GRTD Leadership

Call Directions Contact the business

GRTD Leadership Secret to leardership is getting the right things done! Here you'll learn all about GRTD Leardership We are a free online Employment Agency.

We bring jobs to people of Myanmar without charging any fees.

🔴  #လူများရင်_အလုပ်ပိုတွင်ပါသလား ❓ငယ်ငယ်တုန်းက သင်္ချာဆရာမေးတဲ့ လူနှစ်ယောက် ကျင်းတစ်ကျင်းတူးဖို့ နှစ်ရက်ကြာရင် လူလေးယောက...
24/11/2026

🔴 #လူများရင်_အလုပ်ပိုတွင်ပါသလား ❓

ငယ်ငယ်တုန်းက သင်္ချာဆရာမေးတဲ့ လူနှစ်ယောက် ကျင်းတစ်ကျင်းတူးဖို့ နှစ်ရက်ကြာရင် လူလေးယောက်ဆိုရင် တစ်ရက်ပဲကြာမယ်ဆိုတဲ့ မေးခွန်းကို လူတိုင်း ဖြေဖူးကြ ပါလိမ့်မယ်။

လူများရင် အလုပ်ပိုပြီးမြောက်တယ်ဆိုပြီး ကျွန်တော်တို့ အလွယ်တကူ တွေးတတ်ကြပါတယ်။ တကယ်တော့ လုပ်ငန်းခွင်မှာ အမှန်တကယ် ဖြစ်နေတာက အဲဒီလို မဟုတ်ပါဘူး။

လူနှစ်ယောက် နှစ်ရက်ကြာမယ့်အလုပ်ကို လူလေးယောက်ကို ပေးလုပ်လိုက်တဲ့အခါ တစ်ရက် မကြာဘဲ ရက်ပေါင်းများစွာ ကြာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

#ဘာကြောင့်လဲဆိုတော့...

လူများလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် Communication လုပ်ဖို့ လိုအပ်တာတွေ၊ နားမလည်လို့ မှားလုပ်တာတွေ၊ ပြန်ပြင်ရတာတွေနဲ့
လူမှု​ရေး ပြဿနာတွေ များလာ ပါတော့တယ်။ အဲဒါကြောင့် Manager က ထိန်းကျောင်းရတဲ့ Control ဝင်ရတဲ့အလုပ်တွေ ပိုများလာပြီး အလုပ်က မတွင်တော့ပါဘူး။

Team တစ်ခုမှာ Manager က ထိန်းကျောင်းရတဲ့အလုပ်ကို သူ့ရဲ့အလုပ်ချိန် ၁၀ ပုံ ၁ ပုံ အနည်းဆုံး သုံးနေရပြီဆိုရင် လူနဲ့အလုပ် လူပိုများ နေပြီဆိုတဲ့ Signal ပြနေတာဖြစ်လို့ လူလျှော့ချတာ (သို့မဟုတ်) တာဝန်ခွဲဝေမှုကို ပြန်စိစစ်ရပါမယ်။

နောက်တစ်ခုကတော့ "Parkinson's Law" သဘာဝပဲ ဖြစ်ပါတယ်။

အလုပ်တစ်ခုကို ၂ နာရီပေးရင် ၂ နာရီနဲ့ပြီးပေမဲ့ ၄ နာရီပေးလိုက်ရင် အလုပ်ကိုဆွဲဆန့်ပြီး ၄ နာရီနဲ့မှ ပြီးအောင်လုပ်ကြတဲ့ လူ့သဘာဝရှိပါတယ်။

ဒါကြောင့် ဒီသဘာဝတွေကို နားလည်ပြီး Team Member တွေရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာစေမယ့် နည်းလမ်းတွေကို လေ့လာဖို့ လိုအပ်ပါတယ်။

Soe Win Khine
GRTD Consulting

–-- 👇👇

CEO တစ်ဦး / လုပ်ငန်းရှင်တစ်ဦး အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရေးထားတဲ့ စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ် ရေးသားဖော်ပြထားတဲ့ ပထမဆုံး စာအုပ် ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို့ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


🔴  #လုပ်ငန်းရှင်တွေအနေနဲ့ အများပိုင် ကုမ္ပဏီတွေရဲ့ သဘောသဘာဝကို နားလည်ထားရပါမယ်‼အများပိုင် ကုမ္ပဏီ (Public Limited Compan...
23/11/2026

🔴 #လုပ်ငန်းရှင်တွေအနေနဲ့ အများပိုင် ကုမ္ပဏီတွေရဲ့ သဘောသဘာဝကို နားလည်ထားရပါမယ်‼

အများပိုင် ကုမ္ပဏီ (Public Limited Company) တွေဟာ သူတို့ရဲ့ share တွေကို အများပြည်သူ ဝယ်ယူနိုင်အောင် ကမ္ဘာမှာ ထင်ရှားတဲ့ Stock Exchange တွေမှာ တင်ရောင်းကြပါတယ်။

မည်သူမဆို ဝယ်ယူလို့ရတာဖြစ်ပြီး Share တစ်ခုရဲ့ ဈေးနှုန်းကတော့ ဝယ်လိုအား၊ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်နဲ့ အခြားသော ကုမ္ပဏီ အတွင်းအပြင် လုပ်ဆောင်/ဖြစ်ပေါ်နေတဲ့ အချက်တွေပေါ် မူတည်ပြီး အတက်အကျရှိပါတယ်။

#နားလည်လွယ်အောင်
ရိုးရှင်းတဲ့ ဥပမာတစ်ခု ပေးပါမယ်...

