13/11/2026
BILLIE EILISH — YOUR TURN 🎲
တစ်ခါတလေ ဘဝမှာ အရာရာကို ကြိုတင်စီစဉ်ထားလို့ မရဘူး။ ကိုယ့်အလှည့်ရောက်လာတဲ့အခါ ကိုယ်တိုင်ရွေးချယ်ပြီး ရှေ့ဆက်ရတာမျိုးပေါ့။
Billie Eilish ရဲ့ Your Turn ကလည်း အဲဒီလို individuality နဲ့ ကိုယ့်ပုံစံကိုယ်ဖော်ပြနိုင်ဖို့ဆိုတဲ့ idea လေးကို အခြေခံထားတဲ့ fragrance တစ်မျိုးပါ။
အရင်ဆုံး စိတ်ဝင်စားစရာကောင်းတာက သူ့ရဲ့ bottle design ပါ။ ပုံမှန်ရေမွှေးပုလင်းပုံစံမဟုတ်ဘဲ ငွေရောင် dice နှစ်လုံးကို ထပ်ထားသလို ဖန်တီးထားတယ်။ Billie ကိုယ်တိုင် သဘောကျတဲ့ dice တွေကနေ inspiration ယူထားတာဖြစ်ပြီး ကိုယ့်အလှည့်ကိုယ်ပိုင်ဆိုင်တာ၊ ကိုယ့်ရွေးချယ်မှုကိုယ်လုပ်တာဆိုတဲ့ concept နဲ့ပါ။
အနံ့အကြောင်းပြောရရင်…
Your Turn က စဖျန်းလိုက်တာနဲ့ Bergamot Peel, Cardamom နဲ့ Fresh Ginger တို့ရဲ့ fresh spicy scent ကို အရင်ဆုံးခံစားရတယ်။ Bergamot က citrus ရနံ့ရဲ့ ကြည်လင်လန်းဆန်းမှုကို ပေးတယ်။ Cardamom ကတော့ အနည်းငယ် aromatic ဖြစ်ပြီး နွေးနွေးစပ်စပ် spice note လေး ထည့်ပေးတယ်။ Ginger ကလည်း ဂျင်းရဲ့ လန်းဆန်းပြီး အနည်းငယ်စူးရှတဲ့အနံ့ကြောင့် opening ကို ပိုပြီးအသက်ဝင်စေတယ်။ ဒီသုံးမျိုးပေါင်းစပ်မှုက ပုံမှန် fruity perfume လိုမဟုတ်ဘဲ fresh ဖြစ်ပြီး နည်းနည်း edgy ဖြစ်တဲ့ character နဲ့ စတင်တယ်။
ခဏကြာလာတော့ Heart Notes ဖြစ်တဲ့ Velvet Peach Skin, Night-Blooming Jasmine နဲ့ Coconut Water တို့ ပေါ်လာတယ်။Peach Skin က အနည်းငယ်ချိုမြိန်တဲ့ fruity feeling ကို ပေးတယ်။ Jasmine ကတော့ ပန်းရနံ့ကို ဖြည့်ပေးပေမယ့် အရမ်းပန်းနံ့ကြီးလွှမ်းမိုးနေတာမျိုး မဟုတ်ဘူး။ Coconut Water က အုန်းနို့လို creamy အနံ့ထက် ရေဓာတ်ပါတဲ့ ပေါ့ပါးကြည်လင်တဲ့ အုန်းရည်နံ့ feeling ကို ပိုပေးတယ်။ ဒီအဆင့်မှာပဲ အစပိုင်းက spicy freshness လေးက ပိုနူးညံ့ပြီး အနည်းငယ် airy ဖြစ်လာတာကို ခံစားရမယ်။
နောက်ဆုံး Base Notes မှာတော့ Australian Sandalwood, Captive Musks နဲ့ Upcycled Sylvamber တို့ ရှိတယ်။ Sandalwood က သစ်သားရနံ့ရဲ့ နွေးထွေးပြီး creamy ဖြစ်တဲ့ character ကို ပေးတယ်။ Musk က ရနံ့ကို ပိုပြီး smooth ဖြစ်စေပြီး အသားအရေပေါ်မှာ သင်းသင်းလေးကျန်နေသလို ခံစားချက်မျိုး ဖြည့်ပေးတယ်။ Sylvamber ကတော့ modern amber-woody character ရှိတဲ့ ingredient တစ်မျိုးဖြစ်ပြီး ရနံ့ကို ပိုပြီးနက်ရှိုင်းစေတယ်။
ဒါကြောင့် Your Turn ရဲ့ အလှက fresh spicy opening ကနေ soft fruity floral heart ကို ဖြတ်ပြီး warm woody musk နဲ့ အဆုံးသတ်သွားတာပါ။
ကိုယ်မြင်မိတဲ့ vibe ကတော့ အရမ်းချိုတဲ့ girly perfume မကြိုက်တဲ့သူ၊ woody scent ကို သဘောကျပေမယ့် အရမ်းdry ဖြစ်တဲ့ အနံ့မျိုးလည်း မလိုချင်တဲ့သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ balance လေးပါ။
Unisex fragrance ဖြစ်လို့ မိန်းကလေးရော၊ ယောင်္ကျားလေးရောသုံးလို့ရပါတယ်။ နေ့ဘက်မှာလည်း သုံးလို့ရသလို ညဘက် outing တွေမှာလည်း ကိုယ့်ရဲ့ edgy outfits style နဲ့ လိုက်ဖက်အောင် ဝတ်ဆင်နိုင်ပါတယ်။
Your Turn ဆိုတဲ့နာမည်လေးလိုပဲ… ဒီတစ်ခါတော့ ကိုယ့်အလှည့်၊ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ရနံ့ပေါ့။ 🎲
Fresh, spicy နဲ့ woody scent တွေကို တစ်မျိုးတည်းမှာ ခံစားချင်သူတွေ စမ်းကြည့်သင့်တဲ့ fragrance လေးပါ။
Decants စမ်းချင်သူတွေအတွက် SelfloveClub မှာ 3ml, 5ml, 10m, 30ml decant လေးတွေ ရပါပြီနော်။ 🤍
#ရေမွှေး