Htet Shwe Nyar May

Htet Shwe Nyar May htet htet

ကံကုန်သွားတဲ့အခါ မေ့နိုင်သွားပါလိမ့်မယ်။ဘဝမှာ လူတစ်ယောက်ကို ဘယ်လိုမှ လွှတ်မချနိုင်တဲ့၊ မမေ့နိုင်တဲ့၊ မစွန့်လွှတ်နိုင်တဲ့...
10/03/2026

ကံကုန်သွားတဲ့အခါ မေ့နိုင်သွားပါလိမ့်မယ်။

ဘဝမှာ လူတစ်ယောက်ကို ဘယ်လိုမှ
လွှတ်မချနိုင်တဲ့၊ မမေ့နိုင်တဲ့၊ မစွန့်လွှတ်နိုင်တဲ့
ကာလတွေ ရှိခဲ့တယ် မဟုတ်လား…?
သူက ကိုယ်ကို မချစ်တာတောင်
ကိုယ်ကသူကို ချစ်နေရုံလေးနဲ့တင်ကျေနပ်မိတာ၊
သူက ကိုယ်အတွက် မကောင်းတဲ့သူမှန်းသိတာတောင်
လွှတ်မချနိုင်တာပေါ့။

မေ့ပစ်လိုက်ချင်တယ် ၊
ရပ်တန့်ပစ်လိုက်ချင်ပေမဲ့
ဘယ်ကနေ စရမလဲ အစအနမရှာမရတဲ့
အခိုက်တန့်တွေရှိမှာပါ ။
အဲ့အခါလည်း မလောပါနဲ့ ၌
ဒီအတိုင်း မေ့ပစ်နိုင်တဲ့ အချိန်တစ်ခုကို
ရောက်လာတဲ့အခါ မေ့ပစ်နိုင်သွားမှာပါ ။
ကံကုန်သွားတဲ့အခါ toxic relationship တွေလည်း
ရပ်တန့်သွားတာပါပဲ။
ကံကုန်တာထက် ဝဋ်ကြွေးကုန်တယ်လို့ပြောရမလား။
တချို့ဆတ်ဆံရေးတွေက ဝဋ်ကြွေးကြောင့်
ဆုံခဲ့ရတာဆိုရင် ဝဋ်ကြွေးမကုန်သရွေ့
အပြန်အလှန်ချည်နှောင်မိကြဦးမှာပဲ၊
ကံကုန်သွားတဲ့အခါ အလိုလို ဝေးကွာသွားလိမ့်မယ်။

လူတစ်ယောက်ကို မေ့ဖို့လို့တဲ့အခါ
ကြိုးစားလည်းကြိုးစားပါ ။
တကယ်လို့ ကြိုးစားလို့ မရသေးဘူးဆိုရင်
ကြိုးစားလို့ ရမဲ့အချိန်ကို စောင့်ဆိုင်းနေလိုက်ပါ။

"ကံကုန်သွားတဲ့အခါ အချစ်တွေပါ ကုန်လာလိမ့်မယ်။"



#စာတို

သိမ်းထားရမယ့်စကားများဒီတစ်ခါတော့ သိမ်းထားသင့်တဲ့စကားတွေအကြောင်းကို အစီအစဉ်တကျ ပြောပြပေးမယ်နော်။ စကားတစ်ခွန်းကို မြိုချတတ...
03/03/2026

သိမ်းထားရမယ့်စကားများ

ဒီတစ်ခါတော့
သိမ်းထားသင့်တဲ့
စကားတွေအကြောင်းကို
အစီအစဉ်တကျ ပြောပြပေးမယ်နော်။
စကားတစ်ခွန်းကို
မြိုချတတ်ဖို့က
အရေးကြီးတဲ့အတတ်ပညာတစ်ခုပါ။

၁။( ဒေါသထွက်နေချိန် )
ဒေါသဟာ အရူးအမူးဖြစ်စေတယ်
ဆိုတဲ့အတိုင်း ဒေါသထွက်နေချိန်မှာ
ပြောလိုက်တဲ့စကားတွေက
နောင်တစရာဖြစ်စေနိုင်ပါတယ်။

ဥပမာ လုပ်ဖော်ကိုင်ဖက်ကို
"မင်းကအလုပ်မတော်ဘူး" လို့
ဒေါသနဲ့ပြောမိရင်
နောက်ပိုင်းဆက်ဆံရေးခက်သွားနိုင်တယ်။

၂။( လျှို့ဝှက်ချက်များ )
သူများရဲ့လျှို့ဝှက်ချက်တွေကို
သိမ်းဆည်းထားနိုင်တာက
ယုံကြည်မှုကိုတည်ဆောက်နည်းပါ။

ဥပမာ အဖော်တစ်ယောက်ရဲ့ အိမ်ထောင်ရေးပြဿနာကို တခြားသူတွေဆီ
မပြန်ပြောမိဖို့ အရေးကြီးတယ်။

၃။( မသေချာတဲ့သတင်း )
မသေချာတဲ့သတင်းတွေကို
မပြန်ပြောမိဖို့ သတိထားပါ။
ဥပမာ "ဒီကုမ္ပဏီပြိုလဲတော့မယ်"
ဆိုတဲ့ အတည်မပြုရသေးတဲ့သတင်းမျိုး။

၄။ ( နာကျင်စေမယ့်စကား )
သူတစ်ပါးကို နာကျင်စေမယ့်စကားတွေက
ဆက်ဆံရေးကိုပျက်စီးစေနိုင်တယ်။
ဥပမာ "မင်းလိုဝန်ထမ်းမျိုးကြောင့်
ဒီဌာနပျက်တာ" လို့
ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စကား။

