Khin Myo Myat - Wa Lone Lay

Khin Myo Myat - Wa Lone Lay Khinmyomyat Myat fb အကောင့်လေးပျက်သွားလို့ page ပြောင်းပြီး သုံးပါမယ်ရှင်

ဘဝမှာ အမြဲရုန်းကန်နေရတာကိုကြိုးစားနေတာလို့ မထင်နဲ့။စီးဆင်းပုံမှားနေတာလည်း ဖြစ်နိုင်တယ်။လူငယ်တစ်ယောက်က Laozi ကို မေးတယ်။“...
10/09/2026

ဘဝမှာ အမြဲရုန်းကန်နေရတာကို
ကြိုးစားနေတာလို့ မထင်နဲ့။
စီးဆင်းပုံမှားနေတာလည်း ဖြစ်နိုင်တယ်။

လူငယ်တစ်ယောက်က Laozi ကို မေးတယ်။

“ဆရာ…
ကျွန်တော် တော်တော်ကြိုးစားပါတယ်။

မနက်ကနေ ညအထိ အလုပ်လုပ်တယ်။
တိုးတက်ဖို့ စာဖတ်တယ်။
ပိုက်ဆံရှာတယ်။
Goal တွေချတယ်။

ဒါပေမယ့် ဘာလို့
ဘဝက အမြဲပင်ပန်းနေတာလဲ။”

Laozi က ပြန်မေးတယ်။

“မြစ်ရေကို မြင်ဖူးလား။”

“မြင်ဖူးပါတယ်။”

“မြစ်ရေက ရှေ့ရောက်ဖို့
ကြိုးစားနေတာ မြင်ဖူးလား။”

လူငယ်က ငြိမ်သွားတယ်။

Laozi က ဆက်ပြောတယ်။

“ရေက မရုန်းဘူး။
ဒါပေမယ့် ရောက်တယ်။

ကျောက်တုံးတွေ့ရင်
တိုက်မပစ်ဘူး။
ဘေးက ကွေ့သွားတယ်။

နိမ့်တဲ့နေရာတွေ့ရင်
ဆင်းသွားတယ်။

လမ်းပိတ်ရင်
လမ်းအသစ်ရှာတယ်။

ဒါပေမယ့်
သူသွားရမယ့်အရပ်ကို
ဆက်သွားနေတယ်။”

လူငယ်က မေးတယ်။

“ဒါဆို မကြိုးစားရတော့ဘူးလား။”

Laozi က ပြုံးတယ်။

“မကြိုးစားနဲ့လို့ မပြောဘူး။

မလိုအပ်ဘဲ မရုန်းနဲ့လို့ ပြောတာ။”

တချို့လူတွေ
ကိုယ်နဲ့မကိုက်တဲ့အလုပ်ကို
ဇွတ်လုပ်နေတယ်။

ကိုယ်နဲ့မကိုက်တဲ့လူတွေနဲ့
ဇွတ်ပေါင်းနေတယ်။

မပြောင်းနိုင်တဲ့အရာတွေကို
ဇွတ်ပြောင်းဖို့ကြိုးစားနေတယ်။

ကိုယ်မဟုတ်တဲ့လူတစ်ယောက်ဖြစ်ဖို့
နေ့တိုင်းဇွတ်လုပ်နေတယ်။

ပြီးတော့—

“ဘဝက ပင်ပန်းလိုက်တာ”
လို့ ပြောတယ်။

ဘဝက ပင်ပန်းတာလည်း ဖြစ်နိုင်တယ်။

ဒါပေမယ့်
ကိုယ်က ရေစီးကြောင်းပြောင်းပြန်
ကူးနေတာလည်း ဖြစ်နိုင်တယ်။

လူငယ်က ထပ်မေးတယ်။

“ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။”

Laozi က ပြောတယ်။

“ကိုယ့် Flow ကို သိအောင်လုပ်။

ဘယ်အလုပ်လုပ်ရင်
အချိန်မေ့သွားသလဲ။

ဘယ်သူတွေနဲ့ရှိရင်
ကိုယ့် Energy တက်လာသလဲ။

ဘယ်နေရာမှာရှိရင်
ကိုယ့်စိတ်ရှင်းလာသလဲ။

ဘာတွေကို လွှတ်ချလိုက်ရင်
ဘဝပိုပေါ့သွားသလဲ။

ဒါတွေကို ကြည့်။”

Master Your Flow ဆိုတာ
အရာရာကို Control လုပ်နိုင်ဖို့ မဟုတ်ဘူး။

ကိုယ့်ကိုကိုယ် နားလည်ဖို့။
ကိုယ့်အာရုံကို စီမံဖို့။
ကိုယ့် Energy ကို စီမံဖို့။
ကိုယ့်ဘဝရဲ့ စီးဆင်းမှုကို နားလည်ဖို့။

ဘယ်အချိန်မှာ တွန်းရမလဲ သိရမယ်။

ဘယ်အချိန်မှာ စောင့်ရမလဲ သိရမယ်။

ဘယ်အချိန်မှာ လမ်းပြောင်းရမလဲ သိရမယ်။

ဘယ်အချိန်မှာ လွှတ်ချရမလဲ သိရမယ်။

အဲ့ဒါကို Taoism မှာ
Wu Wei — 無為 လို့ခေါ်တယ်။

ဘာမှမလုပ်တာ မဟုတ်ဘူး။

အတင်းအကျပ် မလုပ်တာ။

ရေလိုပဲ။

ပျော့တယ်။
ဒါပေမယ့် အားမနည်းဘူး။

မတိုက်ခိုက်ဘူး။
ဒါပေမယ့် ရောက်တယ်။

မရုန်းဘူး။
ဒါပေမယ့် စီးဆင်းနေတယ်။

ဘဝမှာလည်း
ပိုကြိုးစားဖို့ပဲ အမြဲမစဉ်းစားနဲ့။

တခါတလေ မေးရမှာက—

“ငါ ပိုကြိုးစားဖို့လိုတာလား။
ဒါမှမဟုတ်
ငါ့ Flow ကို ပြန်ရှာဖို့လိုတာလား။”

ရုန်းကန်နေရတာ
ထုံးစံဖြစ်နေပြီဆိုရင်

Master Your Flow
မဖြစ်သေးတာလည်း ဖြစ်နိုင်တယ်။

လာမယ့် ရက် ၃၀ အတွင်း ဘဝကို ပိုကောင်းအောင်ပြန်စဖို့ဘဝကို ပြန်စချင်တယ်ဆိုတိုင်း အရာအားလုံးကို ပစ်ထားပြီး ပျောက်ကွယ်သွားဖို...
06/09/2026

