Thit Thit MayMay - Kids Books & Education Toys Store

Thit Thit MayMay - Kids Books & Education Toys Store Kid’s book & Education toys

သစ်သစ်လေးအရမ်းကြိုက်တဲ့ စာအုပ်လေး
01/09/2025

သစ်သစ်လေးအရမ်းကြိုက်တဲ့
စာအုပ်လေး

❤️❤️❤️
19/01/2025

❤️❤️❤️

ကံကောင်းမှုတွေ ရရှိမဲ့ 2025
01/01/2025

ကံကောင်းမှုတွေ ရရှိမဲ့ 2025

🇺🇸🇺🇾🇻🇪Flash cardလေးတွေကို အသုံးပြု 𝐑𝐢𝐠𝐡𝐭𝐛𝐫𝐚𝐢𝐧 𝐒𝐢𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧လုပ်ရင်း နိုင်ငံတွေရဲ့ ကိုယ်စားပြု အလံတွေပါ သင်ကြားပေးဖို့ဆိုရင်...
31/12/2024

🇺🇸🇺🇾🇻🇪Flash cardလေးတွေကို အသုံးပြု 𝐑𝐢𝐠𝐡𝐭𝐛𝐫𝐚𝐢𝐧 𝐒𝐢𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧လုပ်ရင်း နိုင်ငံတွေရဲ့ ကိုယ်စားပြု အလံတွေပါ သင်ကြားပေးဖို့ဆိုရင်တော့ Flag Flash Cardလေးက သင့်လျော်ပါတယ်။

တစ်မိနစ် တစ်ကတ်နှုန်း အမြန်ပြပေးတဲ့အခါ မတူတဲ့ Patternတွေကို ကလေးက လိုက်မှတ်ရင်း သူ့ရဲ့ 𝐑𝐢𝐠𝐡𝐭𝐛𝐫𝐚𝐢𝐧 က လိုက်ပါ ဖွံ့ဖြိုးလာပါနိုင်ပါတယ်

Price- 100B

🏠မဲဆောက်မြို့တွင်း အိမ်ရောက်ငွေချေရ

🌇ထိုင်းနိုင်ငံအနှံပို့ပေးပါတယ်ရှင့်






      𝐑𝐢𝐠𝐡𝐭𝐛𝐫𝐚𝐢𝐧 ဖွံ့ဖြိုးစေဖို့ 𝐅𝐥𝐚𝐬𝐡 𝐜𝐚𝐫𝐝𝐬 လေးတွေ အသုံးပြုမယ်ဆို 𝐩𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐢𝐜 𝐦𝐞𝐦𝐨𝐫𝐲 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 ကို ဖွံဖြိုးစေတဲ့ 𝐅𝐥𝐚𝐬𝐡 ...
31/12/2024





𝐑𝐢𝐠𝐡𝐭𝐛𝐫𝐚𝐢𝐧 ဖွံ့ဖြိုးစေဖို့ 𝐅𝐥𝐚𝐬𝐡 𝐜𝐚𝐫𝐝𝐬 လေးတွေ အသုံးပြုမယ်ဆို 𝐩𝐡𝐨𝐭𝐨𝐠𝐫𝐚𝐩𝐡𝐢𝐜 𝐦𝐞𝐦𝐨𝐫𝐲 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 ကို ဖွံဖြိုးစေတဲ့ 𝐅𝐥𝐚𝐬𝐡 𝐜𝐚𝐫𝐝𝐬လေးကို ရွေးချယ်လို့ရပါတယ်။

𝐒𝐢𝐳𝐞 -𝟓” 𝟕”
𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝𝐞𝐝 𝐀𝐠𝐞-𝟔 လမှ 𝟔 နှစ်ထိ
𝐂𝐚𝐭𝐞𝐠𝐨𝐫𝐲- 𝐁𝐨𝐝𝐲 𝐏𝐚𝐫𝐭𝐬 𝐅𝐥𝐚𝐬𝐡 𝐂𝐚𝐫𝐝𝐬