ကုမ္ပဏီတစ်ခုမှာ စက်သုံးလုံးရှိပြီး စက်တစ်လုံးရဲ့ တန်ဖိုးက (၄) သိန်းဆိုရင် အဲ့ဒီကုမ္ပဏီရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုး (Value of total assets) ဟာ (၁၂) သိန်းဖြစ်ပါတယ်။ ကုမ္ပဏီမှာ ပြန်လည်ပေးဆပ်ရမယ့်ကြွေး (debt) (၂) သိန်း ရှိတယ်ဆိုရင် အဲ့ဒီကုမ္ပဏီရဲ့ စာရင်းအရ တန်ဖိုးဟာ (၁၀) သိန်းဖြစ်ပါတယ် (12 သိန်း - 2 သိန်း)။

အဲ့ဒီကုမ္ပဏီက သူ့ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲပြီး သူ့ share တွေကို Stock Exchange တစ်ခုခုမှာ တင်ရောင်းတဲ့အခါမှာ share အရေအတွက် စုစုပေါင်း (၂၀) လို့ သတ်မှတ်ရင် share တစ်ခုရဲ့ တကယ်တန်တဲ့ တန်ဖိုးက ၅၀,၀၀၀ (10 သိန်း ÷ 20 shares) ပါ။

အဲဒါကို ကုမ္ပဏီရဲ့ မူရင်းတန်ဖိုး သို့မဟုတ် အမှန်တကယ်တန်တဲ့ တန်ဖိုး (nominal value) လို့ ခေါ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ အလားအလာ ကောင်းတဲ့အပြင် နာမည်ကောင်းလည်း ရှိတာမို့ ဈေးကွက်ထဲမှာ တစ်ရှယ်ယာကို ၆၀,၀၀၀ နဲ့ ထုတ်ရောင်းတယ် ဆိုပါစို့။ အဲဒီ ၆၀,၀၀၀ ကို market capitalization လို့ ခေါ်ပါတယ်။

𝗖𝗼𝗺𝗽𝗮𝗻𝘆'𝘀 𝗡𝗼𝗺𝗶𝗻𝗮𝗹 𝗩𝗮𝗹𝘂𝗲 (စာရင်းထဲမှာ ပြတဲ့တန်ဖိုး): 𝟭𝟬 သိန်း (𝟱𝟬,𝟬𝟬𝟬 × 𝟮𝟬 𝘀𝗵𝗮𝗿𝗲𝘀)

Company's Market Capitalization (ဈေးကွက်ကသတ်မှတ်တဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ တန်ဖိုး): 12 သိန်း (60000 × 20)

တစ်နှစ်မှာ ကုမ္ပဏီ အရှုံးပြတယ် ဆိုပါစို့။

အဲဒီအချက်ကို အများပြည်သူကို ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ရှယ်ယာတစ်ခုရဲ့ ဈေးကွက်ပေါက်ဈေးဟာ တစ်ရှယ်ယာကို ၂၀,၀၀၀ အထိ ထိုးကျသွားပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီရဲ့ market capitalization ဟာ (20000 × 20 shares) (၄) သိန်းအထိ ထိုးကျသွားပါတယ်။ အဲဒီ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်ယူထားတဲ့သူတွေဟာ ရှုံးပါတော့တယ်။

ကုမ္ပဏီရဲ့ nominal value မပြောင်းလဲဘဲ ကုမ္ပဏီရဲ့ market capitalization value တွေ တက်လာနိုင်သလို ကျလည်း ကျလာနိုင်ပါတယ်။ Nominal Value တန်ဖိုးပြောင်းလဲမှုဟာ Market capitalization တန်ဖိုး ပြောင်းလဲမှုနဲ့ တိုက်ရိုက် အချိုးကျနိုင်သလို Market capitalization တန်ဖိုးဟာ Nominal Value နဲ့ မဆိုင် သီးခြားပြောင်းလဲမှုလည်း ဖြစ်နိုင်ပါတယ်။

#ဥပမာ
အမေရိကန် သမ္မတ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တချို့သော ကုမ္ပဏီတွေရဲ့ market capitalization တန်ဖိုးကို ကျစေ/တက်စေ ချက်ချင်း ဖြစ်စေတာမျိုးပေါ့။

ဒီလို အခြေအနေအရပ်ရပ် ပေါ်မူတည်ပြီး ရှယ်ယာဈေး အတက်အကျ ဖြစ်နိုင်တာမို့ အများပိုင် ကုမ္ပဏီတွေကို စီမံအုပ်ချုပ်သူတွေကို တင်းကျပ်တဲ့ စည်းကမ်းပေါင်း များစွာနဲ့ ထိန်းချုပ်ထားရပါတယ်။ မပြောသင့်တဲ့စကား တစ်ခုကို ပြောမိတယ်ဆိုရင် ထောင်ကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

#ဥပမာ
ကုမ္ပဏီအမြတ်ကို တရားဝင်ထုတ်ပြန်ဖို့ သတ်မှတ်ထားတဲ့ရက် မတိုင်ခင်ကတည်းက ကုမ္ပဏီစီအီးအိုက ကုမ္ပဏီအမြတ်ကို ကြိုသိနေပြီး ဖြစ်ပါတယ်။