လာမယ့် ရက် ၃၀ အတွင်း ဘဝကို ပိုကောင်းအောင်ပြန်စဖို့

ဘဝကို ပြန်စချင်တယ်ဆိုတိုင်း အရာအားလုံးကို ပစ်ထားပြီး ပျောက်ကွယ်သွားဖို့ မလိုပါဘူး။ မြို့သစ်တစ်မြို့ကို ပြောင်းသွားဖို့လည်း မလိုသလို၊ လုံးဝလူသစ်တစ်ယောက် ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြောင်းပစ်ဖို့လည်း မလိုပါဘူး။

တစ်ခါတလေ ဘဝကို ပြန်ညှိတယ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ပုံစံကနေ တဖြည်းဖြည်း ဝေးကွာသွားစေတဲ့ အလေ့အကျင့်တွေ၊ လူတွေ၊ ဘဝနေထိုင်ပုံတွေကို ရပ်တန့်လိုက်ဖို့ပါပဲ။

📍DAYS 1–3 | ပထမ ၃ ရက် — ပတ်ဝန်းကျင်ကို ရှင်းလင်းပါ

အခန်းကို ရှင်းပါ။ စားပွဲကို ရှင်းပါ။ မလိုအပ်တဲ့ App တွေကို ဖျက်ပါ။ ကိုယ့်ကို သူများနဲ့ အမြဲနှိုင်းယှဉ်မိစေတဲ့၊ စိတ်တိုစေတဲ့၊ စိတ်ညစ်စေတဲ့ Account တွေကို ဆက်Followမလုပ်ပါနဲ့။

ကိုယ့်ပတ်ဝန်းကျင် ရှင်းလင်းလာရင် စိတ်လည်း အလိုလို ပိုရှင်းလာတတ်ပါတယ်။

📍DAYS 4–7 | နောက် ၄ ရက် — အိပ်ရေးကို ဂရုစိုက်ပါ

နေ့တိုင်း အချိန်မှန်အိပ်၊ အချိန်မှန်နိုးဖို့ ကြိုးစားပါ။ ညနက်တဲ့အထိ ဖုန်းကြည့်ရင်း မနက်ခင်းရဲ့ လန်းဆန်းမှုကို မပျက်စီးစေပါနဲ့။

စိတ်ပင်ပန်းနေတဲ့အခါ အရာရာဟာ တကယ်ထက် ပိုခက်ခဲနေသလို ခံစားရတတ်ပါတယ်။

📍DAYS 8–10 | နောက် ၃ ရက် — အာရုံကို ပြန်စုစည်းပါ

ဘာရယ်မဟုတ်ဘဲ ဖုန်းပွတ်နေတဲ့အချိန်တွေကို လျှော့ပါ။ မိနစ်နည်းနည်းခြားတိုင်း ဖုန်းကို လှမ်းကြည့်နေတဲ့ အကျင့်ကို ရပ်ပါ။

တစ်ခါတလေ စိတ်ကို တိတ်ဆိတ်နေခွင့်ပေးပါ။ အရာအားလုံးကို အဆက်မပြတ် လိုက်ကြည့်၊ လိုက်ဖတ်၊ လိုက်သိနေဖို့ မလိုပါဘူး။ စိတ်ထဲကို အရာတွေ အမြဲဖြည့်နေခြင်းကို ခဏရပ်လိုက်တဲ့အခါ ကိုယ့်မှာ စိတ်အား ဘယ်လောက်ပြန်ရှိလာတယ်ဆိုတာ ကိုယ်တိုင် သိလာပါလိမ့်မယ်။

📍DAYS 11–13 | နောက် ၃ ရက် — ကိုယ်ခန္ဓာကို လှုပ်ရှားခိုင်းပါ

လမ်းလျှောက်ပါ။ အကြောလျှော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ဒါမှမဟုတ် ကိုယ်ရေရှည် ဆက်လုပ်နိုင်မယ့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို စလုပ်ပါ။

ပြီးပြည့်စုံဖို့ မလိုပါဘူး။ ကိုယ့်အတွေးတွေထဲမှာပဲ တစ်နေ့လုံး နစ်မြုပ်မနေဖို့က ပိုအရေးကြီးပါတယ်။

📍DAYS 14–16 | နောက် ၃ ရက် — နေ့စဉ်ဘဝကို စနစ်တကျနေပါ

နေ့တိုင်း မဖြစ်မနေ လုပ်မယ့်အရာလေးတွေ သတ်မှတ်ထားပါ။ အိပ်ရေးဝဝအိပ်မယ်၊ ကိုယ်လက်လှုပ်ရှားမယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားမယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစိုက်မယ်၊ ကိုယ့်အတွက် တိတ်ဆိတ်တဲ့အချိန်လေး ဖယ်ထားမယ်။

နေ့စဉ်ဘဝလေးတွေ ပိုကောင်းလာတဲ့အခါ ဘဝတစ်ခုလုံးလည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။

📍DAYS 17–19 | နောက် ၃ ရက် — စိတ်ပင်ပန်းစေသူတွေနဲ့ ခပ်ဝေးဝေးနေပါ

ရန်ဖြစ်ဖို့၊ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုပါဘူး။ ကိုယ့်ဘဝထဲကို သူတို့ ဝင်ရောက်ခွင့်ရနေတဲ့ အတိုင်းအတာကို လျှော့ချလိုက်ပါ။ ကိုယ့်အကြောင်းကိုလည်း ထပ်ခါထပ်ခါ ရှင်းပြနေဖို့ မလိုပါဘူး။

ဝေဖန်တာ၊ ချုပ်ကိုင်တာ၊ အရှုပ်အထွေးတွေ ဖန်တီးတာတွေနဲ့ပဲ ပြည့်နေတဲ့ ဆက်ဆံရေးတွေကနေ ကိုယ့်စိတ်ကို ကာကွယ်ပါ။

📍DAYS 20–22 | နောက် ၃ ရက် — ရှောင်နေခဲ့တဲ့အရာကို ရင်ဆိုင်ပါ

ဆက်သင့်တဲ့ဖုန်းရှိရင် ဆက်လိုက်ပါ။ ပြောသင့်တဲ့စကားရှိရင် ပြောလိုက်ပါ။ ပေးစရာရှိတာရှိရင် ပေးလိုက်ပါ။ ပြီးအောင်လုပ်ရမယ့်အလုပ်ရှိရင် ပြီးအောင်လုပ်လိုက်ပါ။