၅။ ( မကျွမ်းကျင်တဲ့အရာ )
ကိုယ်မကျွမ်းကျင်တဲ့အကြောင်းအရာတွေမှာ
အာမမခံပါနဲ့။
ဥပမာ "ဒီဆေးက ဘေးထွက်ဆိုးကျိုးမရှိဘူး"
လို့ ဆရာဝန်မဟုတ်ဘဲ အာမမခံပါနဲ့။

ဘာကြောင့်အရေးကြီးလဲ

စကားတစ်ခွန်းက
ဆုံးရှုံးမှုတစ်ခုဖြစ်စေနိုင်တယ်
ယုံကြည်မှုကို
နှစ်ပေါင်းများစွာတည်ဆောက်ရပေမယ့်
စက္ကန့်ပိုင်းနဲ့ဖျက်ဆီးနိုင်တယ်

စကားကိုရွှေလိုချိန်၊
နှုတ်ခမ်းကြားမှာလှောင်ထား
ဆိုတဲ့ မြန်မာစကားပုံအတိုင်း
ကိုယ့်စကားကို ကိုယ်တိုင်အရင်စစ်ပါ။
မပြောမိခင် နှုတ်ကန့်နိုင်တာက
ဉာဏ်ရဲ့အမြင့်ဆုံးအဆင့်ပါပဲ။

ဒီအချက်တွေကို သတိထားပြီး
စကားပြောဆိုမယ်ဆိုရင် ဘဝမှာ
ပြဿနာတွေနည်းပြီး
လူမှုဆက်ဆံရေးတွေ ပိုကောင်းလာမှာပါ။
စာကမပြီးသေးဘူး
ဆက်ဖတ်ရမယ်နော် အောက်မှာ
စာဖတ်တာမပျင်းရဘူးနော်

သိမ်းထားရမယ့်စကားတွေကို
ဘယ်လိုထိန်းချုပ်မလဲ

အေးအေးဆေးဆေး စဉ်းစားကြည့်ရအောင်

၁။( ခဏတော့နေလိုက်ပါ )
စကားထွက်ချင်လာရင် "၁-၂-၃-၄-၅"
ဆိုပြီး အနည်းဆုံး ၅ စက္ကန့်လောက်
အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။
ဒီအတောအတွင်း
"ဒီစကားပြောရင် ကောင်းမှာလား၊
နစ်နာမှာလား" ဆိုတာ ချိန်ဆပါ။

၂။( နောက်ဆက်တွဲကို မြင်အောင်ကြည့်ပါ )
စကားတစ်ခွန်းကို မပြောခင်
ဒါပြောရင် ဘယ်သူ့ကိုထိခိုက်မလဲ
ငါ့အတွက်ဘာဖြစ်လာနိုင်မလဲ ဆိုတာ စဉ်းစားပါ။
ဥပမာ
သူငယ်ချင်းရဲ့လျှို့ဝှက်ချက်ကို
ပြောချင်တဲ့အခါ ဒါပြောလိုက်ရင်
သူမယုံကြည်တော့ဘူး ဆိုတာ သတိရပါ။

၃။( အချိန်ဆွဲပါ )
ချက်ချင်းမပြောပါနဲ့။
ဒီကိစ္စကို နောက်မှဆွေးနွေးမယ်
လို့ ပြောပြီး အချိန်ယူပါ။
ဒေါသထွက်နေရင်
အခုစိတ်မထိန်းနိုင်သေးဘူး၊
နောက်မှပြောမယ် လို့ ပြောပါ။

၄။( စာရေးပြီးဖျက်လိုက်ပါ )
မပြောချင်တဲ့စကားတွေကို
ဖုန်းမှတ်စုထဲ ရေးပြီး ဖျက်လိုက်ပါ။
ဒါမှမဟုတ် ယုံကြည်ရတဲ့သူတစ်ယောက်ကို
အရင်ပြောပြကြည့်ပါ။

၅။( ကိုယ်ချင်းစာစိတ်မွေးပါ )
ငါဒီစကားကို ကိုယ်တိုင်ကြားရင်
ဘယ်လိုခံစားရမလဲ ဆိုတာ စဉ်းစားပါ။
ဥပမာ မင်းအဆိုးမြင်တတ်လွန်းတယ်
မပြောဘဲ ငါကတော့ အလင်းဘက်ကြည့်တာပိုကြိုက်တယ် လို့ ပြောင်းပြောပါ။

သတိတော့အမြဲထားရမယ်နော်
မပြောသင့်တဲ့စကားကို ထိန်းနိုင်တာက
ဉာဏ်ရဲ့အောင်မြင်မှုပါ။
စကားကိုရွှေလိုတန်ဖိုးထား၊
အချိန်မီချုပ်တည်း နိုင်ကြပါစေ။

ဒီနည်းလေးတွေနဲ့
စကားတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင်
ဘဝမှာ ပြဿနာတွေ အများကြီးနည်းသွားမှာပါ။

အခုတော့ စာဖတ်မပျင်းဘဲနဲ့ ဖတ်လာလို့
လျှို့ချက်တွေလည်းသိရပြီ ဆက်ဖတ်လိုက်နော်
စလာခဲ့ပြီဘဲ...