ကုမ္ပဏီအမြတ်ကောင်းရင် ရှယ်ယာဈေးနှုန်းတွေ ထိုးတက်မယ်ဆိုတာသိတဲ့အတွက် သူငယ်ချင်းတစ်ယောက်ကို ကြိုပြောပြပြီး ရှယ်ယာတွေ ကြိုဝယ်ခိုင်းထားပြီး အမြတ်ကြော်ငြာပြီးတဲ့အခါ ပြန်ရောင်းစေတယ် ဆိုပါစို့။

ဒီလိုလုပ်တာကို insider trading လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါဟာ criminal case ဖြစ်ပြီး ကုမ္ပဏီစီအီးအိုအနေနဲ့ ထောင်ကျသည်အထိ အရေးယူ ခံရနိုင်ပါတယ်။

‘𝗘𝗹𝗼𝗻 𝗠𝘂𝘀𝗸 ရဲ့ ချမ်းသာကြွယ်ဝမှုဟာ တစ်ရက်တည်းနဲ့ (၁၀) ဘီလီယံလျော့သွားတယ်’... စသည်ဖြင့် သတင်းတွေထဲမှာ မကြာခဏ ဖတ်ဖူးမှာပါ။

ဒါကတော့ Elon Musk ရှယ်ယာပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေရဲ့ market capitalization တန်ဖိုးကျတာကို ကြည့်ပြီးပြောတာပါ။

ဒီတန်ဖိုးတွေက တက်လိုက် ကျလိုက်အမြဲဖြစ်နေတာမို့ Elon Musk တို့လို ရှယ်ယာပိုင်ရှင်တွေအတွက်က ဘာမှ မထူးဆန်း တော့ပါဘူး။

Nominal Value ကို ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်က အဓိက လွှမ်းမိုးပြီး Market capitalization ကိုတော့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်အပြင် အခြားသော ပြင်ပ ပယောဂများစွာက အချိန်မရွေး သက်ရောက်နိုင်တယ်လို့ အလွယ်မှတ်လို့ ရပါတယ်။

ဒါကြောင့် share ကစားသူတွေဟာ သူတို့ ဝယ်ယူထားတဲ့ ကုမ္ပဏီတွေရဲ့ share price တွေ၊ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပြီး ရောင်းသင့်ရင်ရောင်း၊ ဝယ်သင့်ရင်ဝယ် လုပ်ရပါတယ်။

အဲ့ဒီလို စောင့်ကြည့်တဲ့အခါမှာ ကုမ္ပဏီ တစ်ခုချင်းစီကို စောင့်ကြည့်တာရှိသလို ဈေးကွက်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ ကုမ္ပဏီတွေ (ဥပမာ ကုမ္ပဏီပေါင်း ၃၀) ရဲ့ ရှယ်ယာတွေကို ချုံပြီး ရှယ်ယာတွေ အားလုံးရဲ့ အတက်အကျတွေကို ခြုံပြီးတွက်ထားတဲ့ ဈေးကွက် အညွှန်းကိန်း (market indexes) တွေကိုလည်း စောင့်ကြည့်ရပါတယ်။

#အညွှန်းကိန်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုကို ဥပမာ ပေးပါမယ်။

DJIA အညွှန်းကိန်း (Dow Jones Industrial Average Index) ဆိုရင် ဈေးကွက်ထဲမှာ market capitalization တန်ဖိုးအများဆုံး ကုမ္ပဏီ သုံးဆယ်ရဲ့ share price တွေကို ပေါင်းပြီး တွက်ထားတဲ့ အညွှန်းကိန်းဖြစ်တဲ့အတွက် ဈေးကွက်တစ်ခုလုံး ဘယ်ဘက်ကို ရွေ့နေသလဲ ဆိုတာကို သိချင်တဲ့သူတွေက DJIA Index (DJIA အညွှန်းကိန်း) ကို စောင့်ကြည့်ကြပါတယ်။

အဲ့ဒီ အညွှန်းကိန်း ကျရင် မကောင်းဘူး။ အညွှန်းကိန်းတက်ရင် ကောင်းတယ်လို့ ယေဘုယျ ယူဆလို့ရပါတယ်။

ဒါတွေသိတော့ ဘာလုပ်လို့ရလဲ ဆိုရင် အများပိုင် ကုမ္ပဏီတွေရဲ့ သဘောသဘာဝကို နားလည်လာမှာ ဖြစ်ပါတယ်။ တစ်နေ့ မိမိလုပ်ငန်းကို အများပိုင်လုပ်ပြီး exit လုပ်မယ်ဆိုရင် သေချာပေါက် သိရှိထားရမယ့် အယူအဆတွေ ဖြစ်ပါတယ်။

Soe Win Khine
GRTD Consulting

👇👇

CEO တစ်ဦး/ လုပ်ငန်းရှင်တစ်ဦး အနေနဲ့
လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးသားထားတဲ့စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို အောက်က လဒ့်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


22/11/2026

🔴 #စွမ်းဆောင်ရည်ကောင်းတဲ့_စီအီးအို_လူမှုရေးဖောက်ပြန်တဲ့_အခါဘာလုပ်သင့်လဲ❓

Soe Win Khine
GRTD Consulting

👇👇

CEO တစ်ဦး/ လုပ်ငန်းရှင်တစ်ဦး အနေနဲ့
လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးသားထားတဲ့စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို အောက်က လဒ့်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