မရင်ဆိုင်ချင်လို့ ရှောင်နေခဲ့တဲ့ အမှန်တရားကိုလည်း လက်ခံလိုက်ပါ။

ရှောင်လေလေ စိတ်ပူပန်မှု ပိုများလေလေပါပဲ။ စလုပ်လိုက်တဲ့အခါမှ စိတ်သက်သာရာရတတ်ပါတယ်။

📍DAYS 23–25 | နောက် ၃ ရက် — စိတ်ကို ခဏနားခိုင်းပါ

နေ့စဉ် ၁၀ မိနစ်၊ ၁၅ မိနစ်လောက် တိတ်တိတ်ဆိတ်ဆိတ် နေကြည့်ပါ။ တရားထိုင်ပါ။ ဆုတောင်းပါ။ ဒါမှမဟုတ် ကိုယ့်စိတ်ထဲက အတွေးတွေကို စာရေးချပါ။

ပြီးရင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ ....

“ငါ မလိုအပ်တော့တဲ့ ဘာတွေကို ခုထိ သယ်ဆောင်ထားမိနေတာလဲ”

📍DAYS 26–27 | နောက် ၂ ရက် — ဘဝမှာ ဘာက အရေးကြီးလဲ ပြန်စဉ်းစားပါ

ကိုယ့်အတွက် တကယ်အရေးကြီးတာ ဘာတွေလဲ။

ကျန်းမာရေးလား။ မိသားစုလား။ စိတ်အေးချမ်းမှုလား။ အလုပ်အကိုင်လား။ ဆက်ဆံရေးလား။ ဘဝရဲ့ ရည်ရွယ်ချက်လား။

အရေးပါမှု မတူညီတဲ့အရာအားလုံးကို အချိန်နဲ့ စိတ်အား တူတူပေးနေဖို့ မလိုပါဘူး။

📍DAYS 28–29 | နောက် ၂ ရက် — အတိတ်ကို လက်လွှတ်သင့်တာ လက်လွှတ်ပါ

ဖြစ်ပြီးခဲ့တာတွေကို ပြန်ပြင်လို့ မရတော့ပါဘူး။

ဒါပေမဲ့ သင်ခန်းစာယူလို့ရတယ်။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လို့ရတယ်။ မနေ့က ဖြစ်ခဲ့တာတွေကြောင့် ဒီနေ့ရဲ့ ဆုံးဖြတ်ချက်တိုင်းကို ဆက်ပြီး အုပ်ချုပ်ခွင့်မပေးဖို့လည်း ရပါတယ်။

📍DAY 30 | ရက် ၃၀ မြောက်နေ့ — ကိုယ့်အတွက် စည်းမျဉ်းအသစ်တွေ သတ်မှတ်ပါ

ဆက်ထိန်းထားချင်တဲ့ အလေ့အကျင့်တွေကို ရေးချပါ။ ကိုယ့်အတွက် လိုအပ်တဲ့ စည်းမျဉ်းတွေကို သတ်မှတ်ပါ။ ကိုယ့်ဘေးမှာ ဘယ်လိုလူတွေ ရှိစေချင်လဲ စဉ်းစားပါ။ ကိုယ်ဖြစ်ချင်တဲ့ လူတစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။

ပြီးရင် အဲဒီအတိုင်း နေထိုင်ဖို့ စတင်လိုက်ပါ။

ရက် ၃၀ အတွင်း ဘဝကို ပြန်ညှိတယ်ဆိုတာ ပြီးပြည့်စုံတဲ့လူတစ်ယောက် ဖြစ်လာဖို့ မဟုတ်ပါဘူး။

ကိုယ့်ဘဝရဲ့ ဦးတည်ရာကို ပြောင်းနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သက်သေပြဖို့ပါ။

သင့်အတွက် ဘဝအသစ်တစ်ခု လိုအပ်နေတာ မဟုတ်ပါဘူး။

တစ်ခါတလေ လိုအပ်တာက အလေ့အကျင့်အသစ်လေးတွေ၊ ပိုခိုင်မာတဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ၊ ပိုရှင်းလင်းတဲ့ ဦးစားပေးမှုတွေနဲ့ ကိုယ့်ကို နာကျင်စေတဲ့အရာတွေကို ထပ်ခါထပ်ခါ လုပ်နေခြင်းကနေ ရပ်တန့်ရဲတဲ့ သတ္တိလေးပါပဲ။

ရက် ၃၀ ကြာတဲ့အခါ သင့်ဘဝအခြေအနေအားလုံး လုံးဝပြောင်းလဲသွားမှာမျိုးတော့ ဖြစ်ချင်မှဖြစ်လိမ့်မယ်။

ဒါပေမဲ့ ....

နေ့တိုင်း ကိုယ်လုပ်နေတဲ့အရာတွေကို ပြောင်းလဲနိုင်ခဲ့ရင်
ဒီဘဝတစ်ခုတည်းမှာပဲ
လုံးဝကွဲပြားတဲ့ ကိုယ့်ကိုယ်ကို
တည်ဆောက်နိုင်ပါတယ်။

HOW TO DO A HARD RESET ON YOUR LIFE IN THE NEXT 30 DAYS

You don't need to disappear, move to another city, or become a completely different person.

Sometimes a hard reset simply means stopping the habits, people, and patterns that are quietly taking you away from the person you want to become.

DAYS 1–3: CLEAN YOUR ENVIRONMENT
Clean your room. Clear your desk. Delete useless apps. Unfollow accounts that constantly trigger comparison, anger, or negativity. A calmer environment makes it easier to create a calmer mind.

DAYS 4–7: FIX YOUR SLEEP
Go to bed and wake up around the same time every day. Stop sacrificing your mornings to late-night scrolling. A tired mind makes everything feel harder than it really is.

DAYS 8–10: DETOX YOUR ATTENTION
Reduce mindless scrolling. Stop checking your phone every few minutes. Give your brain periods of silence. You will be surprised how much mental energy returns when you stop consuming everything.

DAYS 11–13: MOVE YOUR BODY
Walk, stretch, exercise, or do whatever physical activity you can maintain consistently. Don't chase perfection. Just stop living entirely inside your head.

DAYS 14–16: FIX YOUR DAILY ROUTINE
Choose a few non-negotiables: sleep, movement, nutritious food, focused work, and some quiet time. Your life changes when ordinary days become healthier.