💥ကိုယ်ခန္ဓာပေါ်မှ အစိတ်အပိုင်းများ၏ အခေါ်အဝေါ်ကို ဖော်ပြသော 𝐅𝐥𝐚𝐬𝐡 𝐂𝐚𝐫𝐝𝐬

#𝐑𝐢𝐠𝐡𝐭𝐁𝐫𝐚𝐢𝐧𝐋𝐞𝐚𝐫𝐧𝐞𝐫 တွေရဲ့အားသာချက်
​🔺အမြင်နဲ့မှတ်သားနိုင်တယ်။ concept အယူအဆအသစ်တွေကို လေ့လာသင်ယူရာမှာ လွယ်ကူတယ်။
🔺ဂီတနဲ့ အနုပညာကို သင်ယူရာမှာ လွယ်ကူတယ်
🔺စိတ်ကူးစိတ်သန်းကောင်းတယ်
🔺သူများရဲ့ စိတ်ခံစားမှုကို နားလည်လွယ်တယ်
🔺ပုံရိပ်နဲ့မှတ်တဲ့ မှတ်ဉာဏ် ကောင်းစွာဖွံဖြိုးတဲ့အတွက် စာအများကြီးကို အချိန်အနည်းငယ်အတွင်း ဖတ်နိုင် လေ့လာနိုင်တယ်
🔺ကိုယ်ကိုယ်ကိုယ် သေချာဝေဖန် ပိုင်းခြားနိုင်တယ်
🔺စိတ်ကူးကောင်းစွာယဉ်တတ်ပြီး စာရေးကောင်းတဲ့သူတွေ ဖြစ်နိုင်တယ်။

Price - 100B

🏠မဲဆောက်မြို့တွင်း အ်ိမ်ရောက်ငွေချေရ🏠

🌇ထိုင်းနိုင်ငံအနှံ့ ပို့ပေးပါတယ်ရှင့်🌇




31/12/2024

Flash card ပြနည်းလေးပါ

6.ကစားရင်းနဲ့ သင်၊ သင်ရင်းနဲ့  ကစား(တစ်နှစ်မှ သုံးနှစ်အရွယ်ကလေးများ အတွက်  ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သောအရာများ)ခေတ်ဘ...
31/12/2024

6.ကစားရင်းနဲ့ သင်၊ သင်ရင်းနဲ့ ကစား

(တစ်နှစ်မှ သုံးနှစ်အရွယ်ကလေးများ အတွက် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သောအရာများ)

ခေတ်ဘုန်းသစ်

တောက်တောက်ပြေး အရွယ်လို့ လည်းခေါ်သလို မတ်တပ်ပြေးလေး လို့ လည်း ခေါ်တဲ့ ကလေးတို့ရဲ့ တစ်နှစ်ကနေ သုံးနှစ်အတွင်း အချိန်ကာလ ဟာ ကလေးတို့ကို ထိန်းကျောင်းရသူ မိဘ များ၊ အဖိုးအဖွား ၊ အဒေါ် များ အတွက် အင်မတန် မှ ပျော်စရာ ကောင်းသလို၊ မောစရာလည်း ကောင်းတဲ့ အရွယ်ပါ။ ချစ်စရာ အလွန်ကောင်းတဲ့ ဒီအရွယ် ကာလ လေးဟာ ကလေးတစ်ယောက် (လူတစ်ယောက်အတွက်) အလွန်အင်မတန် မှ အေ၇းကြီးတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ ကလေးတစ်ယောက် တော်ခြင်း၊ မတော်ခြင်း၊ လိမ်မာ ခြင်း၊ မလိမ်မာ ခြင်း၊ ညဏ်ကောင်းခြင်း၊ မကောင်းခြင်း စတာတွေ ကွဲပြားသွားရခြင်း မှာ ဒီ အရွယ်ကာလမှာ ဒီ ကလေး အနား က လူကြီးများ ရဲ့ ပြုစုပျိုးထောင်ပုံ စနစ် ပုံစံ ကွာခြားသွားရလို့ပါ။

