Kyi Kyi Myint

Kyi Kyi Myint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyi Kyi Myint, Shopping & retail, Phakane, Mbombela.

13/12/2025
11/05/2021
09/02/2021

ငါမှားရင်...
ငါ့ကို ဝေဖန်ပါ...
အကြုံပြုပါ...
လမ်းညွှန်ပါ...
ကွယ်ရာမှာ မကဲ့ရဲ့ပါနဲ့... ။

ငါ့ထက်တော်ရင်...
ငါ့ရှေ့ကသွား...
ငါ့ကိုတွဲခေါ်...
ငါ့ကိုသင်ပေး...
ကြည်ဖြူစွာ လမ်းဖယ်ပေးမယ်...
ကွယ်ရာမှာ အပုတ်မချပါနဲ့...။

ငါ့အောက်နိမ့်ရင်...
ဝမ်းမနည်းနဲ့...
အားမငယ်နဲ့...
စိတ်ဓာတ်မကျနဲ့...
ညင်သာစွာ တွဲခေါ်ပေးမယ်...
ငါသိငါတတ် ငါနိုင်ငါစား...
ငါ မတရား မလုပဘှူး...
ကွယ်ရာမှာ အပြစ်မပြောနဲ့...။

သင်ပြမှာလား...?
ငါ့ရှေ့ကသွား...
ကြည်ဖြူစွာနဲ့ လမ်းဖယ်ပေးမယ်... ။

သင်ယူမှာလား...?
ငါ့နောက်ကလိုက်
ညင်သာစွာ တွဲခေါ်ပေးမယ်...။

လျှောက်မယ့်ပန်းတိုင် တူညီခဲ့ရင်
တွဲသောလက်တွေ ခိုင်မြဲစေမယ် ။
အရှေ့ကမသွား အနောက်ကမလိုက်
လမ်းအရှေ့ကတော့ပိတ်မရပ်နဲ့
အကျိုးမရှိတဲ့ အဆိုးမြင်စိတ်တွေ
စွန့်လွှတ်ပြီး အောင်မြင်မှုဆီ
လက်တွဲညီညီ လှမ်းလျှောက်ကြစို့...
သူငယ်ချင်း... ။

#ဘဝရဲ့ခရီးသည်

 #သင့်ဘဝအတွက်တန်ဖိုးရှိသောစာ?=====================လောကကြီးမှာ…ကိုယ့်အပေါ်မကောင်းပြောနေလည်းကိုယ်ကပြန်မပြောမိပါစေနဲ့။ မဆီမဆ...
08/02/2021

#သင့်ဘဝအတွက်တန်ဖိုးရှိသောစာ?
=====================

လောကကြီးမှာ…
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်းတစ်မျိုး
မထင်မိပါစေနဲ့။
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း
ကိုယ်က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့။

သူက ဘာပေးပေး
ကိုယ့်ဆီက
သူ့ကို မေတ္တာပဲပြန်ပေးလိုက်ပါ။
မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက်အကောင်းဆုံး
ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီဘဝမြာ…
အမုန်းတွေရှိရင်လည်း ကျေပါစေ။
အငြိုးတွေရှိရင်လည်း ကျေပါစေ။
အကြွေးဆပ်ဖို့အကြောင်းပါလာရင်
ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။
နောက်ဘဝတွေ အထိ ယူမသွားပါနဲ့။

မိတ်ဆွေ "သိထားရမည့်အရာက---
ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညိုး
မထိုးမိအောင် နေတတ်ရမယ်။

ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။
ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ။

လူတိုင်းမှာထွက်ပေါက်ဆိုတာရှိပြီးသားပါ…………
÷÷÷÷÷÷÷÷÷÷÷÷÷÷
ဖမ်းဆုပ်မရတဲ့ လေ ကို ~~~
ထွက်ပေါက်မရှိအောင် ပိတ်လှောင်ပြီး
ဖောက်ခွဲပြစ်ရင် ပေါက်ကွဲတတ်တယ် ...

လူ့စိတ်ဆိုတာလဲ
မွန်းကျပ်မှု့တွေ များလာတဲ့အခါ
ပေါက်ကွဲ တတ်ကြတယ်
စိတ်ရဲ့ ဖိစီးမှု့တွေ များလာတဲ့အခါ
ထွက်ပေါက်ကို ရှာလာတတ်ကြတယ်
စိတ်ရဲ့ ထွက်ပေါက် အမှားတွေအကြား
နစ်မွန်းတတ်ကြပြန်ပါတယ်
ကြာလာတော့ နယ်ပယ်ပေါင်းစုံမှာ
အဆင်မပြေမှုတွေ များလာတယ်

ဒီအချိန်မှာ ~~~
အလိုအပ်ဆုံးက ကိုယ့်ရင်ထဲက
အစိုင်အခဲတွေကို ချေဖျောက်ဖို့အတွက်
နည်းလမ်းတွေပါ ... တစ်ချို့လူတွေက....
စိတ် ထွက်ပေါက် မရှိတဲ့ အဆုံး
ဘဝကို အရှုံးပေးသွားတတ်ကြတယ်

စိတ်ဓါတ်လား ...???
လူ တိုင်း ကျဖူးတယ်
ကိုယ်တစ်ယောက်တည်း မထင်ပါနဲ့
အခက်အခဲလား ....???
လူတိုင်း ကြုံဖူးတယ်
အတွေ့အကြုံချင်းသာ မတူကြတာ
ဆုံးရှုံးမှု့လားလူတိုင်း ကြုံဖူးကြတယ်
တစ်နေ့ကျရင် အဖိုးအတန်ဆုံး
ကိုယ့် အသက်တောင် ဆုံးရှုံး ရမှာပါ
ခုချိန် ဆုံးရှုံးမှု့က ဘာမှမဟုတ်သေးပါဘူး