21/11/2026

🛑 #အလုပ်တစ်ခုကို 𝗰𝗵𝗮𝗹𝗹𝗲𝗻𝗴𝗶𝗻𝗴 ဖြစ်အောင်ဘယ်လိုလုပ်မလဲ?❓

GRTD Team
GRTD Consulting

👇👇

CEO တစ်ဦး/ လုပ်ငန်းရှင်တစ်ဦး အနေနဲ့
လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးသားထားတဲ့စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို့ အောက်က လဒ့်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


 #သည်းခံရမည့် အရာများတွင် ရိုးသားမှု မပါ ‼𝗗𝗶𝘀𝗻𝗲𝘆 𝗖𝗘𝗢 𝗕𝗼𝗯 𝗜𝗴𝗲𝗿 က သူရဲ့ (၄၅) နှစ်တာ Career ကာလအတွင်း အတွေ့အကြုံတွေကို အခြေ...
20/11/2026

#သည်းခံရမည့် အရာများတွင် ရိုးသားမှု မပါ ‼

𝗗𝗶𝘀𝗻𝗲𝘆 𝗖𝗘𝗢 𝗕𝗼𝗯 𝗜𝗴𝗲𝗿 က သူရဲ့ (၄၅) နှစ်တာ Career ကာလအတွင်း အတွေ့အကြုံတွေကို အခြေခံပြီး အောင်မြင်ဖို့အတွက် အချက် (၉) ချက်ကို ပြောခဲ့ဖူးပါတယ်။

အဲဒီထဲက တတိယအချက်ကတော့ ဖြောင့်မတ်တည် ကြည်မှုဆိုတဲ့ 𝗜𝗻𝘁𝗲𝗴𝗿𝗶𝘁𝘆 ပဲ ဖြစ်ပါတယ်။

သူ အစောပိုင်းကာလ Capital Cities ABC ကုမ္ပဏီမှာ အလုပ်လုပ်တုန်းက ဘုတ်အဖွဲ့မှာ ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ Warren Buffett နဲ့ အတူတူ ထိုင်ခဲ့ရပါတယ်။

အဲဒီတုန်းက Warren Buffett ပေးခဲ့တဲ့ အကြံဉာဏ်ကတော့ ဝန်ထမ်းခန့်တော့မယ်ဆိုရင် အချက် (၃) ချက်ကို ကြည့်ပြီး ခန့်ရမယ်လို့ ဆိုပါတယ်…

𝟭. 𝗕𝗿𝗮𝗶𝗻: တော်တဲ့သူ၊ ထက်မြက်တဲ့သူ

𝟮. 𝗘𝗻𝗲𝗿𝗴𝘆: လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး 𝗘𝗻𝗲𝗿𝗴𝘆 ပြည့်နေတဲ့သူ

𝟯. 𝗜𝗻𝘁𝗲𝗴𝗿𝗶𝘁𝘆: ရိုးသားဖြောင့်မတ်မှု ရှိတဲ့သူ

ဒါပေမဲ့ Warren Buffett က တစ်ခု သတိပေးခဲ့တာက ပထမနှစ်ချက် (Brain နဲ့ Energy) ရှိပေမဲ့ တတိယအချက်ဖြစ်တဲ့ Integrity မရှိဘူးဆိုရင်တော့ အဲဒီလူကို သွားမခန့်မိဖို့ပါပဲ။

ဘာလို့လဲဆိုတော့ အဲဒီလူက သင့်ကို သတ်ပစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ "မြွေပွေး ခါးပိုက်ပိုက်" ဆိုတဲ့ သဘောတရားပါပဲ။

ရိုးရိုး မတော်တဲ့သူ ဒုက္ခပေးတာထက် သိပ်တော်တဲ့သူက မရိုးမသားနဲ့ ဒုက္ခပေးတာဟာ ထိခိုက်မှု အကြီးမားဆုံး ဖြစ်သွားစေပါတယ်။

ရိုးသားဖြောင့်မတ်မှု တစ်ခုတည်းနဲ့တော့ ဘယ်အလုပ်မှ မပြီးမြောက်နိုင်ပေမဲ့ ဒီအရည်အချင်း မရှိတော့ဘူးဆိုရင်တော့ ကျန်တဲ့အရည်အချင်းတွေ အားလုံးဟာ အဓိပ္ပာယ်မရှိတော့ဘဲ ပျက်စီးသွားရတာ ဖြစ်ပါတယ်။

အလုပ်လုပ်တဲ့အခါမှာ ရိုးသားဖြောင့်မတ်မှုနဲ့ ဖြောင့်မတ်တည်ကြည်မှုဟာ အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

Soe Win Khine
GRTD Consulting

–-- 👇👇

CEO တစ်ဦး / လုပ်ငန်းရှင်တစ်ဦး အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရေးထားတဲ့ စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ် ရေးသားဖော်ပြထားတဲ့ ပထမဆုံး စာအုပ် ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို့ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


19/11/2026

#စီအီးအိုများအတွက် စီမံခန့်ခွဲမှု့ဆိုင်ရာ လက်စွဲစာအုပ်
-----------------------------------------------

GRTD Leadership Approach စာအုပ်ဟာ
စီအီးအိုများ / ကိုယ်ပိုင်စီးပွားရေး လုပ်နေသူများ အတွက် စီမံခန့်ခွဲမှု့ ဆိုင်ရာ လက်စွဲစာအုပ် တစ်အုပ်
ဖြစ်ပါတယ်။

တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များမှ ကြီးမားသော လုပ်ငန်းကြီးများကို ဉီးစီးနေသော စီအီးအိုများ အထိ မိမိတို့လုပ်ငန်းကို အလျင်အမြန်ကြီးထွားစေနိုင်ဖို့နည်းလမ်းများကို အသေးစိတ်ဆွေးနွေး တင်ပြထားပါသည်။

ဆရာစိုးဝင်းခိုင်ရေးသားပြီး GRTD Consulting ကထုတ်ဝေပါတယ်။

#စာညွန်း
---------

ဤစာအုပ်သည် စီအီးအိုများ/လုပ်ငန်းရှင်များ အတွက် ရေးသားထားခြင်းဖြစ်သည်။ စီအီးအိုတစ်ဉီး၏ လုပ်ငန်းဆောင်တာများအား သိလိုလျှင် ဤစာအုပ်ကိုဖတ်ပါ။

မြန်မာပြည်တွင် ထုတ်သော စီးပွားရေး စာအုပ်အများစုသည် မားကတ်တင်းအကြောင်းများသာ ဖြစ်ပါသည်။

စီအီးအိုတစ်ဉီး၏ လုပ်ငန်းဆောင်တာများ အကြောင်းရေးသားသော စာအုပ်သည် မရှိသလောက်ရှားသည် ဟုကျွန်တော် ယုံကြည်ပါသည်။

စီအီးအိုအလုပ်နှင့် မားကတ်တင်းအလုပ် တစ်ထပ်တည်း ကျမနေပါဘူး။ ထိုလိုနေသော ကွက်လပ်အား ဤစာအုပ်က ဖြည့်ဆည်းပေးပါလိမ့်မည်။

MBA ဘွဲ့သည် စီအီးအိုဖြစ်ချင်သောသူများတက်သည့် ဘွဲ့ဟုသင်သိထားလျင် ဒါဟာမှန်ပါတယ်။

ကျတော်လဲ ထိုအသိဖြင့် လန်ဒန်မြို့တွင် ဈေးကြီးပေး၍ MBA တက်ခဲ့ဖူးပါသည်။ တက်ပြီးကာမှ သိရှိရသောအသိသည် အောက်ပါအတိုင်း ဖြစ်ပါသည်။

MBA ဘွဲ့တွင် စီးပွားရေးလုပ်သည့်အခါ လိုအပ်သော ဘာသာရပ်များအားလုံး သင်ပေးလိုက်ပါတယ်။ သို့သော် အားလုံးသင်ပြီးသည့်နောက်တွင် ဘယ်လိုစပြီး အလုပ်လုပ်ရမှန်း မသိအောင် ဖြစ်စေပါသည်။

အကြောင်းမှာ ဘာသာရပ်အားလုံးရှိ သိသင့်၊သိထိုက်သော သီအိုရီများအားလုံးအား သင်ပေးလိုက်ရာ မည်သည့်သီအိုရီကို သုံးပြီး အလုပ်လုပ်ရမှန်းမသိ ဖြစ်ရပါသည်။

သိုင်းပေါင်းစုံကို သင်ပေးလိုက်ပြီး ကြိုးဝိုင်းထဲထည့်ပေးလိုက်သည်နှင့် တူတော့သည်။ မည်သည့်အကွက်ဖြင့် တစ်ဖက်လူအား တိုက်ခိုက်အနိုင်ယူရမည်ကို မသိဖြစ်ကာ အရှုံးနှင့်ရင်ဆိုင်ရလေသည်။

သင်တန်းကာလတွင် အလုပ်လုပ်ရန် framework (တိုက်ခိုက်မှုပုံစံ) ဟူပြီး ဆရာကသော်လည်းကောင်း၊ စာအုပ်ကသော်လည်းကောင်း ချပေးခြင်း မရှိပါ။

ထိုလိုနေသော ကွက်လပ်အား ဤစာအုပ်က ဖြည့်ဆည်းပေးပါလိမ့်မည်။

ဤစာအုပ်သည် ဟိုနည်းနည်း၊ ဒီနည်းနည်း အယူအဆ အပိုင်းအစများကို အဆက်အစပ်မရှိ စုစည်းထားသော စာအုပ်မဟုတ်ပါ။ အလုပ်လုပ်ရန် framework တစ်ခုကို ရဲရဲချပေးထားသော စာအုပ်ဖြစ်ပါတယ်။

မိမိအတွက် အသုံးပြုမည့် framework ကိုရှာဖွေရင်း အကောင်းဆုံးဟု ကျွန်တော် ယူဆသော framework တစ်ခုအားတွေ့ရှိခဲ့ရာ အများအတွက်ပြန်လည် ဝေဌပေးလိုက်ရခြင်းဖြစ်ပါသည်။

ယခု framework ကိုတွေ့ရှိရန် ရှာဖွေရာတွင် စာအုပ်ပေါင်းများစွာကို အချိန်များစွာပေးပြီး ဖတ်ရှု့ခဲ့ရပါသည်။

Framework သည် ခေတ်သစ်စီမံခန့်ခွဲမှု့ပညာ၏ဖခင်ကြီး ပီတာ အက်ဖ် ဒါရက်ကာ (Peter F Drucker) ၏ framework ဖြစ်ပါတယ်။

