ ပြည့်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

(ထီထိုးဖို့ အခါရွေးနည်း ဆက်ပါဦးမယ်။)