Happy Online Shopping

Happy Online Shopping ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Happy Online Shopping, Maha Chai.

ကိုယ်က😁စဉ်းစားစိတ်ကူးနေတုန်း!သူက ထုတ်လုပ်ပြီးတော့ စီးတောင် စီးပြနေပြီ😁"ဆိုလာဆိုင်ကယ်" . . .
12/05/2023

ကိုယ်က😁စဉ်းစားစိတ်ကူးနေတုန်း!
သူက ထုတ်လုပ်ပြီးတော့ စီးတောင် စီးပြနေပြီ😁
"ဆိုလာဆိုင်ကယ်" . . .

13/10/2022
29/09/2022

" လောကဓံ " အော်လောကဓံ! ဘတ် တက်ရင် မျက်နှာပန်းကိုပွင့်လို့ ဖုန်းကိုင်ပေးတယ် ကျပ်လဲ တက်ရော ပြေးပီ ဆိုပီ ဖုန်း ပါမကိုင်တော့တာ စိတ်နာ
အော် လောကဓံ😁😁😁

28/09/2022

. . . တန်ဖိုး . . . ဆိုတာ ? နယူးရောက်မြို့ကြီးရဲ့ ဘူတာရုံတစ်ရုံမှာ တယောသမားတစ်ယောက်ဟာ (၄၅) မိနစ်ကြာအောင် တယောထိုးခဲ့တယ်။

ရပ်နားထောင်တဲ့သူ မရှိသလောက်နဲ့ လက်ခုပ်တီးသူ နှစ်ယောက်လောက်သာ ရှိခဲ့တယ်။ ပေးတဲ့ ပိုက်ဆံအားလုံးပေါင်းမှ ဒေါ်လာ သုံးဆယ်လောက်ပဲ ရခဲ့တယ်။

ဒါပေမဲ့ ဘယ်သူမှ မသိခဲ့တာကတော့
ဒီတယောသမားဟာ ကမ္ဘာ့အကောင်းဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျော်ရွှာဘဲလ် ဆိုတာပါပဲ။
ဂျော်ရွှာဟာ ဒေါ်လာ ၃.၅ မီလျံ တန်ဖိုးရှိတဲ့ တယောနဲ့ အခက်ဆုံး အကောင်းဆုံး တေးသွားတွေကို တီးခတ်ပြခဲ့တာပါ။

အဲဒီလို ဘူတာမှ မတီးပြခင် နှစ်ရက်အလိုမှာ ဂျော်ရွှာဘဲလ်ဟာ ဘော်စတန်မြို့က ကပွဲရုံကြီးတစ်ရုံမှာ ရုံပြည့်ရုံလျှံ လက်မှတ်တွေ ရောင်းကောင်းခဲ့ပြီး သူ့ဂီတလက်သံကို နားဆင်ဖို့ လက်မှတ်တစ်စောင်ဟာ ဒေါ်လာ တစ်ရာဝန်းကျင်မှာ ရှိခဲ့ပါတယ်။

👉ဒီစမ်းသပ်မှုက ဘာကို သင်ခန်းစာယူနိုင်သလဲဆိုတော့ သင်ဟာ ဘယ်လောက်တော်နေတော်နေ အခြေအနေ အချိန်အခါကို သိတတ်တဲ့ အရည်အချင်းရှိရပါမယ်။ သင့်ရဲ့ ထူးချွန်မှု အရည်အသွေးကို အသိအမှတ်မပြုတဲ့ ပတ်ဝန်းကျင်မှာ ကြာကြာ အချိန်ဖြုန်းမနေသင့်ဘူး။ လူတွေက လှည့်မကြည့်တိုင်း လက်ခုပ်မတီးတိုင်း ကိုယ်ညံ့လို့ မဟုတ်ပါဘူး။

သင့်ကို တန်ဖိုးထားမဲ့ အသိအမှတ်ပြုမဲ့ နေရာကို သွားပါ။ သင့်အစွမ်းအစတွေကို နားလည်မဲ့ အသုံးဝင်မှန်းသိတဲ့ ပတ်ဝန်းကျင်ကို ရွှေ့ပြောင်းပါ။
တခါတလေ သင့်ရဲ့ မသိစိတ်က အဲဒီလို ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းနေပါလိမ့်မယ်။
သင် ဘယ်လောက်အဖိုးတန်သလဲ သင်ကိုယ်တိုင် အသိဆုံးဖြစ်ပါစေ။
Crd

 #အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင်  စိတ်ကြိုက်ထည့်လိုထားလိုတဲ့   ပုံစံ...
25/09/2022

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား

21/09/2022

စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရုံး.....

