01/12/2024
( ဇန်နဝါရီ-၁၁၊ ၂၀၂၄) မြန်မာသည် နဂါးကြီး၏ ခရိုင်မီးယား ဖြစ်ခဲ့ဖူးသလား ၂၁-ရာစု မြန်မာဘိန်းစစ်ပွဲနှင့် ငွေကျည်ဆံ
===
ဘိန်းစစ်ပွဲ O***m Wars ဆိုရာမှာ တရုတ်တို့နဲ့ ဂရိတ်ဗြိတိန်တို့အကြား ၁၈၃၉-၁၈၄၂ ခုနှစ် ပထမ အကြိမ်နဲ့၊ ၁၈၅၆-၁၈၆၀ ခုနှစ် ဒုတိအကြိမ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။.
ခေတ်နောက်ကျ အသိပညာနည်းပါး ခေါင်းမာလွန်းလှတဲ့ တရုတ်ဧကရာဇ်လက်ထက် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ လွတ်လပ်စွာကုန်စည်ကူးသန်းခွင့်အတွက် ဗြိတိသျှတို့က စစ်တိုက်ရခြင်းဖြစ်တယ်လို့ အဲ့ဒီအချိန် အနောက်မီဒီယာမျာ ရေးသားခဲ့ကြတဲ့ စစ်ပွဲရဲ့ ဒုတိယအကြိမ်မှာ ပြင်သစ်ကလည်း အင်္ဂလိပ်တို့နဲ့အတူ ပါ၀င်လာခဲ့ပါတယ်။ အဲ့ဒီအချိန် အင်အားချိနဲ့ ဆင်းရဲမွဲတေနေတဲ့ တရုတ်ဟာ နှစ်ကြိမ်စလုံးမှာ စစ်ရှုံးပါတယ်။.
မျက်မှောက် ခတျေသဈတရုတျနိုငျငံသမိုငျဲး့ တစ်စိတ်တစ်ပိုင်းလို့ ဆိုကြတဲ့ အဲ့ဒီစစ်ပွဲကာလ တရုတ်ပြည်ဟာ ချင်မင်းဆက်လက်ထက်ဖြစ်တယ်ဆိုပေမယ့် ဟန်မျိုးနွယ်အများစု အာရှနိုင်ငံကြီးရဲ့ ဧကရာဇ်ဟာ မန်ချူးလူမျိုးသာဖြစ်ပါတယ်။ နယ်ချဲ့လာတဲ့ မန်ချူး (မွန်ဂို) တို့ကို စစ်ရှုံးခဲ့ရတဲ့ တရုတ်ပြည်မှာ ၁၆၃၆-ခုနှစ်မှ စတင်ပြီး မန်ချူးဘုရင်များသာ စိုးစံလာခဲ့ကြပါတယ်။.
တရုတ်ပြည်မှ ပိုးထည်၊ ကြွေထည်၊ လဖက်ခြောက်နဲ့ ငွေသတ္တုတို့ကို ကူးသန်းရောင်း၀ယ်နေတဲ့ အင်္ဂလိပ်တို့အတွက် ဘိန်းအရောင်းအ၀ယ်ပြုလုပ်ခြင်းဟာ အမြတ်အစွန်း အများဆုံးဖြစ်နေပါတယ်။ တရုတ်လူ့အဖွဲ့အစည်းကြီးအတွင်း လူညွန့်တုံးစေတဲ့ ဘိန်းရောင်း၀ယ်ခြင်းကို တားမြစ်လိုက်ပြီး ကျူးလွန်သူများကို သေဒဏ်ပေးရန် အမိန့်ထုတ်လိုက်ခြင်းကြောင့် သိမ်းဆည်းခံ သူတို့ဘိန်းများကို ပြန်ရဖို့ တောင်းဆိုရာမှ စစ်ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။.
အဲ့ဒီအချိန် တရုတ်ပြည်ဟာ နယျမွကေယြျပွနျု့ပွီး လူဦးရေအလွန်များပြားသလောက် လယ်ယာမြေပိုင်ဆိုင်မှု အချိုးမညီခြင်း၊ စီးပွားရေးပုံသဏ္ဍာန် မမှန်ကန်ခြင်း လာဘ်စားလွန်းတဲ့ အစိုးရ၀န်ထမ်းများကြောင့် ဆင်းရဲ မွဲတေနေပါတယ်။ စစ်လျော်ကြေး မတန်တဆနဲ့အတူ တောင်ပိုင်းအချုပ်အခြာအာဏာပိုင်နယ်မြေများ ဆုံးရှုံးရခြင်းဟာ ဟန်တရုတ်တို့ ၏အကြား အမျိုးသားရေးဝါဒ အရှိန်မြင့်တက်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ .
တရုတ်အမျိုးသားရေးဝါဒီတို့ဟာ စစ်အင်အားချိနဲ့ ခေတ်နောက်ကျနေတဲ့ တရုတ်ပြည်မှာ သူ့ကိုယ်သူ ဧကရာဇ် ထင်မှတ်နေတဲ့ မန်ချူးဘုရင်ကို နန်းတွင်းတော်အတွင်း တဝှိုက်မှာသာ သာယာစေပြီး လူထုနဲ့ကင်းကွာအောင် ဈိတျရှညျရှညျနဲ့ အချိန်ယူပြီး အဆက်ဖြတ်ခဲ့ပါတယ်။ လွတ်လပ်စွာ သွားလာခွင့် မရှိပဲ ပြင်ပထွက်တိုင်း လုံခြုံ ရေးကို အကြောင်းပြပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန်စစ်သားတွေက တန်းလန်း တန်းလန်းနဲ့ လိုက်ပါနေ ပါတယ်။ ၁၈၉၄-ခုနှစ်မှာ အတိအလင်း စတင်တော်လှန်ကြပြီး ၁၉၁၁-ခုနှစ်မှာ နောက်ဆုံး မန်ချူးမင်းဆက် နိဂုံးချုပ်သွား ခဲ့ပါတယ်။ .
ချင်မင်းဆက် ၁၁-ဆက်မြောက် နောက်ဆုံးဘုရင်ဖြစ်တဲ့ ပုယီ ဟာ အသက် ၂-နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အဲ့ဒီအချိန် ဂျပန်အင်ပါယာ မန်ချုးကိုး ရုပ်သေးပြည်နယ်ကို အုပ်ချုပ်ရပါတယ်။ ၆-နှစ်အရွယ်မှာ ထီးနန်းစွန့်ခဲ့ရပေမယ့် ဗိုလ်ချုပ်အချို့ ဧကရာဇ်အဖြစ် ပြန်လည်တင်မြှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် တားမြစ်ထားတဲ့ မြို့တော်အတွင်းမှာသာ ဘုရင်ဖြစ်နေပြီး ၁၉၂၄-ခုနှစ် မြို့တော်မှ နှင်ထုတ်ခံရချိန်ရောက်မှ သူ့ကိုယ်သူ တကယ့်ဘုရင် မဟုတ်မှန်း အသေအချာ သိရှိသွားရပါတယ်။.
၁၇-ရာစုအလယ်ပိုင်း နန်ကင်းမှ ယန်_စစ်မျိုးနွယ်စု မင်ဒရင်းဘာသာစကားပြော ဟန်တရုတ်တို့ဟာ ယူနန်နယ်အ တွင်း ပြောင်းရွှေ့လာကြပါတယ်။ ၁၈-ရာစုနှစ်မှာ အဲ့ဒီအထဲကအချို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ၀ငျရောကျ လာကြပြီး သီပေါစော်ဘွားနဲ့ ကျိုင်းတုံစော်ဘွားများလက်အောက်မှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ကို ကိုးကန့်လို့ ခေါ် ဝေါ်ကြပြီး မြန်မာတိုင်းရင်းသား ၁၃၀ ကျော်အနက် လူမျိုးစုတစ်စုဖြစ်ပါတယ်။ ပဒေသရာဇ်လက်ထက် နယ်စပ်နယ်နိ မိတ်အပြောင်းအလဲများ ဖြစ်ခဲ့ဖူးပေမယ့် သံလွင်အရှေ့ခြမ်း ကိုးကန့်နယ်မြေဟာ မြန်မာ့အချုပ်အချာ နယ်မြေအတွင်း မှာသာ အစဉ်တစိုက် တည်ရှိခဲ့ပါတယ်။.
ရှမ်းမြောက်ဒေသမှာ ပထမဆုံး ဘိန်းစိုက်ပျိုးခြင်း ကူးသန်းရောင်း၀ယ်ခြင်းကို စတင်သူဟာ ကိုးကန့်စစ်မင်းသမီး ဘိန်းဘုရင်မ_အောလစ်_ယန်း ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မွေးဖွားပြီး လားရှိုးကွန်ဗင့်ကျောင်းထွက် ယောက်ျားလျာ တစ်ဦးအဖြစ် လူသိများပါတယ်။ .
