UKarKa-Daw Sein USA

UKarKa-Daw Sein USA To present Myanmar Tea & Tealeaf to the American consumers & Overseas Myanmar families.

Myanmar tea - Green tea, Jasmine tea, Rose tea, Tanaka tea, Sticky rice tea, Black tea &...
“Myanmar Tealeaf” flavor- the regular & spicy flavor.

02/07/2024

လက်ဖက်ထမင်း နဲ့ ခရမ်းချဉ်သီးလက်ဖက်အစာသွတ်
လုပ်စားပုံကို ကြည့်ရှုအားပေးကြပါ။
USA မှာစားချင်ရင် -
(626) 506-9607 သို့ ဆက်သွယ် မှာကြားနိုင်ပါတယ်။
ဒေါ်လာ ၁၀၀ ကျော်ဖိုးဝယ်ရင် ပို့ခ free ပါ။
စောင့်မျှော်အားပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်။

https://fb.watch/q3qL1YQEUE/

ပဲကြာဆံသုပ် စားဘူးကြမှာပါ။ပိုပြီး အရသာရှိရှိ၊ ခံတွင်းမြိန်မြိန် ဖြစ်စေမယ့် လွယ်ကူ သက်သာတဲ့ ပဲကြာဆံလက်ဖက်ချဉ်ငန်စပ်သုပ်လေ...
01/05/2024

ပဲကြာဆံသုပ် စားဘူးကြမှာပါ။
ပိုပြီး အရသာရှိရှိ၊ ခံတွင်းမြိန်မြိန် ဖြစ်စေမယ့်
လွယ်ကူ သက်သာတဲ့
ပဲကြာဆံလက်ဖက်ချဉ်ငန်စပ်သုပ်လေး
လုပ်စားကြည့်ရအောင်။

ပါဝင်သောပစ္စည်းများ
၁။ ဦးကာက ဇယန်းလက်ဖက်နှပ် - ထမင်းစားဇွန်း ၃ ဇွန်း
၂။ ပဲကြာဆံ - ၃၈ ဂရမ် (သို့မဟုတ်) လက်တဆုပ်စာ
၃။ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် - လက်တဆုပ်စာ
၄။ ပါးပါးလှးထားသော ခရမ်းချဉ်သီး - ၁ ခြမ်း
၅။ ခြစ်ထားသော မုန်လာဥနီ - လက်တစ်ဆုပ်စာ
၆။ အချောင်းလေးများ လှီးထားသော သခွားသီး
၇။ ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ငါးငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း မှ ၁ ဇွန်းခွဲ
၉။ သကြား - လက်ဖက်ရည်ဇွန်း တ ဝက်
၁၀။ ပဲမှုန့် အကျက် - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ မြေပဲထောင်း - ထမင်းစားဇွန်း ၃ ဇွန်း
၁၂။ ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း မှ ၂ ဇွန်း
၁၃။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
၁၄။ သံပုရာသီး - ၁ စိတ် မှ ၂ စိတ်
၁၅။ နှမ်းလှော် - အနည်းငယ်

(ထမင်းစားဇွန်း = 1 tablespoon = 15 ml)

ပြုလုပ်နည်း
၁။ ပဲကြာဆံကို ရေနွေးပူပူထဲမှာ ၁၅ မိနစ် ခန့် စိမ်ပြီး ရေစစ်ထားပါ။
၂။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။
၃။ ဇလုံ တခုထဲကို လက်ဖက်၊ ပဲကြာဆံ၊ ဂေါ်ဖီထုပ်၊
သခွားသီး၊ မုန်လာဥနီ၊ ပုစွန်ခြောက်မှုန့်၊ ငါးငံပြာရည်၊
သကြား၊ ပဲမှုန့်အကျက်၊ မြေပဲထောင်း၊ ငရုတ်သီးအကြမ်းမှုန့်၊
ဆီတို့ကိုထည့်၍ သမအောင်နယ်ပါ။
၄။ ပြီးမှ သံပုရာသီးညှစ်၊ ခရမ်းချဉ်သီးကို ထည့်နယ်ပါ။
၅။ အရသာပြည့်စုံသော ပဲကြာဆံလက်ဖက်ချဉ်ငန်စပ်သုပ် ရပါပြီ။
၆။ ပန်းကန်ထဲထည့်၊ အပေါ်ကနေ နှမ်းလှော်လေးဖြူးပြီး
မြိန်ရှက်စွာ သုံးဆောင်နိုင်ပါပြီ။

ကြော်ငြာ - ဇယန်းလက်ဖက်နှပ် အစပ် (Spicy)အမေရိကန်နိုင်ငံမှာ စျေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူနိုင်ပါပြီ။Container ကုန်သေတ္တာနဲ...
08/30/2023