DAYS 17–19: DISTANCE YOURSELF FROM DRAINING PEOPLE
You don't need a dramatic confrontation. Reduce access. Stop explaining yourself repeatedly. Protect your energy from relationships built entirely around criticism, manipulation, or chaos.

DAYS 20–22: FACE WHAT YOU'VE BEEN AVOIDING
Make the phone call. Have the conversation. Pay the bill. Finish the task. Admit the truth you've been avoiding. Avoidance creates anxiety; action creates relief.

DAYS 23–25: RESET YOUR MIND
Spend 10–15 minutes each day in silence, meditation, prayer, or journaling. Ask yourself: "What am I carrying that I no longer need to carry?"

DAYS 26–27: RESET YOUR PRIORITIES
Decide what actually matters to you. Your health? Family? Peace? Career? Relationships? Purpose? Stop giving equal attention to things that have completely different levels of importance.

DAYS 28–29: MAKE PEACE WITH THE PAST
You cannot change what happened. You can learn from it, forgive yourself, and stop allowing yesterday to dictate every decision you make today.

DAY 30: CREATE YOUR NEW RULES
Write down the habits you want to keep, the boundaries you need, the people you want around you, and the kind of person you want to become. Then start living accordingly.

A hard reset isn't about becoming perfect in 30 days.

It's about proving to yourself that you can change direction.

You don't need a new life.

You may simply need new habits, stronger boundaries, clearer priorities, and the courage to stop repeating what keeps hurting you.

Thirty days from now, your circumstances may not be completely different.

But if you change what you do every day...

you can become a completely different person within the same life.

English text - Buddhism page
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

04/09/2026

" သမီးလေးဖတ်ဖို့ "
သမီးရေ
ဒီလောကကြီးထဲမှာလေ
သမီးက အချစ်ခံရဖို့ထိုက်တန်တဲ့သူပါ
အချစ်ခံရဖို့
သမီးရဲ့ဖြစ်တည်မှုကိုပြောင်းလဲစရာမလိုဘူးနော်
မေမေက သမီးကိုချစ်တယ်ဆိုတာ
သမီးလေး လိမ္မာလို့ချစ်တာမျိုးမဟုတ်ဘူး
သမီးလေး တော်လို့ချစ်တာမျိုးလဲမဟုတ်ပြန်ဘူးကွဲ့
သမီးဟာ သမီးဖြစ်နေလို့ကို ချစ်တာပါ
မှတ်ထားနော်ကလေးလေးရေ
သမီးက တော်အောင်ကြိုးစားရမယ်
သမီးက ကောင်းအောင်လည်းကြိုးစားရမယ်
ဒါဟာသမီးဘဝကိုကောင်းကောင်းရှင်သန်ဖို့အတွက်ကြိုးစားရတာပါ
တစ်စုံတစ်ယောက်ကချစ်ပေးတာခံရဖို့ ကြိုးစားရတာမဟုတ်ဘူးနော်
မှတ်ထားသမီးလေး
ဒီလောကကြီးထဲမှာလေ
ဘယ်သူမှသမီးကိုချစ်မပေးရင်တောင်
မေမေက သမီးကိုချစ်တယ်
မေမေ့အတွက် သမီးဟာလိမ္မာစရာလဲမလိုဘူး
မေမေ့အတွက် သမီးဟာတော်စရာလဲမလိုဘူး
သမီးက မေမေ့သမီးဖြစ်နေရုံနဲ့တင်
မေမေက သမီးကိုအမြဲတမ်းချစ်ပါတယ်

#ထိုင်းရောက်မေမေ
#သမီးတွေနဲ့ပိုကောင်းတဲ့အနာဂါတ်ကိုတည်ဆောက်မယ်
#သမီးလေးဖတ်ဖို့

ဒီလိုနဲ့ ၁၄ ရက်မနက်အစော ဘန်ကောက်ရောက်ပြီထိုင်းမှာ ဘတ်ရိုက်ဖို့ကလဲ မဖွင့်သေးဘူး ဘတ်ဖွင့်ဖို့ကလဲမသေချာ၊ တက်လက်စသင်တန်းလေးလ...
03/09/2026

ဒီလိုနဲ့ ၁၄ ရက်မနက်အစော ဘန်ကောက်ရောက်ပြီ
ထိုင်းမှာ ဘတ်ရိုက်ဖို့ကလဲ မဖွင့်သေးဘူး
ဘတ်ဖွင့်ဖို့ကလဲမသေချာ၊ တက်လက်စသင်တန်းလေးလဲရှိတော့ စာတွေလုပ်ရင်း ကွန်ပျူတာအခြေခံသင်ပေးလက်စကလေးတွေကို online ကသင်ပေးပြီး တခြားနိုင်ငံ ဆက်သွားဖို့ ကြိုးစားမယ်ပေါ့
တကယ်က စိတ်ပဲရှိတာ သမီးတွေကိုခေါ်ချင်တာက အဓိကမလား
ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းမှာဘတ်မဖွင့်ရင်တော့ အထောက်အထားမရှိပဲနေလို့မဖြစ်ပါဘူးပေါ့
စိတ်ထဲ ဝင်ငွေမရှိပဲနဲ့လဲ နေလို့တော့မရတော့ အချိန်ပိုင်းအလုပ်လုပ်ရင်ကောင်းမယ်ဆိုပြီး အလုပ်စပြီး ရှာပါပြီ
ဒီချိန်ထိကိုယ့်ကို လမ်းညွှန်ပေးမယ့်သူဘယ်သူမှမရှိနေဘူး
ဒီလိုနဲ့စဥ်းစားတယ်
မြန်မာဂရုတွေထဲ အလုပ်ရှာရင်ဖြစ်ပါ့မလားပေါ့
မြန်မာဂရုတွေထဲအလုပ်ရှာရအောင် မြန်မာအလုပ်ရှင်တွေက ခေါ်တာမှမဟုတ်တာပေါ့
မြန်မာနိုင်ငံမှာတောင် သက်ဆိုင်ရာဂရုတွေကနေအလုပ်ခေါ်ကြသေးတာ ထိုင်းမှာလဲရှ်ိနိုင်တယ်ဆိုပြီး အင်္ဂလိပ်လိုရိုက်ရှာတော့ အလုပ်တွေတွေ့ပါပြီ
ဒီလိုနဲ့ ရောက်ပြီးနှစ်ရက်မြောက်မှာ အလုပ်ရှာတော့ အင်တာဗျူးတစ်ခုရတယ်
အမေရိကန် မိသားစုက အချိန်ပိုင်းကလေးထိန်းခေါ်တာ
အင်္ဂလိပ်စကားကကိုယ့်ကိုကိုယ်အားမရ
အင်တာဗျူးနေရာကို ဘယ်လိုသွားရမလဲမသိလို့ အသိညီမလေးတွေမေးတော့ မြန်မာကယ်ရီတစ်ယောက်နဲ့ချိတ်ပေးတယ်
ဒီလိုနဲ့ အင်တာဗျူးသွားတော့ သူတို့သဘောကျတာနဲ့ အလုပ်လာဆင်းပေါ့
နေစရာက အဝေးကြီး
သူတို့အိမ်မှာလာနေဖို့ပြောပေမယ့် သူများစုံတွဲငယ်ငယ်လေးတွေရှိနေတဲ့အိမ်မှာ ဘယ်လိုမှသွားမနေချင်တာနဲ့ မလုပ်ခဲ့ရပြန်ဘူး
ဒီလိုနဲ့ သင်တန်းကစာတွေလိုက်လုပ်ရင်းနဲ့ ဝင်ငွေမရှိတော့စိတ်ကငြိမ်မနေပြန်ဘူး
ဒီလိုနဲ့ ပတ္ထရာအလုပ်ရှာမယ်ဆိုပြီး ယောင်ချာချာနဲ့ရောက်သွားရော
ပထမဆုံး ရတဲ့အလုပ်က ဝေါ်ကိဆိုင်
နေ့လည် ၂ နာရီကနေ ည၁၂ထိတဲ့
ညဘက် ဘယ်လိုမှမလုပ်နိုင်တော့ မလုပ်ခဲ့ရပြန်ဘူး
အလုပ်ရှာရတာအဆင်မပြေမှတော့ ဘန်ကောက်ပြန်မယ်ဆိုပြီးပြန်ချလာတာ
မြန်မာအမတစ်ယောက်အတွက် part time စာရင်းဆွဲပြီးတာနဲ့ ဒီဇင်ဘာလထဲရောက်နေပြီဆိုတော့ အချိန်ပိုင်း ကလေးထိန်းအလုပ်တွေရှာပြီး လုပ်ရော
အလည်အပတ်လာတဲ့ နိုင်ငံခြားသားတွေက ကလေးထိန်းအချိန်ပိုင်းကို စျေးကောင်းပေးပြီးခေါ်ကြတယ်
တစ်ရက် ၈၀၀၊ ၁၀၀၀ ပေးကြတယ်
ပထမဆုံးလုပ်ခဲ့တာက ကျန်တာ ထပ်ရေးပါအုံးမယ်ရှင်