၁၉၄၅-ခုနှစ် စက်တင်ဘာလ အာရှတိုက်မှာ ဂျပန်လက်နက်ချခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပါတယ်။ အဲ့ဒီအချိန် အသက် ၁၉-နှစ်အရွယ် ကိုးကန့်မင်းသမီးဟာ အောလစ်ရဲ့ကောင်လေးတွေ လို့ အမည်ရှိတဲ့ လက်နက်ကိုင် တစ်ထောင်ကျော်နဲ့ နယ်စပ်ဘိန်းကုန်သွယ်ရေးကို ထိန်းချုပ်နေပါပြီ။ ကွန်မြူနစ် မော်စီတုံးကို အရေးနိမ့်သွားတဲ့ ချန်ကေရှိတ် ကူမင်တန်စစ်တပ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်များမှာ ရှမ်းမြောက်ဒေသအတွင်း ၀ငျရောကျလာပွီး ရွှေတြိဂံဒေသ အမေရိကန် စီအိုင်အေ အကူအညီနဲ့ ဘိန်းကုန်သွယ်ရာမှာ ပူးပေါင်းမိသွားပါတယ်။ .
မြန်မာ ဖဆပလအစိုးရဟာ ရှမ်းမြောက်ဒေသမှ ကူမင်တန်တရုတ်တို့ကို မောင်းထုတ်ရာမှာ အော်လစ်ယန်းအပြင် ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် လောစစ်ဟန်ရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။ ၁၉၆၂-ခုနှစ် အာဏာသိမ်းချိန်မှာ အောလစ်ယန်း ဖမ်းဆီးခံရပြီး ၁၉၆၈-ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ့စစ် ခေါင်းဆောင် လောစစ်ဟန် ခေါ် လိုရှုင်းဟန်ကတော့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ရှမ်းမြောက် ဗကပများကို တိုက်ထုတ်ရာမှာ ကူညီပေးတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာပြီး တစ်ဖက်မှာလည်း ဘိန်းစိုက်ပျိုး ကုန်ကူးခြင်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၇၀-ခုနှစ် အာရှမူးယစ်ဆေးကမ္ဘာရဲ့ ဘုရင်တစ်ဆူဖြစ်လာတဲ့အတွက် ၁၉၇၃-နှစ် ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို လွှဲ ပြောင်း ပေးခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပေမယ့် ၁၉၈၀-ပြည့်နှစ်မှာ လွတ်မြောက်လာပြီး စီးပွားရေး ခရိုနီတစ်ဦးဖြစ်လာပါတယ်။.
၁၉၈၈-ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက် အရှေ့တောင်နယ်စပ်တလျောက် လက်နက်လူသူ စုရုံးနေတဲ့ ဆန့်ကျင်ရေးအုပ်စုတို့ကို ဗိုလ်ချုပ်မှူးကြီး စောမောင်က လက်ဦးမှု ရယူဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၉-ခုနှစ် ရှမ်းမြောက်ဒေသ ဗကပတို့မှ ခွဲထွက်လာတဲ့ ဖုန်ကြားရှင်ရဲ့ MNDAA ဟာ ကိုးကန့်ဒေသတစ်ဖြစ်လဲ ရှမ်းပြည်နယ် အမှတ်-၁ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို တရုတ်-မြန်မာနယ်ခြားဒေသ အေးချမ်းသာယာရေးနဲ့ လုံခြုံရေးကို တာ၀န်ယူခဲ့ပါတယ်။ ကွမ်း လုံအခြေစိုက် စစ်ဗျူဟာအနေနဲ့ အထူးဒေသနဲ့ ရှမ်းပြည်နယ်အခြားအင်အားစုများရဲ့ စစ်ရေးစစ်ရာများကို တာ၀န်ယူရပြီး အတွင်းရေးကိစ္စများမှာ ၀ငျရောကျစှကျဖကျပိုငျခှငျ့ မရှိပါဘူး.
