All I Want is Everything, Take Me to NYC.

All I Want is Everything, Take Me to NYC. Made in the USA. All I want is everything, take me to NYC.

12/12/2021
11/09/2021

မေသင်က တူမလေးကို နိုင်ငံခြားမှာပဲသူ့ဘဝလေးကိုဖြတ်သန်းစေချင်တာပါ ။ အိုင်ဗီလေး လမ်းစလျှောက်တတ်တဲ့အချိန်မှာ....

10/15/2021

မြန်မာစစ်ခေါင်းဆောင်ကို ညီလာခံ တက်ခွင့်ပေးပါက အာဆီယံသည် အများယုံကြည်မှုကို လက်လွှတ်ရနိုင်ဟု ဖိလစ်ပိုင်နိုင်ငံခြား‌ရေးဝန်ကြီး သတိပေး

The South China Morning Post

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ယခုလထဲ အွန်လိုင်းကနေ ကျင်းပမည့် အာဆီယံထိပ်သီးတွေ့ဆုံပွဲတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်ကို တက်ခွင့်ပြုလိုက်ပါက အဖွဲ့အပေါ် အများလက်ခံ ယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးသွားရလိမ့်မည် ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လော့ဆင်က အောက်တိုဘာ ၁၄ ရက်တွင် သတိပေးစကားဆိုခဲ့သည်။

“ကျွန်တော်တို့ (မြန်မာ) ကို ဆက်ပြီးတော့ ခပ်တန်းတန်း ဆက်ဆံနိုင်ပါတယ်၊ ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့ တနည်းနည်းနဲ့ အလျှော့ပေး လိုက်လျောလိုက်မယ်ဆိုရင် စစ်မှန်တဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ နာမည်အဆင့်အတန်းနဲ့ အများလက်ခံ ယုံကြည်နိုင်မှုဟာ ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု လော့ဆင်က သြစတြေးလျ think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့) Lowy Institute က ကမကထပြုသည့် Zoom အခမ်းအနားတစ်ခုတွင် ပြောခဲ့သည်။

အောက်တိုဘာ ၂၆-၂၈ ရက်တွင် ကျင်းပမည့် အာဆီယံညီလာခံကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားခဲ့မည်လား ဆိုသည်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်၌ လော့ဆင် အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ မတိုင်မီ အဆိုပါ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းမတိုင်မီကလည်း မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ထိပ်သီးတွေ့ဆုံပွဲ မဖိတ်ကြားရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ချို့ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာရီဝမ် ယူဆွတ်ဖ်က ပြီးခဲ့သည့်အပတ်က ရိုက်တာကို ပြောခဲ့သေးသည်။

မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့က မင်းအောင်လှိုင်ကို ညီလာခံကနေ ဖယ်ထုတ်ရေးကို ထောက်ခံထားကြကြောင်း၊ သို့သော် အာဆီယံ နိုင်ငံ ကိုးနိုင်ငံအကြား အများသဘောဆန္ဒတစ်ခု ထွက်ပေါ်ရရှိစေရေးအတွက် တိုက်တွန်းလုပ်ဆောင်နေခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြသည်။

လော့ဆင်က မြန်မာစစ်ခေါင်းဆောင်ကို ရှေ့လာမည့် ထိပ်သီးအစည်းအဝေးများကနေလည်း ချန်လှပ်ထားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သလို ဖြစ်နိုင်ခြေရှိ ပစ်ပယ်ထားရေးနှင့်ပတ်သက်ပြီး ရှေ့ကာလတွင် ဆွေးနွေးမှုများ လုပ်လိုကြောင်း ၎င်းက ပြောခဲ့သည်။

“ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆွေးနွေးသွားပါမယ်၊ ပထမအချက်ကတော့ မြန်မာနိုင်ငံမှာ အရင် မူလအတိုင်း အခြေအနေမျိုး ပြန်ရောက်တာကို ကျွန်တော် မြင်တွေ့လိုပါတယ်၊ ဒါ ကျွန်တော့် သဘောထားပါ” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ အနာဂတ်၏ နေရာကဏ္ဍတစ်ခုကနေ ပါဝင်စေရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်၏ ပထမဆုံးသမ္မတ ဂျော့ဂျ် ဝါရှင်တန်၏ သမီးလိုမျိုး တူညီသော အနေအထားတစ်ခုတွင် ရှိနေကြောင်း၊ အဘယ့်ကြောင့်ဆိုသော် “သူမ၏ ဖခင်သည် ယင်းနိုင်ငံကို တည်ထောင်ခဲ့သလို၊ သူမ၏ ဖခင်သည် ယင်းစစ်တပ်ကိုလည်း ထူထောင်ခဲ့ခြင်း ဖြစ်၍ ဖြစ်ကြောင်း လော့ဆင်က ပြောခဲ့သည်။

“ခင်ဗျားအနေနဲ့ သူမကို ညီမျှခြင်းထဲကနေ ထုတ်လို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းက မြန်မာစစ်တပ်သည် ရှိရန် လိုအပ်ကြောင်း၊ စစ်တပ်မရှိလျင် နိုင်ငံသည် မင်းမဲ့စရိုက် ငရဲတွင်း တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