#ထိုင်းရောက်မေမေ
#သမီးတွေနဲ့ပိုကောင်းတဲ့အနာဂါတ်ကိုတည်ဆောက်မယ်

01/09/2026

I got over 3,500 reactions on my posts last week! Thanks everyone for your support! 🎉

31/08/2026

ကြက်ဟင်းခါးသီးကြော်
ဆိုင်ကယ်နဲ့ရောင်းတဲ့အသည်ဆီက တောကြက်ဟင်းခါးသီးလေးတွေရတာနဲ့ လျှာဖျားလေးကတောင့်တနေလို့ကြော်စားလိုက်တယ်ရှင်
ကြက်ဟင်းခါးသီးပါးပါးလှီး၊ ဆားနဲ့နာနာနယ်ပြီးရေဆေး
ကြက်သွန်ဖြူ၊နီ၊ပုဇွန်ခြောက်လေးဆီသတ်ပြီးကြော်
ခုလိုစိမ်းစိမ်းဆက်ဆက်လေးမှ စားကောင်းတယ်ရှင်😋😋

ဒီလိုနဲ့ကမ်းကူးပြီးမယ်ဆိုင်ဘက်အခြမ်းကိုရောက်ရောကိုယ်တွေလာတဲ့နေ့က ၂၀၂၄ နိုဝင်ဘာ ၁၃  တာချီလိတ်ကနေဘန်ကောက်အရောက် ဘတ်တစ်သောင...
30/08/2026