မသိမ်းထားရင် ဘာဖြစ်မလဲ
အကုန်ပြောမယ်နော်

မင်းက စကားတွေကို မထိန်းနိုင်ဘဲ
အာလူးပူပူလို အာခေါင်မှာလှန်းမထားရင်
ဒီဆိုးကျိုးတွေ ကြုံရနိုင်တယ်။
သေချာနားထောင်ပါ။

၁။ ( မိတ်ဆွေတွေ ပျောက်သွားမယ် )
မင်းနဲ့ဆက်မပြောချင်ဘူး
ဆိုတဲ့စကား တစ်ခါပြောမိရင်
နောက်တစ်နေ့
ငါဘာကြောင့်ဒီလိုပြောမိရလဲ
ဆိုပြီး နောင်တရမယ်
သူငယ်ချင်းတွေက တဖြည်းဖြည်းဝေးသွားမယ်

၂။ ( အလုပ်ပြုတ်သွားနိုင်တယ် )
ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ
အရမ်းညံ့တယ်လို့ မဆင်မခြင်ပြောမိရင်
နောက်နေ့မနက် HR က ဖုန်းဆက်လာမှာ
သေချာတယ်
အိုးကြီးခေါက်ပြီး
ထမင်းအိုးပါပျက်သွားနိုင်တယ်

၃။ ( လူတွေက မင်းကိုမယုံတော့ဘူး )
သူငယ်ချင်းရဲ့ လျှို့ဝှက်ချက်တွေကို
ဖော်ပြောမိရင်
ဒီကောင်က လျှို့ဝှက်ချက်မထိန်းတတ်ဘူး
ဆိုပြီး အထင်သေးခံရမယ်
နောက်ပိုင်း ဘယ်သူမှ
အရေးကြီးတာတွေ မပြောတော့ဘူး

၄။( ကိုယ့်ကိုယ်ကိုယ် နောင်တရမယ် )
မိသားစုဝင်တစ်ယောက်ကို
မင်းကအကြံဉာဏ်တွေအရမ်းညံ့တယ်
လို့ ပြောမိရင်
တစ်သက်လုံး
ငါဒီလိုမပြောခဲ့ရင်...
ဆိုပြီး စိတ်ဆင်းရဲရမယ်
နောင်တတွေနဲ့ပဲ ညအိပ်မပျော်ဖြစ်မယ်

၅။ ( အရှုပ်တော်ပုံကြီးဖြစ်သွားမယ် )
မသေချာတဲ့ ကောလဟာလတွေကို
ပြန်ပြောမိရင်
မီးလိုပျံ့သွားပြီး
ပြဿနာတွေဖြစ်သွားနိုင်တယ်
ဟဲ့ မင်းပြောတဲ့စကားကြောင့်
လူတွေအချင်းချင်းရန်ဖြစ်နေပြီ
ဆိုတဲ့အထိဖြစ်သွားနိုင်တယ်

ဒီတော့ ဘာလုပ်ရမလဲ

၁။ ဒေါသထွက်နေရင် ၅ စက္ကန့်လောက်
အသက်ပြင်းပြင်းရှူပါ
၂. ပြောမယ့်စကားကို
စက္ကန့်ပိုင်းလောက် စဉ်းစားပါ
၃. မပြောချင်တဲ့စကားကို
ဖုန်းမှတ်စုထဲရေးပြီး ဖျက်လိုက်ပါ

စကားကို ရွှေလိုချိန်ပါကောင်လေး...ကောင်မလေး
မပြောမိအောင် နှုတ်ခမ်းကိုကိုက်ထားတတ်ရမယ်

ဒီလိုလုပ်ရင် မင်းရဲ့ဘဝမှာ
ပြဿနာတွေနည်းသွားပြီး
လူတွေရဲ့ယုံကြည်မှုကိုရမယ်နော်

နောက်ဆုံးတော့ အကျိုးတစ်ခုခုတော့ ရပြီမလား
Share ပေးဖို့ မမေ့နဲ့နော်💞💞

ရေးသူ 𝐊 𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢𝐄𝐯𝐞𝐧𝐭
#စာပေဗဟုသုတများ


ကပ်ဆိုက်တဲ့ အခါ...(1) ငါးပါးသီလ မြဲခြင်း(2) အသားငါး စားသုံးမှုနည်းခြင်း(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ      ကပ်ဘေးကို...
01/03/2026

ကပ်ဆိုက်တဲ့ အခါ...
(1) ငါးပါးသီလ မြဲခြင်း
(2) အသားငါး စားသုံးမှုနည်းခြင်း
(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့။

ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ ,ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ။

ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်းရဲ့ အကျိုးကို
သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး။

ကမ္ဘာလောကဓါတ်ကြီးဟာ သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ။

ဘုရားရှင်တွေ မပွင့်တဲ့ အချိန်သာသနာပ ကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ
စောင့်ကြပ်ပေးကြတယ်။

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ
လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ်။

အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး။

လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ၊တခြားလမ်းက သွားတယ်။

အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ်။

လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်။

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ
နည်းနည်းနောနောမဟုတ်ဘူး။

မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ်။

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့
အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ။
ဒါက လွဲချော်မှု နံပါတ်တစ် ပါ ။

နံပါတ်နှစ် အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး။

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ
အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့
လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ်။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ်။

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မ
ရဘူး ။

အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး။

အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်။

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်။

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ်။

ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ်။

ဒါပေမယ့် သူတို့အနားကပ်လို့မရဘူး။

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ
ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာဒါက လွဲချော်မှု နံပါတ် နှစ်။

နံပါတ်သုံးက ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့
တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက်
ပရိတ်က အရံအတား မဖြစ်စေဘူး။

ပရိတ်ရွတ်တဲ့ အခါ ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်
စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ်။