ဒါရက်ကာ ချထားသော framework ကိုယူပြီး ကျွန်တော်ရဲ့ ဖတ်ရှု့လေ့လာ ထားမှုများဖြင့် ပေါင်းစပ်ထားပါသည်။

ဒါရက်ကာ၏ framework နှင့် effectiveness (မှန်ကန်သော အလုပ်ကို လုပ်ခြင်း) အယူအဆများ/နည်းလမ်းများအား ဒါရက်ကာ၏ အလိုကျ မူရင်းအဓိပ္ပာယ်ပျောက်ပျက်ခြင်း မရှိအောင် ကြိုးစား အားထုတ်ထားပါသည်။

ဤစာအုပ်သည် လက်ရှိအလုပ်လုပ်နေသူများအတွက် ပိုပြီးသင့်လျော်ပါသည်။ ဗဟုသုတရရှိစေရုံ သက်သက် အတွက် ရည်ရွယ်ပြီး ရေးသားထားခြင်း မဟုတ်ပါ။

လက်တွေ့အသုံးချနိုင်စေရန် ဉီးတိုက်ပြီး ရေးသားထားသည့် အတွက် အလုပ်လုပ်နေသူသည် ယခုစာအုပ်မှ အကျိုးကျေးဇူး အများဆုံး ရရှိမည်ဖြစ်ပါတယ်။

Soe Win Khine
GRTD Consulting

#အရည်အသွေးအာမခံချက်
---------------------------

စာအုပ်ဝယ်ယူပြီးမှ ၁၀၀% ကျေနပ်မှုမရှိပါက ဝယ်ယူပြီး (၇) ရက်အတွင်း ငွေပြန်အမ်းပေးပါမည်။

'GRTD Leadership Approach' စာအုပ်အကြောင်းနဲ့ စာရေးသူအကြောင်း အသေးစိတ် ရေးသားထားတဲ့ Link လေးတွေကို အောက်တွင် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါတယ် ရှင့်။ ✨

📘 စာအုပ်အကြောင်း လေ့လာရန် -https://www.facebook.com/share/p/1Gk8J9hbUu/

✍️ စာရေးသူ၏ ကိုယ်ရေးအကျဉ်း လေ့လာရန် -https://www.facebook.com/share/p/182pnZ1o4f/

🌟 စာဖတ်သူတို့၏ Review ပေါင်းချုပ်များ -
https://www.facebook.com/share/p/1CkxkEdEzG/

📖ဒါဖတ်ပြီး GRTD Leadership စာအုပ်ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ပါ (၁) -
https://www.facebook.com/share/p/1AZUnPQ8bw/

📖ဒါဖတ်ပြီး GRTD Leadership စာအုပ်ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ပါ (၂) -
https://www.facebook.com/share/p/1EPKDRPrrT/

စာအုပ်ဖိုး ၃၀၀,၀၀၀ (သုံးသိန်း) ကျပ်ကို pre-order အနေနဲ့ အုပ်ရေ (၁၀၀) ရောင်းပြီးသွားပါပြီ။ ယခုနောက်ထပ်အုပ်ရေ (၁၀၀) ကို ၂၀၀,၀၀၀ (နှစ်သိန်း) ကျပ်ဖြင့် ရောင်းချပေးသွားပါမယ်။


🔴  #𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝗶𝗮𝗹 𝗠𝗶𝗻𝗱𝘀𝗲𝘁 ဆိုတာ ဘာလဲ❓Richard Branson က သူ့ရဲ့စာအုပ်တစ်အုပ်မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။"ကျွန်တော့...
18/11/2026

🔴 #𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝗶𝗮𝗹 𝗠𝗶𝗻𝗱𝘀𝗲𝘁 ဆိုတာ ဘာလဲ❓

Richard Branson က သူ့ရဲ့စာအုပ်တစ်အုပ်မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။

"ကျွန်တော့်အတွက်တော့ စီးပွားရေးလုပ်တယ်ဆိုတာ အနောက်တိုင်းဝတ်စုံဝတ်တာ သို့မဟုတ် ရှယ်ယာပိုင်ရှင်တွေကို ကျေနပ်အောင် လုပ်ပေးတာ မဟုတ်ပါဘူး။ စီးပွားရေး လုပ်တယ်ဆိုတာ မိမိကိုယ်ကို သစ္စာမဖောက်ဘဲ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ်ယုံကြည်တာကို လုပ်တာနဲ့ အမှန်တကယ် လိုအပ်တဲ့အရာတွေ အပေါ် အာရုံစိုက်ပြီး လုပ်တာပါပဲ"

Richard Branson ဟာ အလွန် အတွေ့အကြုံများတဲ့ Entrepreneur တစ်ယောက်ပါ။ အထက်မှာပြောတဲ့ သူ့ရဲ့စကားတွေဟာ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ သူ့ရဲ့စီးပွားရေးအတွေ့အကြုံတွေကို ရောင်ပြန်ဟပ်ရည်ညွှန်းနေတာကြောင့် နားလည်ဖို့ ခက်ပါတယ်။

သူ့စကားတွေကို နားလည်ဖို့အတွက်ဆိုရင် Stock Exchange ရဲ့ သဘောသဘာဝ၊ Public Limited Company နဲ့ Private Limited Company တွေရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံ၊ Entrepreneur တစ်ယောက်ရဲ့ စိတ်နေသဘောထား (Entrepreneurial Mindset) တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။