ဒီလိုနဲ့ကမ်းကူးပြီးမယ်ဆိုင်ဘက်အခြမ်းကိုရောက်ရော
ကိုယ်တွေလာတဲ့နေ့က ၂၀၂၄ နိုဝင်ဘာ ၁၃ တာချီလိတ်ကနေဘန်ကောက်အရောက် ဘတ်တစ်သောင်းပေးခဲ့ရတယ်
မယ်ဆိုင်ရောက်တော့ ဖုန်းက အင်တာနက်မရ လာကြိုမယ့်သူကလဲ ဘယ်သူမှန်းမသိနဲ့ ယောင်လည်လည်
ဒီလိုနဲ့ လာရောင်းတဲ့ ဆင်းမ်ကဒ်ဝယ်ပြီး ပွဲစားကို ဖုန်းဆက်ရရော
ဒီမှာတင် ပွဲစားက ၂ဆင့်ရှိပြီ
ကုလားလေးလာကြိုမယ်လို့ပြောပေမယ့် ဘာဆက်သွယ်စရာမှမပေး
ဆိုင်ကယ်နဲ့ လူရှာနေတယ်ထင်ရတဲ့ ကုလားဆင်တစ်ယောက်ကိုသွားမေးတော့ ဟုတ်တယ်ဆိုပြီးလိုက်ချလာတာ
အဲ့အချိန်မှာ ပါလာတဲ့အထုပ်က တာချီလိတ်က လက်ဖက်ရည်ဆိုင်မှာကျန်ခဲ့ပြီ သူတို့က လူချည်းပဲ ကမ်းကူးခိုင်းတာ
လာကြိုတဲ့သူကိုလဲကြိုပြောမထားကြဘူး
သူတို့က အထုပ်တွေယူပေးရမယ်ဆို ပိုက်ဆံပေးရမယ်တဲ့လုပ်ရော
ဒါနဲ့ပဲ ok ပေးမယ်ဆိုပြီး သူ့ဆိုင်ကယ်နောက်ကို တက်လိုက်လာတာ အိမ်တစ်အိမ်ကိုရောက်ရော
ပွဲစားတစ်ယောက်အိမ်ပဲ သူက အဓိက မြန်မာဘက်အခြမ်းကို တာဝန်ယူပေးတဲ့ဂေါင်ပွဲစား
ပြဿနာစပါပြီ
ကိုယ်တွေ Passport ကို ယူပြီး ဘတ် ၆၅၀၀ ထပ်တောင်းရော
မပေးနိုင်တော့ဘူး အစကတည်းက အပြီးအစီးပေးလာတာ ထပ်မပေးဘူးပေါ့
ကိုယ့်ပွဲစားဆီကိုဆက်ပြီး သူနဲ့အရင်ရှင်းမယ်ပေါ့
ကိုယ်တွေပွဲစားက ခနစောင့်ဆိုပြီးရှင်းတော့မှ သူကလဲတိုက်ရိုက်မဟုတ် ကြားထဲ ၂ယောက်ကျော်မှ ဒီပွဲစားဆီရောက်တာ
ကြားထဲက နှစ်ယောက်နဲ့ တစ်ဆင့်ချင်းဆက်ကြ၊ပြောကြနဲ့ ဒီပွဲစားက စိတ်မရှည်ပဲ ကိုယ်တွေကို ခြိမ်းခြောက်ပါလေရော
နင်တို့ကို အခုရဲလက်အပ်မယ်ပေါ့
အတူပါလာတဲ့အမက ကြောက်နေပြီ
ကိုယ်လဲနည်းနည်းတော့စိုးရိမ်ပေမယ့် ကြောက်မပြဘူး
ငါတို့က တရားဝင် လာတာ အမတို့က ဘာကိစ္စရဲလက်အပ်လို့ရမှာလဲ
အမတို့သာ ကျွန်မတို့ Passport ယူထားတာ တရားမဝင်ဘူးဆိုပြီး ပြန်ပြော
ဟိုပွဲစားကလဲ ကြားထဲကလူတွေကတစ်ဆင့် အချေအတင်ညှိကြနှိုင်းကြနဲ့ တစ်လမ်းလုံးပင်ပမ်းလာသမျှ အမောဆို့ရော
စိတ်ထဲ ငါတို့ကို ဒီချိန်လက်စဖျောက်လိုက်ရင်တောင် ဘယ်သူမှသိလိုက်မှာမဟုတ်ဘူးလို့တော့တွေးမိသေးတယ်
ပွဲစားအားကိုးပြီး လာရတဲ့ကိစ္စက အင်မတန်အန္တရာယ်များတဲ့ကိစ္စ
ဒါတောင် တရားဝင် လာတာနော်
ဒီလိုနဲ့ ဒီပွဲစားက သူလိုချင်တဲ့ပမာဏမရမချင်း ကိုယ်တွေကိုခြိမ်းခြောက်၊ ဟိုပွဲစားတွေကိုပြဿနာရှာ
ဟိုဘက်ပွဲစားတွေက ညှိနှိုင်းပေးနေတာပါ
သူကိုက အာရုံနောက်တယ် လုပ်ပစ်မယ်ချည်းချနေတာ တကယ့်အယုတ်တမာတွေ
ရဲနဲ့ခြောက်လို့ မကြောက်မှန်းသိတော့ လဝကကို သူပိုင်တယ်၊ သူက မြန်မာလဝကမှာလုပ်လာတာ နှစ်အကြာကြီးတဲ့ နင်တို့ passoprt တွေကို Blacklist တုံးထုခိုင်းပစ်မယ်တဲ့
ကိုယ်က ကိုယ့်ပွဲစားကိုဖိအားပေးနဲ့ တနေ့လည်လုံး အကြိတ်အနယ်ရှင်းလိုက်ရတာမောလို့
နောက်ဆုံး ဘယ်လိုပြီးသွားကြလဲမသိဘူး အဆင်ပြေသွားတယ်
ညနေစောင်းမှ ကိုယ်တွေကိုထမင်းကျွေးပြီး ကားဝန်းကိုလိုက်ပို့ လက်မှတ်ဖြတ်ပေးပြီးပြန်ရော
မယ်ဆိုင်ကားဝန်းမှာ ထိုင်းစကားကတစ်လုံးမှမတက်ပဲယောင်ချာချာနဲ့ ကားနံပါတ်တူတဲ့မြန်မာအချင်းတွေတွေ့ရော
တာချီလိတ်လာတဲ့လမ်းမှာကားအတူစီးခဲ့တဲ့ ညီမလေးတွေနဲ့ပါပြန်တွေ့တယ်
ဒီလိုနဲ့ ကားစီးလာလိုက်တာ ဖြစ်ချင်တော့ ကားက လမ်းမှာမနားပဲ တောက်လျှောက်မောင်းတော့ ညစာလဲငတ်
ကားပေါ်မှာကျွေးတဲ့မုန့်ထုပ်လေးနဲ့ အအေးလေးသောက်ပြီး မနက် ၆နာရီကျော်လောက် မော်ချစ်ကားဝန်းကိုရောက်ရော
လာကြိုမယ့်သူဖုန်းဆက်ပြီးတာနဲ့ ဒို့အထုပ်တွေကို ကယ်ရီသမား ထိုင်းမတွေ မတင်သွားတာ ယောင်ချာချာနဲ့ ပါလာရော
ထိုင်းမက ဒို့ကို ဗျူးတီးဖူး ဘာညာနဲ့ ရွှန်းရွှန်းဝေအောင်ပြောပြီး လာလိုက်တာ ကားဝန်းထိပ်ရောက်ရော သူတောင်းသလောက်ပေးလိုက်မိလို့ ရယ်နေရသေးတယ်
ဒီလိုနဲ့ လာကြိုတဲ့မောင်လေးရောက်လာပြီး ကားငှားပြီး နေမယ့်နေရာရောက်ရော
ရှေ့ကရောက်နေတဲ့အမငှားထားတဲ့ အခန်းမှာပဲ စပ်တူနေကြမယ်ဆိုတော့ နေစရာက အဆင်သင့်
ဒီလိုနဲ့ ဘန်ကောက်ရောက်ပါပြီ
တာချီလိတ် - မယ်ဆိုင်ကမ်းကူးစျေးတွေက ခုတော့ တစ်သောင်းကနေ တစ်သောင်းခွဲထိ စျေးပေါက်နေပါပြီ
ကဲ ဘန်ကောက်တော့ ရောက်ပြီ
နောက်ပိုင်း အလုပ်ဘယ်လိုရှာခဲ့ရလဲ ဆက်ရေးပါအုံးမယ်ရှင်
ပုံက တာချီလိတ်က တည်းခိုခန်းမှာ ရိုက်ခဲ့တဲ့ပုံပါ
မြန်မာနိုင်ငံမှာ နောက်ဆုံးပုံပါရှင်😞😞