ကပ်ဘေးကြောင့် လူတွေ သေကြတယ်။

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး ,မြေဘုတ်,ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖတ်သူရဲ့
သီလ ,သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ
ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ
လူတွေကို မူးဝေအောင်လုပ်ကြတယ်။

ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်
ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့ အသံထွက် မှန်ရမယ်၊ယုံကြည်ရမယ်၊
ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီရတယ်တဲ့ ။

ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်။

သိတာတောင် မယုံကြည်တဲ့သူက များတယ်
ဒါက လွဲချော်မှု နံပါတ် သုံး ပါပဲ။

အခုတော့လက်ဆေးကြ ,အပြင်မထွက်ကြနဲ့ ဆိုတဲ့
မျက်မြင်သဘော ကာကွယ်မှုတွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မမြင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်
ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရား #တရားမှတ်စု

🙏 မနက်ခင်းမတ္တာပို့🙏 မင်္ဂလာ နေ့သစ်လေးပါ ချစ်ခြင်း မေတ္တာတွေနဲ့ နိုးထတဲ့ မနက်ခင်းလေး ပိုင်ဆိုင်ကြပါစေ 🙏🙏🙏 ဒေါသ မောဟ လောဘ...
01/03/2026

🙏 မနက်ခင်းမတ္တာပို့🙏


မင်္ဂလာ နေ့သစ်လေးပါ ချစ်ခြင်း မေတ္တာတွေနဲ့ နိုးထတဲ့ မနက်ခင်းလေး ပိုင်ဆိုင်ကြပါစေ 🙏🙏🙏

ဒေါသ မောဟ လောဘ မာန်မာနကင်းပြီး မေတ္တာတရားနဲ့ ခွင့်လွှတ်တတ်ခြင်းတရားကို
လက်ကိုင်ထားနိုင်ကြပါစေ ...🙏🙏🙏

နေ့သစ်တစ်ခုရဲ့ ယခု အချိန်အခါ ကောင်းကစပြီးနေ့ရက်တိုင်း စိတ်အေးချမ်းကြည်လင်ခြင်းများနှင့်သာ ဖြတ်သန်းခွင့် ရကြပါစေ.....🙏🙏🙏

အပူသောက မှန်သမျှ ကင်းဝေးပါစေ ....စီးပွား ချမ်းသာတိုးတက်ကြပါစေ...🙏🙏🙏

#မနက်ခင်းဆုတောင်း🙏🙏🙏

 #အထီးကျန်ခြင်းကို ကုစားနည်း (၅) ချက်​"လူအုပ်ကြီးထဲမှာ ရှိနေပေမယ့်... မင်းတစ်ယောက်တည်းလို့ ခံစားနေရသလား?" 🥀၁။ အထီးကျန်ခြ...
01/03/2026

#အထီးကျန်ခြင်းကို ကုစားနည်း (၅) ချက်
​"လူအုပ်ကြီးထဲမှာ ရှိနေပေမယ့်... မင်းတစ်ယောက်တည်းလို့ ခံစားနေရသလား?" 🥀
၁။ အထီးကျန်ခြင်းကို လက်ခံလိုက်ပါ (Acceptance)
​အထီးကျန်တာဟာ အပြစ်မဟုတ်သလို၊ ရှက်စရာလည်း မဟုတ်ပါဘူး။ "ငါ အထီးကျန်နေတယ်" ဆိုတာကို အရင်ဆုံး ဝန်ခံလိုက်တာဟာ စိတ်သက်သာရာရဖို့ ပထမဆုံးခြေလှမ်းပါ။ မငြင်းဆန်ပါနဲ့၊ သူ့ကို မိတ်ဆွေတစ်ယောက်လို လက်ခံပေးလိုက်ပါ။
​၂။ Social Media နဲ့ ခေတ္တခဏ ဝေးဝေးနေပါ
​တစ်ခြားလူတွေရဲ့ ပျော်ရွှင်စရာ Post တွေကို ကြည့်ပြီး ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်တာက အထီးကျန်မှုကို ပိုဆိုးစေပါတယ်။ ဖုန်းကိုချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က သဘာဝကို ကြည့်တာ၊ စာအုပ်ဖတ်တာမျိုးက သင့်စိတ်ကို ပိုပြီး ငြိမ်သက်စေပါတယ်။
​၃။ ဝါသနာအသစ်တစ်ခုကို စတင်ပါ (Passion Project)
​တစ်ခုခုကို အာရုံစိုက်လုပ်နေချိန်မှာ အထီးကျန်မှုက ပျောက်ကွယ်သွားတတ်ပါတယ်။ ပန်းချီဆွဲမလား၊ ဟင်းချက်မလား၊ ဘာသာစကားအသစ် သင်မလား။ ကိုယ်တိုင်တိုးတက်နေတယ်ဆိုတဲ့ ခံစားချက်က သင့်ကို အထီးကျန်မှုထဲက ဆွဲထုတ်ပေးပါလိမ့်မယ်။
​၄။ အသေးအဖွဲလေးတွေကို ကျေးဇူးတင်ပါ (Gratitude)
​မနက်ခင်းသောက်ရတဲ့ ကော်ဖီတစ်ခွက်၊ နေရောင်ခြည်နွေးနွေး၊ လမ်းဘေးက ခွေးလေးတစ်ကောင်။ ကိုယ့်မှာရှိနေတဲ့ သေးငယ်တဲ့အရာလေးတွေကို ကျေးဇူးတင်တတ်လာတဲ့အခါ နှလုံးသားက ဟာလာဟင်းလင်း မဖြစ်တော့ဘဲ ပြည့်စုံလာပါလိမ့်မယ်။
​၅။ တစ်ခြားသူကို ကူညီပါ (Kindness)
​အထီးကျန်မှုကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းက တစ်ခြားသူတစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးတာပါ။ အလှူအတန်းလုပ်တာဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ကို အားပေးစကားပြောတာဖြစ်ဖြစ် လုပ်ကြည့်ပါ။ တစ်ခြားသူရဲ့ အပြုံးက သင့်နှလုံးသားကို ပြန်ပြီး နွေးထွေးစေပါလိမ့်မယ်။
​"အထီးကျန်ခြင်းဆိုတာ မင်းကို ဝါးမြိုဖို့လာတာမဟုတ်ဘဲ၊ မင်းကိုယ်မင်း ပြန်ရှာတွေ့ဖို့ လမ်းပြပေးတာပါ။" ✨
​ဒီ Post လေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး သင့်သူငယ်ချင်းတွေကိုလည်း ဝေမျှပေးလိုက်ပါဦး။ ❤️
​ #ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