ကလေးတစ်ယောက်ရဲ့ ဦးနှောက် ဟာ မွေးကတည်းက အကုန်အစင်ဖွံ့ဖြိုးပြီး ပါလာ တာမဟုတ်ပါဘူး။ မွေးစကလေး တစ်ယောက်ရဲ့ ဦးနှောက်အလေး ချိန်ဟာ အကြမ်း အားဖြင့် လူကြီးဦးနှောက် ရဲ့ အလေးချိန်ထက် စာရင် ၂၅% လောက်ပဲ ရှိပါသေးတယ်။ အသက် သုံးနှစ်နားလောက်ကို ရောက်လာပြီဆိုရင် တော့ ဦးနှောက်ရဲ့ အရွယ်အစားဟာ လူကြိးဦးနှောက်နီးနီး ကိုးဆယ် ရာခိုင်နှုန်းလောက် ဖြစ်လာကြပါပြီ။

ဆယ်ရှစ်လလောက်ကနေ နှစ်ဆယ့်ခုနှစ်လလောက် အတွင်းမှာ ကလေးတို့ဟာ ဘေဘီ ဆန်တဲ့ အမူရာလေးတွေ သိပ်မရှိတော့တာကို အံ့သြဖွယ်ကောင်းအောင်တွေ့ရလိမ့်မယ်။ အသက်ဆယ့် ရှစ်လ ကျော်ပြီဆို၇င်ဖြင့် ကလေးတို့ဟာ ဘာလေးကို ဖြစ်ဖြစ်သူတို့ဖာသာ သူတို့ လုပ်ချင်လာ၊ ကိုင်ချင်လာပါပြီ။ ဒါဟာ သူတို့ ဦးနှောက်ညဏ်ရေ ဖွံ့ဖြိုးလာတဲ့ လက္ခဏတစ်ခုပါပဲ ။ကလေးတို့ရဲ့ ဦးနှောက်ညဏ်ရေ ဖွံ့ဖြိုးဖို့ အတွက် ကလေးများကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ဒီအချိန်ဟာ ကလေးတို့ အတွက် အင်မတန် မှ အရေးကြီးတဲ့ အချိန်ဖြစ်တာမို့လို့ ကလေးများကို များများ မြင်တွေ့ စူးစမ်း၊လေ့လာ နိုင်ဖို့ အတွက် လူကြီးများအနေနဲ့ လုပ်ပေးဖို့လိုပါတယ်။ ဒီလို လုပ်ပေးဖို့ အတွက် လူကြီးများအနေနဲ့ အချိန်တွေ အများကြီးပေးစရာ မလိုသလို၊ ကစားစရာ ပစ္စည်း အကောင်းစားကြီးတွေကို ကလေးကစားဖို့ လည်း ၀ယ်ပေးစရာ မလိုပါဘူး။ အိမ်မှာ ရှိတဲ့ လွယ်လွယ် ပစ္စည်းလေးတွေ နဲပဲ လေ့ကျင့်ပေးလို့ရပါတယ်။
ဒီအရွယ်ကလေးတွေ ရဲ့ ညဏ်ရေ (ဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်) မိဘများ လုပ်ပေးရမယ့် ၊ကလေးတို့ အတွက် အရေးကြီးတဲ့ ၊ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အပိုင်းကြီးခုနှစ်ပိုင်းရှိပါတယ်။ ဒါတွေကတော့-