_______________

𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗖𝗼𝗺𝗽𝗮𝗻𝘆

- ပုဂ္ဂလိကပိုင် ဖြစ်သည်။

- ပိုင်ရှင်က တစ်ယောက် (သို့) လူနည်းစု ဖြစ်သည်။

- လုပ်ငန်းရဲ့ အရင်းအနှီးက ပိုင်ရှင်ဆီက ရသည်။

- အရင်းအနှီးရှာရန် အများပြည်သူကို ရှယ်ယာထုတ်ရောင်းခွင့် မရှိ။

- လုပ်ငန်းရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ (ဥပမာ- နှစ်ချုပ်စာရင်း) ကို အများပြည်သူကို ချပြစရာမလို။

- ပိုင်ရှင်ကြိုက်သလို လုပ်ငန်းကို စီမံခန့်ခွဲနိုင်သည်။

- ပုံမှန်အားဖြင့် ပိုင်ရှင် (Owner) နဲ့ ကုမ္ပဏီကို စီမံခန့်ခွဲသူ တူပါသည်။

_______________

𝗣𝘂𝗯𝗹𝗶𝗰 𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗖𝗼𝗺𝗽𝗮𝗻𝘆

- မည်သူမဆို ရှယ်ယာဝယ်၍ ကုမ္ပဏီ၏ အစုရှယ်ယာပိုင်ရှင် ဖြစ်ခွင့်ရှိသည်။

- ကုမ္ပဏီ အရင်းအနှီးလိုတဲ့အခါ အများပြည်သူကို Stock Exchange တွင် ရှယ်ယာထုတ်ရောင်း၍ အရင်းအနှီးရှာခွင့် ရှိသည်။

- လုပ်ငန်းရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ (ဥပမာ- နှစ်ချုပ်စာရင်း) ကို အများပြည်သူကို ချပြရသည်။

- အစုရှယ်ယာပိုင်ရှင် (Ownership) နဲ့ စီမံခန့်ခွဲသူ (Management) သီးခြားစီ ထားရတယ်

(ရှယ်ယာပိုင်ရှင် တစ်ယောက်ချင်းစီကလည်း မိမိတို့ တစ်ယောက်ချင်းစီရဲ့ သဘောအတိုင်း လုပ်ချင်တာလုပ်လို့မရသလို စီမံခန့်ခွဲသူတွေကလည်း မိမိတို့ စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့မရပါ၊ Shareholders တွေက Management ကို မကြိုက်ရင် ဖယ်ရှားလို့ရတယ်)

_______________

𝗦𝘁𝗼𝗰𝗸 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲

Stock Exchange ကို နိုင်ငံတော်အစိုးရက Public Limited Company တွေ အရင်းအနှီးရှာလို့ရအောင်နဲ့ အများပြည်သူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် ကြားခံ Platform တစ်ခုအဖြစ် ဖန်တီးပေးထားတာ
ဖြစ်တယ်။

ဒီလိုရှယ်ယာတွေ ဝယ်ရောင်းလုပ်ရာမှာ ငွေကြေးလိမ်လည်မှုတွေ မဖြစ်အောင် Public Limited Company တွေကို စည်းမျဉ်းတွေ အများကြီးချမှတ်ပြီး ထိန်းချုပ်ထားရတယ်။

Public Limited Company တွေက ချမှတ်ထားတဲ့ များပြားလှတဲ့ စည်းကမ်းတွေအတိုင်း လိုက်လုပ်ဖို့အတွက် ငွေ၊ လူ၊ စတဲ့ အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ကြရတယ်။ မလုပ်လို့လည်း မရဘူး၊ မလုပ်ရင် ဥပဒေကြောင်းအရ အရေးယူခံရတယ်။

ဒီလောက်ဆိုရင် လုံလောက်တဲ့ ဗဟုသုတတွေ ရပြီမို့ Richard Branson ပြောတဲ့စကားကို ပြန်ပြီးကြည့်ကြရအောင်...

Richard Branson ဟာ တစ်ခါတုန်းက သူ့ရဲ့အောင်မြင်နေတဲ့ လုပ်ငန်းကို အရင်းအနှီးပိုမိုရယူလိုတာကြောင့် Stock Exchange တင်ပြီး Public Limited Company အဖြစ် ပြောင်းပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ သူ့ကုမ္ပဏီရဲ့ Share တွေကို သူကိုယ်တိုင် ပြန်ဝယ်ပြီး Private Limited Company အဖြစ် ပြန်ပြောင်းခဲ့ပါတယ်။

ပုဂ္ဂလိကပိုင်ကနေ အများပိုင်လုပ်၊ အများပိုင်ကနေ ပုဂ္ဂလိကပိုင် ပြန်လုပ်တယ်ဆိုတော့ ရှင်းပါတယ်... ပုဂ္ဂလိကပိုင်အဖြစ် နေရတာပိုကောင်းတယ်လို့ Richard Branson သုံးသပ်တယ်လို့ ယူဆလို့ရပါတယ်။

ဘာလို့ သူအဲ့လိုလုပ်သလဲ ဆိုတာကို ဆက်လက်သုံးသပ်ပြပါမယ်။

စီးပွားရေးစွန့်စားလုပ်ဆောင်သူ Entrepreneur အများစုဟာ မိမိတို့မှန်တယ်လို့ ထင်တဲ့အရာကို ရဲရဲဝင့်ဝင့် လုပ်တတ်သူ၊ လုပ်ချင်သူများ ဖြစ်ကြပါတယ်။ ဒါဟာ စီးပွားရေး စွန့်စားလုပ်ဆောင် သူများရဲ့ စိတ်နေ သဘော ထား ဖြစ်ပါတယ်။

ဒါကြောင့် Public Limited Company မှာ တစ်ခုခုလုပ်ချင်ရင် အထက်မှာရှင်းခဲ့သလို အဆင့်ဆင့်လုပ်ဆောင်ရတာတွေ အများကြီးရှိတာရယ်...