ငါ ဘယ်သူလဲ?ငါဟာ ဘယ်လိုစရိုက်မျိုးလဲ?မဟာသမယသုတ် နောက်ဆက်တွဲ -- (ဝိသုဒ္ဓိမဂ်ကျမ်းလာ မိမိကိုယ်ကို ဆန်းစစ်နည်း) Which Charac...
28/02/2026

ငါ ဘယ်သူလဲ?
ငါဟာ ဘယ်လိုစရိုက်မျိုးလဲ?
မဟာသမယသုတ် နောက်ဆက်တွဲ --
(ဝိသုဒ္ဓိမဂ်ကျမ်းလာ မိမိကိုယ်ကို ဆန်းစစ်နည်း) Which Character ?

ဦးဇင်းတို့ လူတွေရဲ့ မျက်နှာပေါက်တွေ၊ အသံတွေ မတူကြသလို စိတ်နေစိတ်ထား (စရိုက်) တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဗုဒ္စစိတ်ပညာအရ လူတွေမှာ အဓိကအားဖြင့် စရိုက်ကြီး (၆) ပါး ရှိပါတယ်။
"ငါက ဘယ်စရိုက်ထဲမှာ ပါလဲ" ဆိုတာကို သိချင်ရင် ရှင်ဗုဒ္ဓဃောသ ပြုစုတော်မူခဲ့တဲ့ "ဝိသုဒ္ဓိမဂ် အဋ္ဌကထာ" မှာ လူတစ်ယောက်ရဲ့ သွားလာဟန်၊ စားသောက်ဟန်၊ အရာဝတ္ထုတွေကို ရှုမြင်ပုံတွေကနေတစ်ဆင့် ခွဲခြားပြထားပါတယ်။
ကဲ... စာဖတ်သူလည်း ဘယ်စရိုက်ထဲမှာ ပါနေမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းသပ်ကြည့်ရအောင်နော်။

၁။ ရာဂစရိုက် (အလှအပနှင့် သာယာမှုကို မက်မောသူ)
သွားလာဟန်: လမ်းလျှောက်ရင် ခြေလှမ်းလှပတယ်၊ ညင်သာတယ်၊ ခြေဖဝါးကို သေသပ်စွာ ချတတ်တယ်။
စားသောက်ဟန်: အချို၊ အဆိမ့်၊ အရသာရှိပြီး ပုံပန်းသဏ္ဍာန် သပ်ရပ်တဲ့ အစားအသောက်တွေကို ပိုနှစ်သက်တယ်။ စားတဲ့အခါမှာလည်း ဖြည်းဖြည်းနဲ့ အရသာခံစားတတ်တယ်။
အမြင်: ပစ္စည်းတစ်ခုကို ကြည့်ရင်ဖြစ်ဖြစ်၊ လူတစ်ယောက်ကို ကြည့်ရင်ဖြစ်ဖြစ် အလှအပနဲ့ ကောင်းကွက်ကိုပဲ အရင်မြင်တယ်။ အပြစ်အနာအဆာရှိရင်တောင် မျက်ကွယ်ပြုထားလိုက်တတ်တယ်။ အဝတ်အစား သေသပ်လှပတာကို သဘောကျတယ်။

၂။ ဒေါသစရိုက် (အပြစ်မြင်လွယ်ပြီး စိတ်တိုလွယ်သူ)
သွားလာဟန်: ခြေလှမ်းကြမ်းတယ်၊ မြေကြီးကို တူးဆွမတတ် ဖနောင့်ကို ခပ်ပြင်းပြင်း ပေါက်ပြီး လျှောက်တတ်တယ်။
စားသောက်ဟန်: အချဉ်၊ အစပ်၊ အပူ စတဲ့ အရသာ ကဲတာတွေကို ပိုကြိုက်တယ်။ စားတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် စားတတ်တယ်။
အမြင်: ပစ္စည်းတစ်ခု သို့မဟုတ် လူတစ်ယောက်ကို ကြည့်ရင် အပြစ်အနာအဆာ (Faults) ကို အရင်ဆုံး မြင်တယ်။ "ဒီဟာလေးက နည်းနည်းစောင်းနေတယ်၊ ဒီအရောင်က မလှဘူး" စသဖြင့် ဝေဖန်တတ်တယ်။ အရာရာကို ပြီးပြည့်စုံစေချင်သူ (Perfectionist) တွေပါ။ (ဒီအပိုင်းမှာ ပညာစရိုက်နဲ့သွားတူတာတွေ ရှိပါတယ်)