29/08/2026

ကျွန်မထိုင်းကိုလာဖို့ အိမ်ကစထွက်လာတာ ၂၀၂၄ နိုဝင်ဘာ ၁၀ ရက်
မြတ်မန္တလာထွန်း နံနက် ၁၀ခွဲကားနဲ့ ရန်ကုန်အောင်မင်္ဂလာ ကနေ တာချီလိတ်ကိုကားစီးလာတာ
အိမ်ကနေ အကြိုက်ဆုံးအဝတ်အစားတချို့နဲ့ အသုံးအဆောင်လေးတွေ လက်ဆွဲအိတ်တစ်လုံးနဲ့ထည့်
မြန်မာနိုင်ငံကို ဘယ်တော့မှပြန်မလာတော့ဘူး၊ သမီးတွေကို ပိုကောင်းတဲ့နေရာဆီရောက်အောင်ခေါ်မယ်ဆိုတဲ့စိတ်နဲ့ စွတ်ရွတ်ပြီးထွက်ချလာတာ
အတိုးနဲ့ချေးလာတဲ့ ငွေအချို့နဲ့ မလေးမှာအလုပ်လုပ်နေတဲ့မောင်ဆီက ပိုက်ဆံတချို့ပဲပါတယ်
သမီးနှစ်ယောက်ကိုနှုတ်ဆက်ပြီးထွက်လာတော့ သမီးအကြီးဖူးက မျက်ရည်လေးစမ်းစမ်းနဲ့ ခေတ်ခေတ်လေးက မငိုဘူး
မငိုပေမယ့် ဒီအမေထွက်သွားမယ်ဆိုကတည်းက ညတွေလန့်နိုးပြီး ယောင်တာ ခနခန
မေမေ ပိုက်ဆံတွေရပြီးရင် ခေတ်တို့ဆီမြန်မြန်ပြန်လာနော်ဆိုတာပါသေးတယ်
ဒီလိုနဲ့ကားစီးလာလိုက်တာ ကားကခရီးဝေးသွားမယ့်ကားဆိုပေမယ့် ခုံလေးတွေကထိုင်လို့ရရုံပဲ
ကုန်တွေတင်လာတာက ခြေထောက်အောက်ထိအပြည့်
ကျဥ်းကျဥ်းကျပ်ကျပ်နဲ့ စီးလာလိုက်တာ လမ်းမှာမိုးတွေကတစ်လမ်းလုံးရွာ
အစစ်အဆေးကများလို့ Passport ကို ရင်ဘက်ထဲထည့်ယူလာတာ
တာချီလိတ်အဝင်မှာ တာချီလိတ်ထိပဲသွားမယ်ဆိုတဲ့အကြောင်း အတည်ပြုရမယ်ဆိုတာကြားထားလို့ လိုင်းပေါ်ကကိုယ့်ဆီစားစရာအားပေးဖူးတဲ့ အမတစ်ယောက် ဖုန်းနံပါတ် ၊ လိပ်စာတွေအကူအညီတောင်းထားရတယ်
အမက စိတ်ပူပေး၊ ကူညီပေးရှာတယ်
မန္တလေး Passport သွားလုပ်တုန်းက လမ်းမှာစစ်တော့ စကားပြောလွဲသွားတဲ့ကလေးတွေ ပါးစောင်တွေလှိမ့်ရိုက်တာ လက်တွေ့မြင်ထားတော့ စိုးရိမ်စိတ်က ရှိနေသေးတယ်
တာချီလိတ်သွားတဲ့လမ်းကြောမှာ စစ်ဆေးရေးဂိတ်တွေ အတော်များတယ်
များပေမယ့် နှိုက်နှိုက်ချွတ်ချွတ်တော့ မစစ်ဘူး
ကန့်သတ်ထားတဲ့တိုင်းနဲ့ပြည်နယ်တွေကမဟုတ်ရင် အသာလေးလွှတ်ပေးတယ်
ကားပေါ်ကဆင်း ၊ တန်းစီ၊ မှတ်ပုံတင်ပြ ကားပေါ်ပြန်တက်ရုံပဲ
ကန့်သတ်ထားတဲ့ တိုင်းကဆိုရင်တော့ ရှေ့ဆက်သွားမရဘူး
အတက်အဆင်း အလုပ်ရှုပ်တာကလွဲရင် ဘာမှမရှုပ်ဘူး
မိုးကတစ်လမ်းလုံးရွာ ၊ တောင်တက်တောင်ဆင်းလမ်းတွေကချောနဲ့ ဘယ်ချိန် ချောက်ထဲပြုတ်ကျမလဲ ရင်တမမ နဲ့ ၁၃ ရက်နေ့ ညနေမိုးချုပ်မှာ တာချီလိတ်ကိုဝင်ရော
လမ်းမှာ ၃ ညအိပ် လေးရက်ကြာ ရေမချိုးခဲ့ရ ၊ ကားထဲက အနံ့တွေနဲ့နံစော်ပြီး လူလဲခွေလဲချင်နေပြီပေါ့
တာချီလိတ်ဝင်တော့ ပွဲစားပေးတဲ့နံပါတ်ကိုဆက်၊ လူတစ်ယောက်က သုံးဘီးနဲ့လာခေါ်တယ် လမ်းမှာငွေလဲပြီးတာနဲ့ သူပြပေးတဲ့ဟိုတယ်မှာ တစ်ည ၆၀၀ ပေးရတယ်
ပါလာတဲ့ အမနဲ့ တစ်ညတည်းပြီး နောက်ရက်မနက် ကားသမားလာခေါ်ရော
အဲ့မှာ ပြဿနာစပြီး တက်ပါပြီ
တခြားရှမ်းမလေးတွေအဖွဲ့ပါ ကားပေါ်မှာပါလာတော့ နှုတ်ဆက်ပြီး နဲနဲပါးပါးစကားပြောကြည့်လိုက်တာ တွေ့ပါပြီ ပြဿနာ
သူတို့ထဲမှာ Passport ပါတဲ့သူရော၊ မပါတဲ့သူရော စုံလို့
Passport ပါတဲ့သူကလဲ ဘာဗီဇာမှမပါတဲ့အလွတ်ကြီး
သေချာပြီ သူတို့အောက်လမ်းကနေသွားကြမှာ
ဒါကိုယ်က စိတ်ထဲထင့်နေတာနဲ့ နှိုက်နှိုက်ချွတ်ချွတ်မေးလို့သိရတာ
သေချာပြီ ငါတို့လည်း အောက်လမ်းကပို့မလို့နေမှာ မဖြစ်ဘူးဆိုပြီးကားသမားပြောတော့ ကားသမားက သူလုပ်စားလာတာကြာပြီ ဒီလမ်းက တရားဝင် လာလို့မရဘူးတွေရောလုပ်ရော
ကိုယ့်ပွဲစားကိုယ်ဖုန်းဆက်ပြီး ဒီတိုင်းဆို မသွားဘူး၊ တရားဝင် ဝင်ချင်လို့မှ ဗီဇာလျှောက်လာတာ ထိုင်းမှာဘတ်မဖွင့်ရင် နောက်တစ်နိုင်ငံတရားဝင်ဆက်သွားလို့ ရမှဖြစ်မှာ မဖြစ်ဘူးဘာညာပြောတော့ သူလဲ အတူတူပဲ ထင်နေတဲ့ပုံ
အဲ့မှာကိုယ်သိထားသမျှ လိုင်းပေါ်ကနေ နှိုက်နှိုက်ချွတ်ချွတ်လေ့လာထားသမျှ ပြန်ရှင်းပြပေါ့
ကားသမားက စိတ်မရှည်တော့ဘူး ဒို့နှစ်ယောက်ကို ကားပေါ်ကနေ ချခဲ့ရော
အဲဒါနဲ့ ကိုယ့်ပွဲးစားက နောက်လူထပ်ချိတ်ပေးတယ်
ကောင်လေးတစ်ယောက်က လာခေါ်ပြီး လ္ဘက်ရည်ဆိုင်တစ်ဆိုင်ကိုခေါ်သွားရော
နောက်မှသိရတာ အဲ့ကောင်လေးက ပွဲစားလက်တိုလက်တောင်း ခေါ်ပြီးခိုင်းတဲ့ ကလေးတွေ
လ္ဘက်ရည်ဆိုင်မှာထိုင်ပြီးစောင့်ခိုင်း
အဲ့ကလေးကိုလဲ သေချာအောင်ထပ်မေးရရော
အဲ့ကလေးက ထောင့်က စားပွဲခုံကိုထိုးပြတယ်
အဲ့ဝိုင်းမှာထိုင်နေတာက ဂေါင်ပွဲစား ၊ သူက တိုက်ရိုက်မလုပ်ဘူး
အဲဒါနဲ့ ကိုယ်ကမေးချင်တယ်ဆိုတော့ အဲ့ကလေးက ခွင့်သွားတောင်းပေးရတယ်
ဒါနဲ့ တရားဝင်ဗီဇာတုံးထုပေးမှာလားဘာလား သေချာအောင်မေးတော့ ဖြေတော့ဖြေတယ် သူတို့လက်ထဲ ပက်စ်ပို့ ပေးလိုက်ရမယ်တဲ့
ဘယ်လိုကြီးလဲပေါ့ တရားဝင်ပါ့မလားပေါ့ ကိုယ်ကလဲ သေချာတဲ့ အဖြေမရမချင်းမရမကမေးတာ သူကစိတ်မရှည်
ဒီလိုနဲ့ ခနနေတော့ အဲ့ကောင်လေးက တစ်ပတ်ကဒ်လုပ်ဖို့သွားရမယ်တဲ့ ပိုက်ဆံအကြွေလိုလို့အချိုရည်ဝယ်ပြီး လိုတဲ့စာရွက်တွေထုတ်တဲ့အချိန် မှတ်ပုံတင်က ကျနေခဲ့ရော
ကဒ်လုပ်ကာနီးမှတ်ပုံတင်လိုတဲ့အချိန်ပါမလာတော့ ပူထူပြီးလိုက်ရှာ၊ အချိုရည်ဝယ်တဲ့ဆိုင်ကိုပြန်မေးတော့လဲမတွေ၊ လမ်းကလူတွေလိုက်မေး၊ ကယ်ရီသမားတွေမေးတာလဲမတွေ့ နောက်ဆုံးဆိုင်တစ်ဆိုင်က ကိုယ်တွေတစ်ခုခုရှာနေတာရိပ်မိမှ သူတို့သိမ်းထားပေးလို့ တော်ပါသေးရဲ့
ကဒ်လုပ်တော့ မေးတယ် မယ်ဆိုင်ကနေဘယ်မှမသွားတာသေချာရင် မှတ်ပုံတင်ထားခဲ့တဲ့
ဆက်သွားမှာဆို ပွင့်ပွင့်လင်းလင်းဝန်ခံပြီး ပိုက်ဆံပိုပေးခဲ့ဆိုလို့ ပိုပေးခဲ့လိုက်ရော
ဒီလိုနဲ့ ပွဲစားလက်ထောက်က မြန်မာဘက်အခြမ်းကျာ်တဲ့အထိလိုက်ပို့ပြီးတာနဲ့​ပြန် ထိုင်းဘက်အခြမ်းကိုယ့်ဘာသာ ဖြတ်လာလိုက်ရော မယ်ဆိုင်ဘက်ရောက်ပြီ
(ဒီနေရာမှာမြန်မာဘက်အခြမ်းတရားဝင်လွယ်လွယ်ကူကူဖြတ်ခဲ့တာကိုနောက်လူတွေအတွက်အခက်တွေ့စရာဖြစ်မှာစိုးတဲ့အတွက် အသေးစိတ်မရေးပါဘူးရှင်၊ သိချင်လာမေးလို့ရပါတယ်)