အမှားလား .....???
လူတိုင်း မကင်းကြပါဘူး
မှားခဲ့တဲ့ အမှားတွေထဲက
သင်ခန်းစာကို ယူတတ်တဲ့သူပဲ ရှားတာပါ
တစ်ခါမကတဲ့အမှားမျိုးလဲ ကြုံတတ်ပါလိမ့်မယ်
အသိတရားနဲ့ သတိဆိုတာ ပိုတယ်မရှိပါဘူး။
ကြောက်ရွံ့စိတ်လား ....???
လူတိုင်းမှာ ရှိကြတယ် မယုံမရှိနဲ့

အားလုံးက မာန်တင်းပြီး
အဲဒီစိတ်ကို အနိုင်ယူထားကြတာ
တစ်ချို့ကတော့ မဖုံးကွယ်နိုင်ကြပါဘူး
အကြောက်တရားက အမှားဆီကို
အမြန်ဆုံးတွန်းပို့တတ်တာ မမေ့ပါနဲ့။
ကြောက်တတ်ရင် နှစ်ခါပြန်သေရ တတ်တယ်။

ဟန်ဆောင်မှု့လား .... ???
လူတိုင်း ဟန်ဆောင်တတ်ကြတယ်
နာကျင်တာကို မနာကျင်သလို
ရင်ထဲက အငိုကို နှုတ်ခမ်းထက်က
အပြုံးနဲ့ဖုံးကွယ်သလိုမျိုး
ဟန်ဆောင်ကောင်းတာ
နေရာတိုင်းမှာ မကောင်းပေမယ့်
ကိုယ် ဒေါသထွက်နေရင်တောင်
မျက်နှာမှာ ဟန်ဆောင်အပြုံးဆင်
ထားနိုင်ရင် ကိုယ့်ရဲ့ ဒေါသတွေကို
တစ်ဖက်သား မြင်မသွားနိုင်ဘူးပေါ့။

ကိလေသာ မကင်းတဲ့ လူတွေက
အသက်အရွယ် ကြီးရင့်လာလေ
ပိုပြီး ဟန်ဆောင်တတ်လာလေပါပဲ။
ဒါကိုပဲ ~~~ အမာရွတ် တက်တဲ့ ဒဏ်ရာ
ရင့်ကျက်တာလို့ ပြောကြပါတယ်
ဘာပဲ ဖြစ်ဖြစ် နည်းနည်းတော့
ဟန်ဆောင်တတ်မှ အဆင်ပြေမှာပေါ့
မဟုတ်ရင် ကိုယ့် ရင်ထဲက အပူက
ကိုယ်ချစ်တဲ့ မိသားစု ပတ်ဝန်းကျင်ကိုတောင်မှ
ကူးစက်သွားလိမ့်မယ် ...

ဒါကို-
ထွက်ပေါက်လို့ ခေါ်ကြပါတယ်။မိတ်ဆွေ-
👉ကန်းနေတဲ့ မျက်လုံးထက်
အကောင်းမမြင်တတ်တဲ့စိတ်က
မိမိကိုယ်ကို ပိုမို ဒုက္ခရောက်စေပါတယ်။
ဒါကြောင့် မိမိကိုယ်ကို ဒုက္ခရောက်စေမည့်အရာတွေကို
အတတ်ဆုံးရှောင်ရှားနိုင်အောင်
ကြိုးစားရမည်ဖြစ်ပါတယ်။
ဒါကိုပဲ ထွက်ပေါက်လို့ ခေါ်ကြပါတယ်။

------------------------------------------
လေးစားစွာ 𝐂𝐫𝐞𝐝𝐢𝐭 ပးပါသည်"
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်…"
acc/
https://www.facebook.com/profile.php?id=100022830203122

 #နေရာမမှန်ရင်_တန်ဖိုးမဲ့တယ်…?☝☝☝☝☝☝☝☝☝☝ဘဝမှာ တစ်ချို့အရာတွေက နေရာမမှန်ရင် ထားရှိတဲ့စေတနာတွေနဲ့၊ပေးဆပ်တဲ့အရာတွေဟာ တန်ဖို...
07/02/2021

#နေရာမမှန်ရင်_တန်ဖိုးမဲ့တယ်…?
☝☝☝☝☝☝☝☝☝☝

ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့စေတနာတွေနဲ့၊
ပေးဆပ်တဲ့အရာတွေဟာ တန်ဖိုးမဲ့နေမှာပါပဲ။

ကိုယ်ကအလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီပေးတာတွေဟာ
နေရာမမှန်၊ အချိန်မှန်မဟုတ်တဲ့အတွက်
တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ
အလကားဖြစ်ရတယ်။

စကားပြောတဲ့နေရာမှာလည်း
အချိန်အခါမဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊

အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်းပျော်ရွှင်ရမှာပါ။

ကိုယ့်အချစ်ကိုတန်ဖိုးမထား သစ္စ္စာဖောက်
သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့အချစ်ဆိုတာလည်း
နေရာမမှန်လို့ ကိုယ်ပဲတန်ဖိုးမဲ့ရပါလိမ့်မယ်။

အရာရာအားလုံးက
သူ့နေရာနဲ့သူနေရာမှန်ဖို့လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။

ပေးဆပ်တယ်ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက်နာကျင်ရလိမ့်မယ်။
====================

လေးစားစွာ 𝐂𝐫𝐞𝐝𝐢𝐭 ပးပါသည်"
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်…"
acc/
https://www.facebook.com/profile.php?id=100022830203122

မိတ်ဆွေ
30/01/2021

မိတ်ဆွေ

Address

Phakane
Mbombela
1344

Website

Alerts

Be the first to know and let us send you an email when Kyi Kyi Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share