တော်ဝင်သူ

Call Directions Website Contact the business

တော်ဝင်သူ Supplement Supplier with Flexible price and 100 % USA products

07/08/2023

အခုတလော ခလေးငယ်တွေမှာအဖြစ်အရမ်းများနေတဲ့

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကဘာလဲ။


အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဖြစ်လေ့ရှိသည့်
အဆုတ်ပိုးဝင်ရောဂါပြီး ဆောင်းရာသီတွင်
အဖြစ်များပါသည်။

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏ရောဂါလက္ခဏာများသည် အအေးမိခြင်းကဲ့သို့ပင် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှင့် အသက်ရှုကျပ်လာခြင်းတို့ တခါတရံဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တခါတရံတွင် ရက်သတ္တပတ်အနည်းငယ်မှ လအထိကြာမြင့်နိုင်ပါသည်။

အများစုသော ကလေးများသည် အိမ်မှာနေပြီး အားမွေးလျှင်ပျောက်ကင်းသွားသော်လည်း အချို့မှာ ဆေးရုံတင်ရန်လိုအပ်သောအခြေအနေများ ဖြစ်လာနိုင်ပါသည်။

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏
နောက်ဆက်တွဲဆိုးကျိုးများမှာ

အောက်ဆီဂျင်လုံလောက်စွာ မရခြင်းကြောင့်
နှုတ်ခမ်းနှင့် အသားများပြာလာခြင်း
အသက်ရှုရပ်သွားခြင်း (လမစေ့ဘဲမွေးသော ကလေးများနှင့် ၁လအောက်ကလေးများတွင်
အဖြစ်များသည်။)
ရေဓါတ်ခမ်းခြောက်ခြင်း
သွေးထဲတွင် အောက်ဆီဂျင်နည်းခြင်း နှင့် အသက်ရှုလုပ်ငန်းများရပ်သွားခြင်း တို့ဖြစ်သည်။
Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် အလွန်အဖြစ်များသောရောဂါဖြစ်ပါသည်။
ကလေးငယ်များနှင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေး
ဖြစ်နိုင်ပါသည်။

သို့သော် ရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လက္ခဏာများ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ

နှာရည်ယိုခြင်း
နှာခေါင်းပိတ်ခြင်း
ချောင်းဆိုးခြင်း
ငွေ့ငွေ့ဖျားခြင်း
အသက်ရှုကျပ်ခြင်း
အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော နားတွင်ပိုးဝင်ခြင်း တို့ဖြစ်သည်။
အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော်
ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံ
ခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်
တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်
တွေ့ဆုံသင့်သလဲ ⁉️

အောက်ပါ လက္ခဏာများရှိပါက ဆရာဝန်ထံသွားပြသင့်သည်။✅

အန်ခြင်း
အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
အသက်ရှုမြန်ခြင်း(၁ မိနစ်တွင် အသက်ရှုနှုန်း၆၀ ထက်ပိုခြင်း)
အသက်ရှုလျှင် နံရိုးများချိုင့်သည်အထိအားသုံးပြီါ် ရှုနေရခြင်း
ပင်ပန်းနွမ်းနယ်ပြီး ပျော့ခွေနေခြင်း
အစာ၊ရေများတိုက်ကျွေးသော်လည်း ငြင်းပယ်ခြင်း
အသားများ (အထူးသဖြင့် နှုတ်ခမ်းနှင့် လက်သည်းများ) ပြာလာခြင်း

အကယ်၍ ကလေးသည် ၁၂ ပတ်အောက်ငယ်ပြီး လမစေ့ဘဲမွေးခြင်း၊ နှလုံးနှင့်အဆုတ်ရောဂါများရှိခြင်း စသည့်အဆုတ်လေပြွန်ငယ်များရောင်ရမ်း
ခြင်းကိုဖြစ်နိုင်စေသောအချက်များနှင့် တွဲနေပါက ဆရာဝန်ထံသွားပြရန် ပို အရေးကြီးပါသည်။

Crd #
Hellosayawon com .