မယ်ဆိုင်ဘက်အခြမ်းမှာကြုံရတဲ့ပြဿနာနဲ့ ခြိမ်းခြောက်ခံရတာတွေရှိသေးတယ်
ဒါမျိုးမှမကြုံရရင် ခင်မျိုးမြတ် မဟုတ်

ကျန်တာတွေကနေ ထိုင်းရောက် ကိုယ်တိုင် အလုပ်ရှာခဲ့ရတာတွေ
ကြိုးစားရှင်သန်ခဲ့ရတာတွေ
သမီးတွေခေါ်လာခဲ့တာကနေ ခုအချိန်ထိ ဆက်ရေးသွားပါအုံးမယ်ရှင်
( ပုံကတော့ မြတ်မန္တလာထွန်းကားပေါ်မှာအမှတ်တရရိုက်ထားတာပါ)

29/08/2026

မိုးအေးအေးနဲ့ အမေကို ဖျော်ဖြေနေကြသော ရုပ်ပြောင်လေးများ
ညီမနှစ်ယောက်ပေါင်းမိပြီး ဆော့မှဆော့ပဲရှင်

ที่อยู่

Pattaya
20150

เบอร์โทรศัพท์

0618195892

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khin Myo Myat - Wa Lone Layผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khin Myo Myat - Wa Lone Lay:

ทางลัด

แชร์