CI စာအုပ်အဟောင်းနှင့် အသစ်လဲတော့မည်ဆိုရင်တော့
ဒါလေးတွေ သိထားသင့်ပါတယ်....။

( ၁) 65သက်တမ်းကုန်ပြီး ဝေါ့ပါမစ် သမားများကတော့
သူဌေးဟောင်း နှင့် ပြန်လည်သက်တမ်း တိုးထားပါက
သက်တမ်းတိုးငွေချေစာရွက် ပါရပါမယ် ။

( ၂) 65 သက်တမ်းကုန်ပြီး သူဌေးပြောင်း ပြန်တော်ထားသူ
များကတော့ စာရွက်စာတမ်း အကုန်ယူလာရပါမယ် ။

( ၃) CI စာအုပ် ဝေါ့ပါမစ် အကုန်သေပြီး ဘတ်အသစ်ပြန်ရိုက်
ထားသူများကတော့ ဝေါ့ပါမစ် စာအုပ်မထွက်ခင်..ထုတ်
ပေးထားတဲ့ ( ဘော်ထော် 50) နှင့်ငွေချေစာရွက် ပါရပါမယ်...
ဝေါ့ပါမစ်စာအုပ် တစ်အုပ်ထဲနဲ့ Visa ( ဗီဇာ) မထုပေး
ပါဘူး........။

နံပါတ်( ၃) အချက်ကို နဲနဲရှင်းပြပေးပါမယ်....
ဘော်ထော် ( 50) ဘာ့ကြောင့် တောင်းရလဲဆိုရင် ဘတ်ရိုက်တဲ့အခါ ကိုယ်ရိုက်တဲ့ သူဌေးရဲ့ နေရပ်လိပ်စာက ဘော်ထော်( 50 )ထဲမှာဘဲ
ရြိလို့ပါ.... ။

ဒါ့ကြောင့် ဘတ်အသစ်ရိုက်ထားသူတွေ အနေနဲ့ ဝေါ့ပါမစ်စာအုပ်ရပြီ ဆိုပြီးတော့ ဘော်ထော်( 50 ) ( ပထမဆုံး)ထွက်ထားတဲ့ စာရွက်တွေကို ဝေါ့ပါမစ်စာအုပ်နဲ့တွဲကိုင်ထားတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ် ။

ဘတ်အသစ်ရိုက်ထားပြီး CI လုပ်ဖို့ မျှော်နေသူများအတွက်
လူသစ်တွေအကြောင်းမထူးသေးပါဘူး။အေးရာအေးကြောင်း အလုပ် လုပ်ပြီး ငွေစုထားဖို့ အကြံပြုချင်ပါတယ်။

crd !

10/09/2022

10.9.2022 ကနေ့စပြီး 🛑 ဝေ့မန်းနီးပါတ်ဝေါ့နဲ့လွဲသူများ🛑
ငွေလွဲသူ.မှတ်ပုံတင်ရှေ့နောက် ပုံရိုက်ပေးရမည် ပုံကိုကြည်ကြည်ရိုက်ပေးပါ❗

ငွေထုတ်သူနာမည် မှတ်ပုံတင်နံပါတ်အပြည့်စုံရေးပေးရမယ် ငွေထုတ်သူ မြန်မာဖုန်းနံပါတ် ပေးရမယ်❗
ဖုန်းနံပါတ်ကို မှန်အောင်ပေးရမည် မှားခဲ့ပါက
ငွေထုတ်မရရင် တစုံတခုဖြစ်ရင် လုံးဝတာဝန်မယူပါ❌
ဝေ့က ဇယားတအား ရှုပ်လာပြီး။ အများသူငှာ အဆင်ပြေအောင် အထူးသတိပြုကြပါ ....🙏

ที่อยู่

Maha Chai

เบอร์โทรศัพท์

+66911169169

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Happy Online Shoppingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์