၃။ မောဟစရိုက် (ဝေခွဲမရဖြစ်တတ်ပြီး အများနောက်လိုက်တတ်သူ)
သွားလာဟန်: ခြေလှမ်းမသေချာဘူး၊ ခြေဖဝါးကို ဖိပြီး မလျှောက်ဘဲ ဖိုင့်ဖိုင့်ကြီး သွားတတ်တယ်။
စားသောက်ဟန်: ကိုယ်ပိုင်အကြိုက် သိပ်မရှိဘူး။ ဘာဖြစ်ဖြစ် စားတတ်ပြီး စားတဲ့အခါမှာလည်း ဖိတ်စင်တာ၊ ပေပွတာမျိုး ရှိတတ်တယ်။
အမြင်: ပစ္စည်းတစ်ခုကို ကြည့်ရင် သေသေချာချာ အာရုံစိုက်ပြီး မကြည့်ဘူး။ ဘေးလူတွေက လှတယ်ပြောရင် လိုက်လှတယ်၊ မကောင်းဘူးပြောရင် လိုက်မကောင်းဘူးဆိုပြီး ကိုယ်ပိုင်အမြင်ထက် အများနောက်ကို လိုက်တတ်တယ်။

၄။ ဝိတက်စရိုက် (အတွေးများပြီး စိတ်ကူးယဉ်တတ်သူ)
ဒီစရိုက်က လက္ခဏာအားဖြင့် မောဟစရိုက်နဲ့ နည်းနည်းဆင်ပါတယ်။ သွားလာတဲ့အခါ ဂနာမငြိမ်ဘူး။ အစားစားရင်လည်း စိတ်က တခြားရောက်နေတတ်တယ်။ တစ်ခုခုကို ဆုံးဖြတ်ရခက်ပြီး ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အတွေးနယ်ချဲ့ (Overthinking) နေတတ်သူတွေပါ။

၅။ သဒ္ဓါစရိုက် (ယုံကြည်လွယ်ပြီး ကုသိုလ်ကောင်းမှု၌ မွေ့လျော်သူ)
ဒီစရိုက်က လက္ခဏာအားဖြင့် ရာဂစရိုက်နဲ့ ဆင်ပါတယ်။ သပ်သပ်ရပ်ရပ် နေတတ်တယ်၊ စိတ်ထားနူးညံ့တယ်။ ဒါပေမဲ့ ရာဂစရိုက်လို ကာမဂုဏ်အာရုံကို မက်မောတာမဟုတ်ဘဲ ဘုရား၊ တရား နဲ့ အလှူအတန်းတွေအပေါ်မှာ ကြည်ညိုလွယ်၊ ယုံကြည်လွယ်ပြီး သဒ္ဓါတရား ထက်သန်တဲ့သူတွေ ဖြစ်ပါတယ်။

၆။ ပညာစရိုက် (အကြောင်းအကျိုးကို ခွဲခြမ်းစိတ်ဖြာတတ်သူ)
ဒီစရိုက်က လက္ခဏာအားဖြင့် ဒေါသစရိုက်နဲ့ ဆင်ပါတယ်။ အသေးစိတ်ကို မြင်တတ်တယ်။ ဒါပေမဲ့ ဒေါသစရိုက်လို အပြစ်မြင်ပြီး စိတ်တိုတာမျိုး မဟုတ်ဘဲ၊ "ဒါကတော့ ဘာကြောင့်ဖြစ်တာ၊ ဒါကတော့ ဘယ်လိုလုပ်လိုက်ရင် ကောင်းသွားမှာ" ဆိုပြီး အကြောင်းအကျိုး (Logic) ကို ပညာနဲ့ ဝေဖန်သုံးသပ်တတ်သူတွေပါ။

ကဲ... စာဖတ်သူတို့ကော ဒီအချက်လေးတွေနဲ့ တိုက်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်စရိုက်ထဲမှာ အများဆုံး ပါဝင်နေတယ်လို့ ထင်ပါသလဲ?

လူတစ်ယောက်တည်းမှာ စရိုက်တစ်ခုတည်း ရှိတာမဟုတ်ဘဲ နှစ်ခု၊ သုံးခု ရောနှောနေတတ်တာလည်း ရှိပါတယ်။
အခြေအနေ၊ အချိန်အခါ ၊ ရာသီဥတု၊ အပေါင်းအသင်း၊ ပတ်ဝန်းကျင် စတာတွေကြောင့်လည်း လူတစ်ဦးချင်းစီမှာ စရိုက်တွေဟာ ရောနှော ပေါင်းစပ် ပြောင်းလဲနိုင်ပါသေးတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ စရိုက်အထွေထွေ ဖြစ်ရုံတင်မကဘဲ လူတစ်ဦးတည်းမှာတင် စရိုက်တွေ ပြောင်းလဲနိုင်ပါသေးတယ်။ 🍀

ကိုယ်က ခုချိန်မှာ အကြမ်းဖျဉ်းအားဖြင့် ဘယ်စရိုက်အားအကြီးဆုံးလဲ ဆိုတာကို သိသွားပြီဆိုရင်တော့... မိမိရဲ့ အားနည်းချက်တွေကို ပြုပြင်ပြီး ဘဝကို အေးချမ်းစွာ နေထိုင်နိုင်ဖို့ မြတ်စွာဘုရားရှင် ကိုယ်တိုင် ဟောကြားတော်မူခဲ့တဲ့ "မဟာသမယ (၇) သုတ်လာ ဘဝနေနည်း အနုပညာ" ဆိုတဲ့ ကုထုံးဆေးကောင်းတွေကို ဆက်လက် လေ့လာဖတ်ရှုကြည့်ကြရအောင်ပါ။ 🪷