ကြော်ငြာ - ဇယန်းလက်ဖက်နှပ် အစပ် (Spicy)
အမေရိကန်နိုင်ငံမှာ စျေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူနိုင်ပါပြီ။
Container ကုန်သေတ္တာနဲ့ ပင်လယ်ကူးသင်္ဘောနဲ့
အမေရိကန်နိုင်ငံသို့ တင်သွင်းလာပြီမို့
စျေးနှုန်း အထူးချိုသာစွာနဲ့ ဝယ်ယူအားပေးနိုင်ပါပြီ။
အစစအရာရာ စျေးတက်/ကြီး နေတဲ့ ယခုအချိန်မှာ
အကြားချင်ဆုံးစကားမို့ သတင်းကောင်းပါးလိုက်ပါတယ်။
လက်ရှိရောင်းနေတဲ့ လက်ဖက်တွေက
လေယာဥ်နဲ့ DHL အမြန်ချောပို့စနစ် နဲ့ ပို့ခဲ့တာမို့
မြန်မာပြည်တွင်းစျေးနှုန်းနဲ့ နှိုင်းယှဥ်ကြည့်ရင်
စျေးနှုန်းကွာဟမှု ရှိတာကို စားသုံးသူတိုင်းသိကြမှာပါ။
အခုတလမှာ ဇယန်းလက်ဖက်နှပ် အစပ် (Spicy) တမျိုးတည်းကို
ပင်လယ်ကူးသင်္ဘောရဲ့ Container ကုန်သေတ္တာနဲ့
တင်သွင်းလာနိုင်ပြီမို့ မြန်မာပြည်ဖွားလက်ဖက်ချစ်သူတွေ
အထူးချိုသာတဲ့စျေးနှုန်း (30% Discount) နဲ့
အားပါးတရ စိတ်ကြိုက် အားပေးနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။
expiry date ပါ ပါတယ်။
အမေရိကန်တဝှမ်း မြန်မာပြည်ဖွားလုပ်ငန်းရှင်တွေက
မြို့ပေါင်းစုံမှာ.. ဆိုင်ပေါင်းစုံမှာ.. Vendor အမျိုးမျိုး..
အွန်လိုင်းစျေးဆိုင်ပေါင်းစုံမှာ စျေးနှုန်းအမျိုးမျိုးနဲ့
ရောင်းဝယ်နေကြတာမို့ စျေးကွက်ပျက်အောင်..
ကုန်သည်အချင်းချင်း သူ့ထက်ငါ စျေးပေါ/သက်သာကြောင်း
အလုအယက် မကြော်ငြာချင်ပါ။
CB ကနေ စျေးနှုန်းကို ဖြေကြားပေးပါ့မယ်။
စိတ်ရှည်လက်ရှည် တစိုက်မတ်မတ် တခဲနက် အားပေးကြတဲ့
မြန်မာပြည်ဖွားတိုင်းရင်းသား လက်ဖက်ချစ်သူတွေကို
အထူး အထူး အထူး ကျေးဇူးတင်ပါတယ်။

USA Los Angeles (626) 506-9607
(626) 890-8710

07/26/2023

USA မှ အမျိုးတွေကို မိတ်ဆက်ပေးပါရစေ။

အမေရိကန်နိုင်ငံတွင် ရောက်ရှိ အခြေချနေထိုင်ကြသော မြန်မာပြည်ဖွား တိုင်းရင်းသားစားသုံးသူ မိသားစုများ အဆင်ပြေစွာ စိတ်တိုင်းက...
11/29/2022

အမေရိကန်နိုင်ငံတွင် ရောက်ရှိ အခြေချနေထိုင်ကြသော
မြန်မာပြည်ဖွား တိုင်းရင်းသားစားသုံးသူ မိသားစုများ
အဆင်ပြေစွာ စိတ်တိုင်းကျ ဝယ်ယူ အားပေးနိုင်အောင်
ယခုအခါ လော့စ်အိန်းဂျလိစ်မြို့မှ တဆင့်
ဦးကါက‌-ဒေါ်စိန် ဇယန်းလက်ဖက် အညွှန့်နှပ်
၈၀ ဂရမ် အချို/အစပ်အထုပ်များကို တစ်ထုပ်ချင်းစီ
ရောင်းချပေး‌နေပါပြီ။

Tel: (626) 890-8710, (626) 506-9607 USA/Los Angeles

အား ပေး လှူ ဒါန်း တော် မူကြပါ။၂၀၂၂ ဇူလိုင် ၁၇ ရက်နေ့မှာ ကျင်းပလှူဒါန်းမယ့် အဇူဇာ‌ကျောင်းနိဗ္ဗာန်စျေးပွဲတော်မှာ ဦးကါက-ဒေ...
06/13/2022

အား ပေး လှူ ဒါန်း တော် မူကြပါ။
၂၀၂၂ ဇူလိုင် ၁၇ ရက်နေ့မှာ ကျင်းပလှူဒါန်းမယ့်
အဇူဇာ‌ကျောင်းနိဗ္ဗာန်စျေးပွဲတော်မှာ
ဦးကါက-ဒေါ်စိန် ဆိုင်ခန်း ရှိနေပါမယ်။
* အသင့်စား ဇယန်းလက်ဖက်နှပ်- Ready to serve
Regular/ Spicy. 80 Gram, 30 Gram.
* လက်ဖက်‌ခြောက်- Green Tea, ရွှေဖီမိုးလွတ်၊ ကောက်ညှင်းမွှေး၊
လှော်သင်းနံ့၊ ဇယန်းချဥ်နံ့။
* အချိုခြောက်- 80 Gram, 400 Gram, 800 Gram.
* အကြော်စုံ (နှစ်ပြန်ကြော်)- 50 Gram, 160 Gram.
* ချမ်းသာသုခ- Regular/ ချဥ်စပ်ချဥ်စပ်။

Tel: (626) 890-8710, (626) 506-9607.

Address

Los Angeles, CA

Opening Hours

Monday 7am - 7pm
Tuesday 7am - 7pm
Wednesday 7am - 7pm
Thursday 7am - 7pm
Friday 7am - 7pm
Saturday 7am - 7pm
Sunday 7am - 7pm

Telephone

+16265069607

Website

Alerts

Be the first to know and let us send you an email when UKarKa-Daw Sein USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share