၁၉၉၂-ခုနှစ် ဧပြီလ ဗိုလ်ချုပ်မှူးကြီး စောမောင် တာ၀န်မှ ရုတ်တရက် အနားယူခြင်းနဲ့အတူ အရှေ့တောင် ထိုင်းနယ်စပ် ရန်သူ့စစ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းယူနေတဲ့ တပ်မတော်ကို နောက်တန်းသို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ The Nationwide Ceasefire Agreement (NCA) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် ချုပ်ဆိုရန် အားထုတ်ခြင်းနဲ့အတူ ဝြပည် သွေးစည်းညီညွတ်ရေးတပ် UWSA၊ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA တို့လို ကမ္ဘာသိ လက်နက်ကိုင် မူးယစ်ဆေးကုန်ကူးသူများအပြင် လက်နက်ကိုင် အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာပါတယ်။ ၂၀၀၄-ခုနှစ် အမျိုးသားထောက်လှမ်းရေး ပျက်ပြားပြီး နောက်ပိုင်း ယခင်နယ်စပ်ဒေသများမှာသာ အဖြစ်များတဲ့ ဆန့်ကျင်ရေး အဖျက်အမှောက်တို့ဟာ ပြည်တွင်း မြို့ရွာများအနီး ရောက်ရှိလာပါတယ်။.
အဲ့ဒီနောက်ပိုင်း ၂၁-ရာစု ဖြစ်စဉ်များကို အောင်နိုင်သူ အမည်ရှိ အကောင့်က Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ရေးသားပါတယ်။.
#ဘယ်လိုကျည်ဆံတွေနဲ့အပစ်ခံခဲ့ရသလဲ.
နည်းနည်းတော့ရင်ဖွင့်ပြီးရေးပါရစေ။ ဒီလိုရေးရတာဟာလည်းဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်သလို တိုင်း ပြည်ကောင်းဖို့နဲ့ တပ်မတော် ကောင်းဖို့အတွက် ရေးရခြင်း ဖြစ်ကြောင်း ကြိုတင်မေတ္တာရပ်ခံထားပါရစေ။
လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှမ်းမြောက်မှာ တာဝန်ထမ်းဆောင်တော့ ကြားဖူးနေကြ စကားတစ်ခု ရှိတယ်။ တိုင်းမှူး လုပ်မလား။ လောက်ကိုင် ဒကစမှူး လုပ်မလားဆိုရင် လောက်ကိုင် ဒကစမှူး ပဲ လုပ်မယ် ဆိုတဲ့ စကား ဖြစ်ပါတယ်။.
ရမခ ဟာ စစ်ဆင်ရေးကြမ်းသလို ငွေဝင် လည်းကြမ်းပါတယ်။ နယ်မြေ အနေအထားအရ ကုန်သွယ်မှု စီးဆင်းရာလမ်းကြောင်းမှာ တည်ရှိနေမှုနဲ့ တရုတ်ပြည်ရဲ့ တင်းကျပ်တဲ့ ဥပဒေအောက်မှာ တရုတ်နိုင်ငံသားတွေ ရဲ့ စိတ်ထွက်ပေါက် ဖျော်ဖြေရာနေရာတစ်ခု ဖြစ်ခဲ့တယ်။ အထူးသဖြင့် မူဆယ်၊ လောက်ကိုင်၊ မုံးကိုး ကြူကုတ်စတဲ့ မြို့တွေဟာ တကယ့်ကို လာ့ဗီးဂတ်စ်၊ ဟောင်ကောင် မကာအိုတို့လို ငွေရှိရင် လိုချင်တာ အကုန်ရတဲ့ နေရာ ဖြစ်လာခဲ့တယ်။
ဒုဗိုလ် သင်တန်းဆင်းစပဲရှိသေးတယ်။ ဘယ်စခန်းထိုင်ရင် ဘယ်လောက်ရတယ်။ ဘယ်တံတားဆိုရင် ဘယ်လို အဆင်ပြေတာမျိုး ကျွန်တော့်ရှေ့မှာ ပြောနေလို့ ဆူဆဲခဲ့ရသေးတယ်။ မင်းတို့တွေ စစ်သား ၊ စစ်တိုက်ဖို့ အရင် စဉ်းစားဆိုပြီး ပြောခဲ့ ဆုံးမခဲ့ရဖူးတဲ့ ဒုဗိုလ်တွေ တောင် အခု ကပ္ပတိန်ဖြစ်နေကြပါပြီ။
ဒါကြောင့် ပြောချင်တာ အခုမှ စပါမယ်။ ရန်သူ ဟာ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ့်တပ်တွေရဲ့ တိုက်လို ခိုက်လိုစိတ်တွေကို မဟာဗျူဟာကျကျ ဖျက်ဆီးခဲ့တာတွေ့ရတယ်။ တစ်ချိန်က ရမခ ဂွင်ထဲ ဝင်တဲ့ တပ်မတော်တော်များဟာ ဘီးလူး သဘက်စီးသလားအောက်မေ့ရလောက်အောင် စစ်ဦးဘီးလူးနဲ့ ချကြလို့ ရန်သူ က တုန်နေအောင်ကြောက်ကြရတယ်။.