"မဟာသမယသုတ်လာ ဘဝနေနည်းအနုပညာ" (၁) ပိုစ်ကို မန့်မှာ ဖတ်လို့ရပါတယ်။

နောက်ထပ်လည်း မဟာသမယသုတ် နောက်ဆက်တွဲ (၆) သုတ်လုံးလာ
ဘဝနေနည်းအနုပညာကို ခေတ်လူငယ်တွေအတွက်
တစ်ပို့စ်ချင်းစီ
ဦးဇင်း တင်ပေးသွားပါမယ်။

#အရှင်ဉာဏဝရ (ပါရမီ)

#စရိုက်၆ပါး
#မဟာသမယသုတ်လာဘဝနေနည်းအနုပညာ

“အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ”---အောင်မြင်မှုဆိုတာအကြံကောင်းတွေကို စဉ်းစားနိုင်တာကြောင့် မဟုတ်ပါဘူး။အဲ့ဒီအကြံတွေကိုနေ့...
28/02/2026

“အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ”

---

အောင်မြင်မှုဆိုတာ
အကြံကောင်းတွေကို စဉ်းစားနိုင်တာကြောင့် မဟုတ်ပါဘူး။
အဲ့ဒီအကြံတွေကို
နေ့စဉ် လက်တွေ့လုပ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အလုပ်ကို မပြောင်းခါပြောင်းခါ မလုပ်ပါနဲ့။
အတွေးကိုလည်း မလိုအပ်တဲ့ နေရာတွေမှာ မပျံ့ပါနဲ့။

အာရုံစိုက်နိုင်တဲ့ လူတစ်ယောက်ဟာ
အချိန်နည်းနည်းနဲ့တောင်
တခြားလူတွေထက် ခြေလှမ်းပိုရောက်နိုင်ပါတယ်။

ငွေမရှိသေးတဲ့အချိန်မှာ
အာရုံစိုက်မှုက သင့်ရဲ့ အရင်းအနှီးပါ။
အတွေ့အကြုံမရှိသေးတဲ့အချိန်မှာ
အလုပ်အပေါ် စိုက်ထုတ်မှုက သင့်ရဲ့ အားသာချက်ပါ။

ဒီနေ့ အာရုံစိုက်ထားနိုင်တဲ့ အလုပ်တစ်ခုက
မနက်ဖြန် ဘဝတစ်ခုလုံးကို
ပြောင်းလဲသွားစေနိုင်ပါတယ်။

📚📗📕📘📚
---

🔖 Hashtags

#အလုပ်နဲ့အတွေး
#အာရုံစိုက်မှု
#အောင်မြင်ရေး
#ဘဝတိုးတက်ရေး


💪✨

🌻ဘဝဆိုတာ---သင်ယူဖို့ပါ။     အမှားတွေဆီက သင်ယူတတ်တဲ့     သူက ပိုတော်လာတယ်။🌻နာကျင်မှုတွေကို     ခံနိုင်ရည်ရှိသွားတဲ့သူတွေက...
28/02/2026

🌻ဘဝဆိုတာ---သင်ယူဖို့ပါ။

အမှားတွေဆီက သင်ယူတတ်တဲ့

သူက ပိုတော်လာတယ်။

🌻နာကျင်မှုတွေကို

ခံနိုင်ရည်ရှိသွားတဲ့သူတွေက

ပိုရင့်ကျက်လာတယ်။

🌻မျက်ရည်‌တွေကို

ဆေးဖတ်ဝင်အောင် အသုံးချတတ်သူတွေက

ခံစားမလွယ်တော့ဘဲနဲ့ ပိုမာကျောသွားတယ်။

🌻ပျော့ညံ့တဲ့စိတ်ဓာက်ကို

မခံချင်စိတ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ

အဲ့ဒီသူရဲ့အနာဂတ်ဟာ ပိုတောက်ပလာတယ်။

🌻လဲကျတာကို

အရှုံးလို့ မသတ်မှတ်တဲ့သူတွေက

အောင်မြင်မှုနဲ့ ပိုနီးသွားတယ်။

🌻နားလည်ပေးတတ်တဲ့သူက

အမုန်းနဲ့ ဒေါသတွေကင်းပြီး ပိုအေးချမ်းတယ်။

🌻ခွင့်လွှတ်ပေးတတ်တဲ့သူက

ပိုပြည့်ဝပြီး လွတ်မြောက်မှုကို ခံစားရတယ်။

🌻သည်းခံတတ်တဲ့သူက

ရန်မများဘဲ ကိုယ့်စိတ်နဲ့ကိုယ်နေနိုင်သွားတယ်။

🌻သူ့နေရာမှာ ငါသာဆိုပြီး

ကိုယ်ချင်းစာပေးတတ်တဲ့သူက

လူပီသသွားတယ်။

🌻ငါ ဘာယူသွားမလဲဆိုတဲ့စိတ်နဲ့ မရှင်သန်နဲ့

ငါ ဘာပေးခဲ့ရမလဲဆိုတဲ့ စိတ်နဲ့ပဲ ရှင်သန်ပါ။

🌻မတော်လို့ တစ်ခုခုလွဲချော်သွားရင်

ငါတော့ မှားသွားပြီးလို့ မတွေးပါနဲ့။

တကယ်တော့ ဘဝဆိုတာ

အရှုံးတွေနဲ့ ပြိုလဲနေဖို့မဟုတ်ဘူး။

ဘဝဆိုတာအမှားတွေဆီက သင်ယူဖို့ပါ။

🌻📢🐢 Nyi Nyi Aung ( ပီ ကေ )