-ပေါင်းသင်းဆက်ဆံရေးနဲ့ ခံစားမှု စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှု
-ကိုယ်ခနာမှာ ရှိတဲ့ ကြွက်သားမျှင်ကြီးတွေ သန်စွမ်း ခိုင်မာမှု
- လက်၊ချောင်း၊ခြေချောင်း အစရှိတဲ့ နေရာလေးတွေ မှာ ရှိနေတဲ့ ကြွက်သားမျှင်ငယ်လေးတွေ သန်စွမ်းခိုင်မာမှု
-အသိညဏ်ပိုင်းနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ညဏ်ရေ ဖွံ့ဖြိုးတိုးတတ်မှု
-ဘာသာစကား ဖွ့ံ့ဖြိုးတိုးတတ်မှု
-စာပေ အရသာ၊ ရသ ၊သုတ အသိ အရသာ ခံစား သိမြင်နိုင်မှု
-သချာင်္နဲ့ သိပံ သဘောတရားတိုးတတ်မှုတို့ပါပဲ။
ဒါတွေကို လေ့ကျင့်ပေးရမယ် ဆိုတော့ မိဘများ အနေနဲ့ ဒီအရွယ်လေးကို ဘယ်လို လေ့ကျင့်ပေးရပါလိ့မ်လို့ မျက်လုံးပြူးသွားမှာပါ။ အမှန်တော့ ကစားရင်းနဲ့ လေ့ကျင့် ပေးရမှာမိုလို့ မခက် ခဲလှပါဘူး ။ လွယ်ကူလှပေမယ့် ထိရောက်လွန်းတဲ့ နည်းတွေ မို့လို့ မတ်တပ်ပြေး အရွယ် ရှိသူ မိဘ များ အနေနဲ့ အချိန်လေးပေးပြီးတော့ ကလေးကို လေ့ကျင့်ပေးစေချင်ပါတယ်။ ကျွန်မကိုယ်တိုင် တစ်နှစ်ခွဲ အရွယ် သားလေး ကို လေ့ကျင့်ပေးတဲ့ နည်းများ ဖြစ်တဲ့ အပြင် ၊ တကယ့်ကိုပဲ ထိရောက်တဲ့ ညဏ်ရေ ဖွံ့ဖြိုးစေတဲ့ နည်းများ ဖြစ်တာမို့ လို့ ယုံယုံကြည်ကြည်နဲ့ လေ့ကျင့်ပေးစေချင်ပါတယ် ရှင်။

ကလေးတို့ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ ခံစားမှု စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှု

အသက်ဆယ့် ရှစ်လ (တစ်နှစ်ခွဲ) လောက် ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ထဲ မှာ တစ်နှစ်ကျော်တုံးကလိုမဟုတ်ဘဲ ကလေးတို့ရဲ့ ပြောပုံ၊ ဆိုပုံ၊လုပ်ပုံ ၊ကိုင်ပုံလေးတွေ ပြောင်းလာတာကို အတူနေသူ မေမေတို့ သတိထားမိပါလိမ့်မယ်။ တစ်ခုခု ဆို ကိုယ်တိုင် လုပ်ချင်လာသလို၊ အိမ်မှာရှိနေတဲ့ အကိုတွေ၊ အမ တွေ ကစားတဲ့နေရာမှာလည်း ၀င်ရှုတ် ( ကစာချင်) လာပြီ။ အဖော်လည်း ပိုခင်လာတတ်ကြပါတယ်။ သားဟာ၊ သမီးဟာ ၊ ဒါ ငါ့ ပစ္စည်း၊ သား စောင် စတဲ့ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေး တွေကိုလည်း ပိုပြီးတော့ တွယ်တာလာကြ ၊ ပို ခုံမင် လာတတ်ကြပါတယ်။ ဒီအရွယ်မှာ သူတို့ အကြိုက်ဆုံး ကစားစရာ၊ အကြိုက်ဆုံးစောင် စတဲ့ အကြိုက်ဆုံး ဆိုတဲ့ အရာလေးတွေကို လည်း စတွေ့လာရပါပြီ။

ဒီအရွယ်မှာ ကလေးတို့ ဟာ အတုယူ ဟန်ဆောင်ကစားနည်း (Pretend Play) ကို စတင် ကစားလာကြပါပြီ။ ဒီကစားနည်းဟာ ကလေးတို့ အတွက် အင်မတန်မှ အရေးကြီးတဲ့ ကစားနည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အတုယူဟန်ဆောင်ကစားနည်းကနေ တစ်ဆင့် ကလေးတို့ဟာ စကား ပိုကြွယ် ၊ ပိုတတ်လာသလို၊ ပြဿာနာဖြေရှင်းတဲ့ အတတ်ကိုလည်း ကစားရင်းနဲ့ ရရှိလာစေပါတယ်။ သူတို့ ရင်ထဲက ခံစားချက် ( စိတ်တိုတာ၊ ဒေါသထွက်တာ၊ပျော်တာ ) စတာတွေကို ကစားရင်းနဲ့ ဖော်ပြတတ်လာသလို၊ တခြားသူရဲ့ ရင်ထဲ ကခံစားချက်ကို လည်း ကိုယ်ချင်းစာ နားလည်တတ်လာစေပါတယ်။