12/07/2021

GLP1 ဆီးချိုကုထိုးဆေး ရဲ့ အောင်မြင်မှု သမိုင်းမှတ်တိုင်အသစ် 💪

တပတ်တလုံး Semaglutide ထိုးဆေး ကို ၆၈ ပတ် ထိုးပြီး စမ်းသပ်ချက်အရ အဝလွန် နေတဲ့ လူတွေကို ပေါင် ၃၄ ပေါင် ထိ ဝိတ်ကျစေတာကို တွေ့ရပါတယ်

အာ့မို့ GLP1i ထိုးဆေးကို ဆီးချို တင်မကပဲ အဝလွန် နေသူတွေ အတွက်ပါ ကုထုံး ဆေး ဖြစ်လာပါတော့မယ်

Credit

In Evidence-Based GI: Once-Weekly Semaglutide in Adults with Overweight or Obesity
Reviewers: Dr. Philip Schoenfeld & Dr. Sonali Paul

Article: bit.ly/3rCXNyR
Audio Summary: bit.ly/3psBUzB

12/07/2021

"2018 ADA အမေရိကားဆီးချိုအသင်းကြီးမှ နောက်ဆုံးပေါ်ဆေးပညာအကြောင်း” လေး ရေးခဲ့တာ ပြန် Share ပေးပါတယ်
=========================

ခုထိလည်း ရလဒ်တွေ ကောင်းနေပါတယ်

နောက်ဆုံးပေါ် SGLT2i ဆေးဖြစ်တဲ့ Dapaglifozin စားဆေး နှင့် Gliptinအုပ်စု စားဆေး ၂မျိုးပေါင်းကုတာက

အင်စူလင်ထိုးဆေး နှင့် မြန်မာပြည်မှာ အသုံးများသော DMR (ဥပမာဆံစီလိုဆေး ) Sulfonylurea အုပ်စု အပါ Metforminအပါအတွဲ ကုသလို ကောင်းတယ် ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာပါပြီ

အရင်ကုထုံးအဟောင်းတွေကို အပြင်

ခုဆေးအသစ်တွေက ပိုကောင်းလွန်းနေပါတယ်

အရင်ကဆို အင်စူလင်ထိုးဆေးပြီးရင် ပြီးသွားပေမည့် ခုက ရွေးချယ်စရာ ဆေးအသစ်တွေက အင်စူလင်ထိုးသလိုကောင်းနေတော့

နေ့တိုင်းဆေးထိုးရတဲ့ အဖြစ်က လွတ်ပါလိမ့်မယ်

သတင်းကောင်းပါပဲ

Forxiga+ Gliptin+Metformin ၃မျိုးထိ ပေါင်းကုလို့ရပါပြီ စားဆေးချည်းမို့ အဆင်ပြေပါလိမ့်မယ်

ဘေးထွက်ဆိုးကျိုးလည်း နည်းပါတယ် ခံနိုင်ရည်ရှိပါလိမ့်မယ်

အင်စူလင်+မက်ဖော်မင် လိုရလဒ်ကောင်းပါတယ်တဲ့

အင်စူလင် တန်းမထိုးသေးဘဲ စားဆေး၃မျိုးပေါင်းကုလို့ရပါပြီ ဝမ်းသာစရာပါပဲ

SGLT2I ဆေးက ကိုယ်အလေးချိန်လျှော့ကျပြီးအသည်းအဆီဖုန်း နှလုံးရောဂါ နှင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှုပါလျှော့ကျစေလို့ အကျိုးများပါတယ်

ကျန်းမာကြပါစေ

အရာရာ ကို စဉ်းစားချင့်ချိန် နိုင်မှ       တော်ယုံကြမယ်
01/12/2021

အရာရာ ကို စဉ်းစားချင့်ချိန် နိုင်မှ

တော်ယုံကြမယ်

ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုး ကြီးမားကြောင်း နော်ဝေ ထုတ်ပြန်
----------------------------------------
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး ကြီးမားတယ်လို့ နော်ဝေ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု အင်စတီကျု (FHI) က ဒီနေ့ပဲ သတိပေးချက်ထုတ်ပြန်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေကို ကာကွယ်ဆေးထိုးပေးရာမှာ ဘေးထွက်ဆိုးကျိုး ကြီးမားတယ်လို့ ပြောထားတာပါ။