--------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

10/12/2021

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး ရာထူးမှနှုတ်ထွက်ရန် စစ်ကောင်စီ ဖိအားပေးခဲ့၊ အသက်သာအသေခံမည် မလိုက်လျောဟု သမ္မတကြီးပြန်ပြော

မဇ္ဈိမ

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ ရာထူးမှနှုတ်ထွက်ရန် အာဏာသိမ်းစစ်ကောင်စီတပ်က ဖိအားေ့ပးခဲ့သော်လည်း အသက်သာအသေ ခံမည် လိုက်လျောခြင်းမပြုနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ယနေ့ တရားရုံးကြားနာမှုတွင် ကိုယ်တိုင်ထွက်ဆိုသွားခဲ့သည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့နံနက်အစောပိုင်းက ရာထူးကြီး ကြီး စစ်အရာရှိကြီးနှစ်ဦး အိမ်တော်သို့ရောက်လာပြီး သမ္မတကြီးအား " မကျန်းမာ၍ဆိုကာ သမ္မတ ရာထူးမှ နုတ်ထွက်သွားရန် ဖျောင်းဖျပြောဆို ကြောင်း" နှင့် " ငြင်းဆန်နေလျှင် ပိုပြီး အထိနာလိမ့်မည်" ဟု သတိပေးကြသည် ကို သမ္မတက လိုက်လျောသည်ထက် အသေဘဲ ခံမည်ဟု ၎င်းတို့အား ပြန်ပြော ခဲ့သည်။" ဟု နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံး၌ ပြုလုပ်သော တရားခွင် တွင် ကိုယ်တိုင်ထွက်ဆိုသွားသည်ဟု ရှ့နေဦးခင်မောင်ဇော်က မီဒီယာများသို့ ပြောသည်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးအပေါ် စွဲဆိုထား သော ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ကိုယ်တိုင်ထွက်ဆိုချက် ပေးသွားခြင်းဖြစ်သည်။

ထို့အပြင် သမ္မတ ဦးဝင်းမြင့်က ကိုယ်တိုင်သက်သေအနေဖြင့် ထွက်ဆိုရာတွင် ၎င်းကို အားလုံးနှင့် အဆက်အသွယ်ဖြတ်တောက်ခံရကာ ထိန်းသိမ်းခံရခြင်း ဖြစ် ၍ ၎င်းအပေါ် စွပ်စွဲချက်များသည် အခြေအမြစ်မဲ့ကြောင်း၊ ထိုအတွက် ယခု စွပ်စွဲထားသော ထွက်ဆိုချက်များသည် ၎င်း၏ နာမည်ပါရှိသော်လည်း ၎င်း ကိုယ်တိုင် သိရှိရခြင်း မရှိကြောင်း ထွက်ဆိုသည်။

အစိုးရရှေ့နေမှ ပြန်လှန်စစ်မေးရာတွင် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြောင်း သိနေသလားဟု မေးမြန်းခဲ့သည်။ ထိုအခါ တရားခံ ရှေ့နေဖြစ်သူက အဆိုပါအဖွဲ့အစည်းများပေါ်ပေါက်ချိန်တွင် စွပ်စွဲခံရသူသည် ဖမ်းဆီးချုပ်နှောင်ခံရချိန်ဖြစ်ပြီး သက်သေတစ်ဦးအနေဖြင့် မည်သည့် သတင်း အချက်အလက်မှရနိုင်သည့်အခွင့်အလမ်းမရှိဟုပြောကာ မေးခွန်းကိုကန့်ကွက် သည်။

ယင်းအပြင် "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်များ ဖွဲ့စည်း ထူထောင်သော PDF ၏ ရက်စက်ကြမ်းကြုပ်မှုများကို ခင်ဗျားသိသလား"ဟု အစိုးရ ရှေ့နေက ပြန်လှန်စစ်မေးသည်ကို တရားခံရှေ့နေက ဆီလျော်မှု မရှိဟု ကန့်ကွက်ခဲ့သည်။

သက်သေထွက်ဆိုချက်များကို မှတ်တမ်းတင်ထားရန်နှင့် တရားရုံး၌ ဖြစ်ပျက် သည်များကို အများသိအောင် ဖြန့်ဝေသင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများအား အကြံပြုခဲ့သည်။

ယင်းနောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ- ၂၅ အရ စွဲဆိုထားသော အမှုကို ဆင့်ခေါ်သည်။ ကြားနာစစ်ဆေးရန် နှစ်ဘက်စလုံးက လျှောက်လဲချက်များကို တင်သွင်းကြသည်။

လာမည့် ရုံးချိန်း အောက်တိုဘာ ၁၉ရက်သည် သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်၍ အမှုနှစ်ရပ်လုံးအတွက် ရုံးချိန်းကို အောက်တိုဘာ ၂၆ရက်သို့ ရွှေ့ဆိုင်းလိုက် ကြောင်း သိရသည်။

--------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

Address

Park Avenue
New York, NY
10028

Website

Alerts

Be the first to know and let us send you an email when All I Want is Everything, Take Me to NYC. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share