ဒါကြောင့်မို့လို့ ကလေးနဲ့နေသူ မိဘ၊ ဖိုးဖွားများအနေနဲ့ ကလေးတို့ ကိုယ်တိုင် လုပ်ချင်တဲ့ အရာလေး တွေ ဟာ ကလေးအတွက် အနရာယ်မရှိဘူးဆိုရင်ဖြင့် ကလေးကို ပေးလုပ်ခိုင်းဖို့ လိုသလို ၊ အတုယူဟန်ဆောင် တမ်းကစားနည်းကို ကလေးတို့ ကစားစေဖို့ အတွက် ကစားရမယ့်နေရာ၊ ကစားဖို့ အတွက် လိုအပ်တဲ့အရာလေးတွေကို ဖန်တီးပေးထားဖို့လိုပါတယ်

အရုပ်မလေးကို ရေချိုးပေးမယ်
- ဒီကစားနည်းဟာ ကလေးတို့ အတွက် ကစားဖို့ အင်မတန် လွယ်တဲ့ ကစားနည်းပါ။
- ဘာလို့လည်းဆိုတော့ သူတို့နေ့တိုင်းရေချိုးနေရတာကိုး
- ကစားနည်းမှတစ်ဆင့် - တာ၀န်ယူတတ်မှု၊ သန့်ရှင်းဖို့ အတွက်ရေချိုး၇တယ်ဆိုတဲ့ အတွေး၊ စိတ်ကူးစိတ်သန်းဖွံ့ဖြိုးတိုးတတ်မှု စတဲ့ အကျိုးတွေ ရနိုင်ပါတယ်။
ကစားဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းကတော့
အရုပ်
ရေဇလုံ နဲ့ ရေ တို့ပါ့ပဲ
ဘယ်လိုကစားမလဲ
ဇလုံထဲမှာ ရေဖြည့်ထားပြီးတော့ ေ၇ခွက်ရယ်၊ ဆပ်ပြာရည် (သို့) ဆပ်ပြာတုံးရယ် ၊ အ၀တ် စလေးေ တစ်စရယ်
ပေးထားရုံပါပဲ။
-ကလေးက အရုပ်လေးကို ရေလောင်းပေး၊ ဆပ်ပြာတိုက်ပေး ရေပြန်ချိုးပေး စသဖြင့် သူ့ဖာသာသူ ကစားပါလိ့မ်မယ်
-လူကြီးက ဘေးကနေ ကလေးကို စကားပြောပေးမယ် (ဥပမာ-သမီးအရုပ်လေးကို ရေချိုးပေးနေတာလား၊ ခေါင်းပါလျှော်ပေးနေတာကို း။ ဆပ်ပြာတွေ မျက်လုံးထဲမ၀င်အောင်သတိထားနော်) စသဖြင့်ပြောပေးမယ် ဆိုရင်တော့ ကလေးတို့ ကစားရတာကို ပိုပျော်ကြပါတယ်။

ရေနဲ့ ကစားရတာ ဟာ ကလေးတို့အတွက်တော့ အင်မတန် ပျော်ရတဲ့ အပျော်ဆုံး ကစားစရာပါ။ ဒီလို ကစားခြင်းအားဖြင့် ကလေး တို့ ပျော်ရွှင်ရသလို ကစားရင်းမှ တစ်ဆင့် တီထွင်ဖန်တီး လိုတဲ့ စိတ်၊ စိတ်ကူးစိတ်သန်း ကွန့်မြူးမှု၊ လေ့လာစူးစမ်းလိုမှု စတဲ့ ကလေးအတွက် လိုအပ်တဲ့အရာလေးတွေ ပါ ဖွံ့ဖြိုးတိုးတတ်လာစေတာမို့လို့ ကလေးနဲ့ အတူတူ ကစားပေးကြပါဦး။

Crd ခေတ်ဘုန်းသစ်
#ခေတ်ဘုန်းသစ်
#ဉာဏ်ကြီးရှင်

ที่อยู่

Mae Sot, Tak
Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thit Thit MayMay - Kids Books & Education Toys Storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์