“ကိုယ်ခံအား တော်တော်လေး နည်းပါးသူတွေအတွက်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အားပျော့တဲ့ ကာကွယ်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကတောင် စိုးရိမ်စရာ အကျိုးဆက်တွေ ဖြစ်လာစေနိုင်ပါတယ်။ သက်တမ်း နည်းနည်းပဲ ကျန်တော့သူတွေ အတွက်လည်း ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးဟာ ရချင်မှ ရနိုင်ပါလိမ့်မယ်”လို့ FHI ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒါကြောင့် အလွန်အမင်း ကိုယ်ခံအားနည်းတဲ့ လူနာတွေနဲ့ သေစေနိုင်လောက်တဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေကို ကာကွယ်ဆေးထိုး ပေးမယ်ဆိုရင် ကောင်းကျိုးဆိုးပြစ် ဝေဖန်ထောက်ရှုပြီးမှ ထိုးပေးသင့်တယ်လို့လည်း အကြံပေးထား ပါတယ်။

နော်ဝေနိုင်ငံမှာ ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကာကွယ်ဆေးကို စတင်ထိုးပေးနေရာမှာ အသက် ၈၅ နှစ် အထက် သက်ကြီးရွယ်အိုတွေကို ပထမဦးစားပေး ထိုးပေးနေပြီး အသက် ၇၅ နှစ်မှ ၈၅ နှစ်အတွင်းကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီလို ထိုးပေးနေတုန်းမှာပဲ ဘိုးဘွားရိပ်သာက အဘိုးအဘွား ရှစ်ယောက်ထက်မနည်း ကွယ် လွန်သွားချိန်မှာ FHI က အခုလို ထုတ်ပြန်ခဲ့တာပါ။ ဘာကြောင့် သေဆုံးရတာလဲဆိုတာကို နော်ဝေ ကျန်းမာရေး အေဂျင်စီ နဲ့ FHI တို့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Source: NRK

09/27/2020
အမေရိကားရဲ့ ကူးစက်ရောဂါဌာန NIAID အကြီးအကဲ ‌ရာထူးသက်တော်ရှည်သမားတော် ဒေါက်တာဖော့ချီ အကြံပေးတာဖြစ်ပါတယ်...။ကိုဗစ်ဝင်လာရင်....
09/20/2020

အမေရိကားရဲ့ ကူးစက်ရောဂါဌာန NIAID အကြီးအကဲ ‌ရာထူးသက်တော်ရှည်သမားတော်
ဒေါက်တာဖော့ချီ အကြံပေးတာဖြစ်ပါတယ်...။

ကိုဗစ်ဝင်လာရင်.. ပြန်ခံချရမယ့်.. ခန္ဓာတွင်းကိုယ်ခံအား..တက်ဖို့.. နေ့စဉ်လုပ်ရမှာ.. ၃ချက်ထဲ..။
ကိုယ်ခံအားတက်နေရင်.. ကိုဗစ်ရောဂါဖြစ်စေတဲ့.. ကိုရိုနာဗိုင်းရပ်စ်ကို.. အနိုင်ရပြီး.. ကိုဗစ်မှမဟုတ်..
ဖလူးအပါအဝင်..ဘာကူးစက်ရောဂါမှမဖြစ်ပါ..။

၁) ထိုက်သင့်တဲ့ အိပ်ချိန်ထား အိပ်ပါ။ Sleep ( တရက် ၇နာရီ )
၂) ထိုက်သင့်တာ မျှစားပါ..။ Eat well (vitamin C, vitamin D, zinc, selenium, iron and protein ပါတာတွေ..)
၃)စိတ်လက်ချမ်းသာ သီတင်းသုံးသီးသန့်နေ
့်တော်မူပါ..။ Reduce stress ( စိတ်ပူ..စိတ်ညစ်စရာတွေမေ့ထား.. ဖျောက်ပစ်.. တရားထိုင်.. တရား
မှတ်.. )

ဒါအချက်တွေအားလုံးဟာ-
ကျေးဇူးရှင်ဆရာမကြီးရဲ့
လွန်ခဲ့သော နှစ်များစွာထဲက
သင်ကြားပြသပေးခဲ့တဲ့ အချက်တွေပါဘဲ

မှန်ကန်တဲ့ လမ်းကို လျှောက်နေရခြင်းအတွက်
ဂုဏ် ယူ ဝမ်း မြောက် မိ ပါ တယ်

ဆရာမကြီး ဒေါ်ခင်နွယ်ဝင်းအား
လေးစားဂုဏ်ပြုလျှက်ပါ.
🙏🙏🙏

"ကိုဗစ်နှင့်... ဝေးလိုလျှင်'

