10/06/2026
Skin တစ်အားကောင်းတဲ့ Just May ရဲ့ d’Alba Serum Mist review လေး✨
မင်လဲ May review လေးဖတ်ပြီး အရမ်းသုံးကြည့်ချင်တာနဲ့ 5.5 sale မှာမှာချထားတာ
ခု instock 4ဘူးပဲကျန်မယ်နော် 100ml full size ပါ💗
Sale details here🎀
https://www.facebook.com/share/p/18hah9437Z/?mibextid=wwXIfr
ဒါလေး အရမ်းကောင်းလို့ အခု Olive Young sale ရှိနေတာနဲ့ အမှီလေး လာပြောတာ ။
ဒီ d’Alba First Spray Serum ကို Korea no.1 facial mist ဆိုပြီး Tik Tok တခွင် ပြဲပြဲစင်နေတာနှင့် အရင် တစ်ခေါက် sale ချတုန်းက မေ ဝယ်လိုက်တာပါ ။
Clean girl look တွေမှာ Highlighter မသုံးချင်သူတွေအတွက် လုံးဝ instant glow ရတယ် ။
မေဆို ဒါလေးဖြန်းတဲ့နေ့ဆို အသားရေကောင်းလိုက်တာ glow နေတာပဲဆိုပြီး compliments အမြဲရတယ် ။ဒါကြောင့်လဲ Korea လေယာဉ်မယ်တွေရဲ့ လက်စွဲလို့တောင်ပြောကြတာထင်တယ် ။
ဖြန်းပြီးတာနှင့် ခြောက်သွားရင် ဘာမှ မထူးခြားတဲ့ facial mist အများစုလို မဟုတ်ပဲ Hydration ကောင်းကောင်းပေးနိုင်ပြီး သူ့ရဲ့ glow တဲ့ပုံစံလေးက အရမ်းလှတယ် ။
double layer mist ဖြစ်တာကြောင့် shake ပြီးမှ သုံးပေးရပါတယ် ။
ဖြန်းခါစမှာ အဆီ တစ်လွှာ ကျန်မယ်ထင်ခဲ့ပေမယ့် ခြောက်သွားတဲ့အခါ မျက်နှာပေါ် နေရခက်အောင် ကပ်စေးစေးကြီး လုံးဝမဖြစ်ပဲ အသားရေက hydrated ဖြစ်ကျန်ခဲ့တာပါ ။ ပြောချင်တာကတော့ သူ glow တာ မျက်နှာပေါ် အဆီတလွှာ အုပ်နေတာကြောင့် ပြောင်နေတာမျိုးမဟုတ်ဘူးဆိုတာပါ ။
သူက ဖြန်းလိုက်လို့glow စေတာ ၊ hydration ပေးတာအပြင် skin care တစ်ခုအနေနှင့် အသားရေအတွက်ဘာကောင်းသေးလဲဆိုရင် skin elasticity ကောင်းဖို့ ကူညီပေးတယ် ။ နောက် hyperpigmentation တွေအတွက်လဲကောင်းတယ် ။
သူ့ကို skin care တစ်ခုအနေနှင့်လဲ သုံးလို့ရသလို makeup လိမ်းပြီးရင်လဲ fixer အနေနှင့် သုံးရင်လဲ အလွန် အဆင်ပြေတယ် ။ powder တွေ ခဲသွားတဲ့နေရာတို့ foundation ကွက်နေတဲ့ နေရာတို့ဆို ဒါလေးဖြန်းလိုက်ရင် အသာလေးပြေကျပြီးလှသွားတာ ။
အဆီအရမ်းပြန်တဲ့သူတွေတော့ အဆင်ပြေပါ့မလား သိပ်မသေချာဘူး ။ သူကတော့ oily skin တွေလဲ အဆင်ပြေတယ်တော့ပြောထားတယ် ။ normal , dry , dehydrated skin ပိုင်ရှင်တွေကတော့ သေချာပေါက် အဆင်ပြေမယ် ။
ဖြန်းတဲ့ nozzle ခေါင်းကလဲ ကောင်းတော့ အရည်က မွှားမွှားလေးပဲထွက်ပြီး သုံးရတာ convenient ဖြစ်တယ် ။
အနံ့က citric-floral အနံ့ပါတယ် ။
အကုန် ကောင်းတယ် ။ စျေးပဲမကောင်းတာ ။
Sale မရှိရင် တစ်သိန်းလောက်ရှိမယ် ။ sale နှင့်ဆို ၆ သောင်းကျော် ၇သောင်းလောက်နှင့်ရတယ် ။ fundamental မဟုတ်တဲ့ skin care တစ်ခုအနေနှင့်ဆို သက်သာမနေဘူး ။
သို့သော် သုံးလို့ ကောင်းနေတယ်လေ ၊ finish လေးက လှတာ အရမ်းပဲ 🥹
ဘာကြောင့်စျေးကြီးဆို d’Alba brand ကိုက premium ဖက်ထဲရောက်သလို ဒီ facial mist မှာက စျေးကြီးတဲ့ Italian white truffle ( မြေအောင်းမှို ) လိုမျိုး ingredients တွေပါလို့ပါ ။
Fungal acne safe တော့ မဖြစ်ပါဘူးနော် ။
Highlighter မသုံးတတ်ဘူး ၊ ဒါပေမယ့် glow ချင်တာဆိုတဲ့သူတွေ သုံးသင့် 😝