Kozaw 09670094854

09/23/2022
09/23/2022

#မငယ်တော့တဲ့အခါ

တစ်ခုခုဆို ပုံကြီးချဲ့ ခံစားဖို့ထက်
မြန်မြန်မေ့ပစ်ဖို့ပဲ ကြိုးစားမိလာတယ် ။

အဝတ်အစား အပြင်အဆင်
#အနေအထိုင်ပဲဖြစ်ဖြစ်
လူအထင်ကြီးခံရဖို့ထက်
ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ပဲ
ပိုရွေးချယ်ဖြစ်လာတယ် ။

ပွဲလမ်းသဘင်တွေ သိပ်မသွားဖြစ်တော့ဘူး။
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာလေးမှာပဲ
#အေးအေးဆေးဆေး ပိုနေချင်လာတယ် ။

လိုချင်တာတစ်ခုလောက်ရပြီးရင်
ဒုက္ခတွေ #တစ်လှေကြီးလာတတ်သေးကြောင်း
ပိုသိလာတယ် ။

သိပ်ချစ်ပါတယ် ပြောပြီး
အနေတန်းသွားတဲ့ #ဆက်ဆံရေးတွေကိုလည်း
ပို မြင်တတ်လာတယ် ။

လူချင်းသာ အမျိုးတော်ပြီး
ပိုက်ဆံချင်း သူစိမ်းလိုနေတဲ့ ဆွေမျိုးတွေ ၊

ရှေ့မှာသာ ကောင်းပြပြီး
#နောက်ကွယ်ကျ ဒုက္ခ ပေးတတ်တဲ့
သူငယ်ချင်း တစ်ချို့ တစ်လေတွေကိုလည်း
ခွဲခြား နားလည်လာတယ် ။

ကိုယ့်ရှေ့ အကြွားအဝါတွေ တွေ့ရင်
လူမှုရေးအဖြစ်တောင်
စကားထောက် မပေးချင်တော့သလို
ကိုယ်ကိုယ်တိုင် #မကြွားမဝါမိအောင်လည်း
အရင်တုန်းကထက် ပပိုသတိထားဖြစ်လာတယ်

ဟန်ဆောင် ပန်ဆောင်လည်း #မလှူချင်တော့ဘူး ။
မနိုင်ဝန်တွေဆိုလည်း #မထမ်းချင်တော့ဘူး ။

ရှင်းရှင်းပြောရရင်

မငယ်တော့တဲ့အခါ
ဘယ်သူ့အတွက် နဲ့ မှ
ကိုယ့်ဘဝကို #မပူလောင်ချင်တော့ဘူး ။

crd;

Address

Dagon, CA
95640

Telephone

+959670094854

Website

Alerts

Be the first to know and let us send you an email when Kozaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share