အမေရိကားရဲ့ ကူးစက်ရောဂါဌာန NIAID အကြီးအကဲ ‌ရာထူးသက်တော်ရှည်သမားတော် ဒေါက်တာဖော့ချီ အကြံပေးတာဖြစ်ပါတယ်...။
ကိုဗစ်ဝင်လာရင်.. ပြန်ခံချရမယ့်.. ခန္ဓာတွင်းကိုယ်ခံအား..တက်ဖို့.. နေ့စဉ်လုပ်ရမှာ.. ၃ချက်ထဲ..။ ကိုယ်ခံအားတက်နေရင်.. ကိုဗစ်ရောဂါဖြစ်စေတဲ့.. ကိုရိုနာဗိုင်းရပ်စ်ကို.. အနိုင်ရပြီး.. ကိုဗစ်မှမဟုတ်.. ဖလူအပါအဝင်..ဘာကူးစက်ရောဂါမှမဖြစ်ပါ..။

၁) ထိုက်သင့်တဲ့ အိပ်ချိန်ထား အိပ်ပါ။ Sleep ( တရက် ၇နာရီ )
၂) ထိုက်သင့်တာ မျှစားပါ..။ Eat well (vitamin C, vitamin D, zinc, selenium, iron and protein ပါတာတွေ..)
၃)စိတ်လက်ချမ်းသာ သီတင်းသုံးနေသန့်တော်မူပါ..။ Reduce stress ( စိတ်ပူ..စိတ်ညစ်စရာတွေမေ့ထား.. ဖျောက်ပစ်.. တရားထိုင်.. တရားမှတ်.. )

ဆိုတော့...
ဒါက.. ကိုရိုနာဗိုင်းရပ်စ် ဝင်လာရင်..ခံချဖို့ ကိုယ့်.. ကိုယ်ခံစွမ်းမြှင့်ထားဖို့ လုပ်ရမှာတွေဖြစ်ပါတယ်..။

အကောင်းဆုံးကတော့.. ဗိုင်းရပ်စ်ခန္ဓာထဲ.. ဝင်ကိုမဝင်လာအောင်.. ကာဆီးထားတာမျိုးပါ..။
ဗိုင်းရပ်စ်ဟာ..လူရဲ့ ဒွာရပေါက် ၃ခုကဝင်နိုင်ပါတယ်..။ (မျက်စိ။ နှာခေါင်း။ ပါးစပ်။ )
အန္တရာယ်အပေးနိုင်ဆုံးအပေါက်က.. ၂ပေါက်ဖြစ်ပါတယ်...။ လူက.. အသက်ရှုရင်.. တမင်တကာကို.. လေရှုသွင်းရတဲ့.. ၂ပေါက်..။
နှာခေါင်းပေါက်နဲ့.. ပါးစပ်ပေါက်..။
လေရှုသွင်းလိုက်ရင်.. လေထုထဲပြန့်နေတဲ့.. ကိုရိုနာဗိုင်းရပ်စ်က.. နှာခေါင်း/ပါးစပ်ကတဆင့်.. အသက်ရှုလမ်းကြောင်းထဲရောက်.. အဆုတ်ထဲရောက်ပြီး.. အဲဒီမှာကပ်နေပြီး.. လူ့ဆဲလ်ကို ပူးကပ်တွယ်လို့.. အထဲစိမ့်ဝင်သွားပါတယ်..။
အဲဒီမှာ ဗိုင်းရပ်စ်ကူးပွားသွားပြီး... လူကိုသတ်ရောဆိုပါစို့..။
အပြင်ကဝင်လာတဲ့.. ပစ္စည်း(ဗိုင်းရပ်စ်)မို့.. လူ့ကိုယ်ခံအားက.. တိုက်ထုတ်ပါတယ်...။ ကိုယ်ခံအားကောင်းရင်.. ဗိုင်းရပ်စ်ကိုချေဖျက်.. သတ်ပစ်နိုင်တာမို့.. လူက.. ဘာမှမဖြစ်..။ ကိုယ်ခံအားမကောင်းရင်း. ဗိုင်းရပ်စ်ကအနိုင်ရ.. လူကသေရော..။