#ပီကေ





🎓 သူများထက် ခေါင်းတစ်လုံး ပိုတဲ့သူသူများထက် ခေါင်းတစ်လုံး ပိုသာချင်ရင်အရင်ဆုံး စဉ်းစားပုံကို ပြောင်းရပါမယ်။အချိန်ကို ဖြု...
28/02/2026

🎓 သူများထက် ခေါင်းတစ်လုံး ပိုတဲ့သူ

သူများထက် ခေါင်းတစ်လုံး ပိုသာချင်ရင်
အရင်ဆုံး စဉ်းစားပုံကို ပြောင်းရပါမယ်။

အချိန်ကို ဖြုန်းနေမယ့်အစား
အချိန်ကို အသုံးချတတ်ရပါမယ်။

လူအများ ပြောသလို မလိုက်ဘဲ
ကိုယ့်ဦးနှောက်နဲ့ ကိုယ် ဆုံးဖြတ်နိုင်ရပါမယ်။

မနာလိုစိတ်ထက်
ကိုယ်တိုးတက်ဖို့ စိတ်ကို မွေးမြူရပါမယ်။

နေ့တိုင်း အနည်းငယ်
ကိုယ့်အသိပညာကို တိုးအောင် လုပ်ရပါမယ်။

လွယ်လွယ်နဲ့ စိတ်ကျမယ့်သူ မဟုတ်ဘဲ
ခက်ခဲမှုကို သင်ခန်းစာအဖြစ် မြင်ရပါမယ်။

သူများအမှားကို ပြောမယ့်အစား
ကိုယ့်အမှားကို ပြင်တတ်ရပါမယ်။

အောင်မြင်တဲ့သူကို မမုန်းဘဲ
သူတို့ဆီက သင်ယူနိုင်ရပါမယ်။

တိတ်တိတ်နဲ့ ကြိုးစားပြီး
ရလဒ်နဲ့ သက်သေပြနိုင်တဲ့သူ ဖြစ်ရပါမယ်။

အဲ့ဒီလို လူတစ်ယောက်ကသာ
သူများထက် ခေါင်းတစ်လုံး ပိုတဲ့သူ ဖြစ်လာပါလိမ့်မယ်။

---

👇
#ခေါင်းတစ်လုံးပို


#ဘဝသင်ခန်းစာ

#အောင်မြင်မှုလမ်း

📚📗📕📘📚📔📒

"အတိုင်းအတာ တခုထက် မလွန်ပါစေနဲ့"ဘဝမှာကူညီပေးခြင်းက လှပပါတယ်ဒါပေမယ့်ကိုယ့်ကိုယ်ကို နာကျင်အောင်အနစ်နာခံသွားရတဲ့အထိတော့မဖြစ...
28/02/2026

"အတိုင်းအတာ တခုထက် မလွန်ပါစေနဲ့"

ဘဝမှာ
ကူညီပေးခြင်းက လှပပါတယ်
ဒါပေမယ့်
ကိုယ့်ကိုယ်ကို နာကျင်အောင်
အနစ်နာခံသွားရတဲ့အထိတော့
မဖြစ်သင့်ပါဘူး။

စိတ်ကောင်းရှိတာနဲ့
အမြဲ သည်းခံနေရမယ်ဆိုတာ
တူညီမနေပါဘူး။
ချစ်ခြင်း၊ ကရုဏာဆိုတာက
အတိုင်းအတာနဲ့မှ
တန်ဖိုးရှိတာပါ။

ကိုယ့်စိတ်ကို
အမြဲအောက်ထားပြီး
သူများအတွက်ပဲ လမ်းဖယ်ပေးနေရင်
တစ်နေ့နေ့မှာ
ကိုယ့်ဘဝလမ်းကြောင်း
ပျောက်သွားနိုင်ပါတယ်။

အကူအညီပေးပါ
နားလည်ပေးပါ
ဒါပေမယ့်
ကိုယ့်တန်ဖိုးကို
မချေဖျက်မိပါစေနဲ့။

အတိုင်းအတာ တခုထိပဲ
ကောင်းမြတ်ပါ
အဲ့ဒီအတိုင်းအတာကို
ကျော်သွားရင်
ကောင်းခြင်းက
ကိုယ့်ကို နာစေနိုင်ပါတယ်။

📚📘📙📗📕📖📚
---
@ဦးစားပေးဖော်ပြမှု


#အတိုင်းအတာ
#ကိုယ့်တန်ဖိုး
#ဘဝအတွေးအခေါ်
#စိတ်ကောင်းရှိပါစေ
#မလွန်ပါစေနဲ့
#ကိုယ်ကိုချစ်ပါ
#ဘဝသင်ခန်းစာ

#ခံစားချက်စာသား
🔔

ที่อยู่

Phaya Thai

เวลาทำการ

จันทร์ 08:00 - 22:00
อังคาร 08:00 - 22:00
พุธ 08:00 - 22:00
พฤหัสบดี 08:00 - 22:00
ศุกร์ 08:00 - 22:00
เสาร์ 08:00 - 12:00
อาทิตย์ 08:00 - 12:00

เบอร์โทรศัพท์

+95 9 45010 8667

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htet Shwe Nyar Mayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Htet Shwe Nyar May:

แชร์