ဒါပေမဲ့ သိပ်မကြာပါဘူး။ အဲဒီတပ်တွေပျော့ လာတတ်ပါတယ်။ ဘာလို့ ပျော့သွားလဲ လေ့လာကြည့်တဲ့အခါ ရန်သူဟာ မဟာဗျူဟာကျကျနဲ့ကို ကုန်သည်တွေ ပြည်သူ့စစ်တွေ လုပ်ငန်းရှင်တွေကတဆင့် ချဉ်းပီး ငွေနဲ့ စည်းရုံးပါတော့တယ်။ ဒါကြောင့် တက္တသိုလ်မောင်သန့်ဇင်ရဲ့ စာအုပ်ထဲက စကားငှားသုံးပြီး ပြောရရင်တော့ ရန်သူဟာ နှစ်ပေါင်းများစွာတိုင်အောင် ရွှေကျည်ဆံ ငွေကျည်ဆံတွေနဲ့ မိမိတပ်တွေကို ပစ်ခတ်ခဲ့တယ်။ အဲဒီခေတ် ကတော့ ရွှေကျည်ဆံ ငွေကျည်ဆံပဲ ရှိသေးတာ။ အခုခေတ်မှာ တော့ ရွှေကျည်ဆံ ငွေကျည်ဆံ တွေအပြင် ကျောက်စိမ်းကျည်ဆံ၊ စမူကျည်ဆံ ၊ KTV ကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခုလို ဖြစ်လာရတာ တစ်ပိုင်းပါသလို တရုတ်ရဲ့ မောင်းသူမဲ့ဒရုန်းစမ်းသပ်မှုကို ကိုယ်က တန်ပြန်ဒရုန်းစစ်ဆင်ရေး မလုပ်နိုင်တာလည်း ပါတာပေါ့။.
ရန်သူဟာ သိပ်ဥာဏ်များတာနော်။ ကိုယ့်ကို တိုက်ဖို့ နှစ်ပေါင်းများစွာ တိုင်အောင် စိတ်ဓာတ်ရေးအရ စစ်တိုက်လိုစိတ်ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခဲ့တယ်။ သိပ်တော် ၊ သိပ်မာတဲ့ ခေါင်းဆောင်တွေ ဆိုရင်လည်း မျိုးစုံသောကျည်ဆံတွေနဲ့ အပစ်ခံရပြီး အရေးယူခံရအောင် ထောင်ချောက်ဆင်တာမျိုးလည်း လုပ်ပါတယ်။
မပခ မှာဆိုရင်လည်း သိပ်ပြီး စစ်တိုက်တော်တဲ့ တိုင်းမှူးတွေ တပ်မမှူးတွေ ဗျူဟာမှူးတွေကို လည်း ရွှေကျည်ဆံ ငွေကျည်ဆံ ကျောက်စိမ်း၊ ကျည်ဆံတွေနဲ့ ပစ်ပြီး မှတ်တမ်းထားရှိကာ တိုင်ပစ်လိုက်လို့ အရေးယူခံသွားရတဲ့ ဖြစ်စဉ် သာဓကတွေ အများကြီး ရှိပါတယ် လို့ ရေးပါတယ်။.
အစဉ်လေးစားစွာဖြင့် .
HtayOung, OungMarine.
https://www.quora.com/How-come-only-Mongols-and-Manchus-were-successful-in-creating-conquest-dynasties-in-China-What-did-they-have-that-other-non-Han-groups-didnt
https://www.washingtonpost.com/local/obituaries/olive-yang-cross-dressing-warlord-and-burmese-opium-trafficker-dies-at-90/2017/07/24/97a829c6-6fc7-11e7-8839-ec48ec4cae25_story.html
https://www.nytimes.com/subscription/onboarding-offer?campaignId=7JFJX&redirect_uri=https%3A%2F%2Fwww.nytimes.com%2F2017%2F07%2F21%2Fworld%2Fasia%2Fburmese-warlord-olive-yang.html&EXIT_URI=https%3A%2F%2Fwww.nytimes.com%2F2017%2F07%2F21%2Fworld%2Fasia%2Fburmese-warlord-olive-yang.html
===
Answer: > How come only Mongols and Manchus were successful in creating conquest dynasties in China? Mongols and Manchus were not the only successful people in creating conquest dynasties in China. Northern Wei, Eastern Wei, Western Wei, Yan, Liang, Jin and Liao Empire are some of Chinese empire...