အဲလိုမဖြစ်အောင်..
ဗိုင်းရပ်စ်မဝင်ရ‌အောင်.. အသက်ရှူပေါက်တွေ ကာဆီး/စစ်ထုတ်ထားတာက.. အကောင်းဆုံးကာကွယ်နည်းဖြစ်ကြောင်းပါ..။
အသက်ရှုကတပ်ပါ..။ Face Maskတပ်ပါ..။
အတပ်ပြယုံ... ထိရောက်မှုမရှိတဲ့.. အဝတ်၁ထပ်ကိုမတပ်ပါနဲ့..။
၂ထပ်ကိုမတပ်ပါနဲ့..။ ၃ထပ် ကို Filter ထပ်ခံပြီးတပ်စေလိုပါတယ်..။
ဒါမှမဟုတ်.. ၃ထပ်..Surgical mask ကိုတပ်စေလိုပါတယ်..။
ဖြစ်နိုင်ရင်..3Mထုတ်.. N 95 ကို( အသက်ရှုနည်းနည်းကြပ်ပေမယ့်.. )တပ်ပါ..။
N 95 ဝယ်လို့မရ..ခက်ခဲရင်.. ချိုင်းနား/ကိုရီးယားထုတ်.. KN 95 ကိုတပ်ပါ..။
နိုင်ငံခြားထုတ်များမို့.. သိပ်တော့ အပြီးမယုံပါနဲ့.. ။ ဖယောင်းတိုင်ကို.. မီးညှိ.. Mask တပ်ပြီး.. လေနဲ့ မှုတ်စစ်ဆေးကြည့်ပါ..။ ဖယောင်းတိုင်မီး မငြိမ်းမှ
စိတ်ချရကြောင်း..။

Crd # #
Thakhin Kai Bowr.

White House advisor Dr. Anthony Fauci explained basic habits that you can add to your daily routine to optimize your immune function, in an interview with Business Insider. Here are the science-backed strategies he recommends.

09/16/2020

ကိုယ်ခံအားစနစ်အတွက် Dr Anthony Fauci ကိုယ်တိုင်ပြောခဲ့တဲ့ Vitamin (၂)ခု

Dr Anthony Fauci ဆိုတာ အမေရိကန်မှာ နာမည်အကြီးဆုံးဆရာဝန် တစ်ယောက်ပါ။သူဟာ အမေရိကန်ရဲ့ အတော်ဆုံး ကူးစက် ရောဂါ ထူးချွန်သူတစ်ဦးလည်းဖြစ်ပါတယ်။

Dr Anthony Fauci ဟာ အမှန်တကယ်တော့ Covid 19ရောဂါအတွက် ဘယ်အားဆေးမှ သောက်ဖို့မလိုကြောင်းပြောခဲ့ပါတယ်။ဘယ်အားဆေး မှ ကိုယ်ခံအားစနစ်ကို ထိထိရောက်ရောက်မြှင့်တင်တဲ့သက်သေမရှိဘူးဆိုတာ ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် Dr Fauci ရဲ့ Instagram live တစ်ခုမှာ အမေရိကန် မင်းသမီး Jennifer Gardner က Dr Fauci ကို “ကိုယ်ခံအားကောင်းစေဖို့ ဘယ် Vitamin သောက်ရမလဲ”လို့ မေးလိုက်တဲ့အခါ Dr Fauci က “ကျွန်တော်ရွေးချယ်သောက်ရမယ်ဆိုရင် Vitamin D ကိုသောက်ပါမယ်လို့ ပြောခဲ့ပါတယ်။နောက်ပြီး Vitamin Cကို သောက်သုံးရင်လည်း အဆင်ပြေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

Dr Anthony Fauci က အိမ်ဖြူတော်ရဲ့ Covid 19 ထိန်းချုပ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး တစ်ခါတစ်ရံ တစ်ရက် ကို နာရီ (၂၀)အလုပ်လုပ်တယ်လို့သိရပါတယ်။

Source:CNBC

Vitamin D ကို တစ်နေ့ (10mcg /400 IU)
Vitamin C ကို တစ်နေ့ 100-300mg နေ့စဉ်သောက်သုံးလို့ရပါတယ်

Address

Jersey City, NJ
65037

Alerts

Be the first to know and let us send you an email when တော်ဝင်သူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တော်ဝင်သူ:

Shortcuts

Share