ဒီလိုလုပ်ဆောင်သော်လည်း မိမိသွားလိုတဲ့ လမ်းကြောင်းအတိုင်း သွားလို့ရချင်မှရတာတွေကြောင့် ရှယ်ယာရှင်တွေကို စိတ်ကျေနပ်အောင် လိုက်လုပ်ပေးရတာ (Pleasing Stockholders) ဟာ သူ့ရဲ့ "မှန်တယ်ထင်တာ ရဲရဲဝင့်ဝင့်လုပ်ခြင်း (True to Yourself)" ဆိုတဲ့ သူ့ရဲ့ခံယူချက်နဲ့ စိတ်နေစိတ်ထားကို ကြိုးတုတ်ထားသလို ခံစားရတာ ဖြစ်နေပါလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။

အထက်မှာရှင်းခဲ့သလို Public Limited Company တွေမှာ အစည်းအဝေးပွဲတွေ အများကြီးလုပ်ရပါတယ်။
ပုဂ္ဂလိကပိုင်လုပ်ငန်းတွေမှာ လိုက်နာစရာမလိုတဲ့ စည်းကမ်းတွေ အများကြီးကို လိုက်နာရတယ်။

တစ်ချို့ CEO တွေက သူတို့ရဲ့ စီမံအုပ်ချုပ်ချိန်ရဲ့ ၅၀% ကျော်ကို အစည်းအဝေးပွဲတွေအတွက် အချိန်ပေးနေရတယ်လို့ ညည်းတတ်ကြတော့ Richard Branson လည်း Suit ဝတ်ပြီး အစည်းအဝေးတက်ရတာ မကြိုက်ဘူးလို့ ပြောတာပါ။

Suit ဝတ်တာကို မကြိုက်တာကို ပြောတာမဟုတ်ဘဲ Meetings တွေကို မကြိုက်ဘူးလို့ ဆိုလိုတာပါ။

Public Company တွေမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ အလွန်များပြားလှတဲ့ စည်းမျဉ်းတွေကို လိုက်နာလုပ်ဆောင်ရတာတွေက လုပ်ငန်းတစ်ခု အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေ မဟုတ်ပါဘူး၊ အများသံသယကင်းအောင် လုပ်ပေးရတာတွေ ရှိပါတယ်။

ဥပမာ-
ကုမ္ပဏီရဲ့ ငွေသုံးစွဲမှုကိစ္စတွေကို ရှယ်ယာပိုင်ရှင်တွေကို ရှင်းပြရတယ်၊ လုပ်ငန်းအောင်မြင်ဖို့ Essentials တွေပေါ်မှာပဲ အာရုံစိုက် မလုပ်နိုင်တဲ့အတွက် "စီးပွားရေးလုပ်တယ်ဆိုတာ Essentials တွေပေါ်မှာပဲ အာရုံစိုက်လုပ်တာပါ" လို့ သူပြောတာပါ။

Essentials ဆိုတာကတော့ ကုမ္ပဏီအမြတ်တိုးအောင်လုပ်တာ၊ ကြီးထွားအောင် လုပ်တဲ့လုပ်ဆောင်ချက်တွေ ဖြစ်ပြီး အများပိုင်ကုမ္ပဏီတွေမှာတော့ လိုက်နာရမဲ့ စည်း ကမ်းတွေကို လိုက်နာပြီး လုပ်နေရတာကြောင့် ကုမ္ပဏီကို အမှန်တကယ် အကျိုးရှိမယ့် လုပ်ဆောင် ချက်တွေကို လုပ်ဖို့ အခွင့်အရေးဟာ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေနဲ့ ယှဉ်ရင် နည်းပါးပါတယ်။

ဆိုလိုတာကကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကြိုက်တာလုပ်မယ် ❗

ဘယ်အရာက အရေးကြီးတယ်ဆိုတာကို ကိုယ်ကြိုက်သလို ဆုံးဖြတ်လုပ်ပိုင်ခွင့်ရတဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းကို Branson က ပိုပြီးသဘောကျပါတယ်။

Soe Win Khine
GRTD Consulting

👇👇

CEO တစ်ဦး/ လုပ်ငန်းရှင်တစ်ဦး အနေနဲ့
လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးသားထားတဲ့စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို အောက်က လဒ့်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


18/11/2026

🔴 𝗖𝗶𝘁𝘆 𝗛𝗼𝗹𝗱𝗶𝗻𝗴𝘀 𝗖𝗼𝗺𝗽𝗮𝗻𝘆 ရဲ့ 𝗖𝗼𝗿𝗽𝗼𝗿𝗮𝘁𝗲 𝗖𝗼𝗺𝗺𝘀 𝗟𝗲𝗮𝗱 ဖြစ်သူကိုယ်တိုင် ညွှန်းဆိုတဲ့ "စီအီးအိုများအတွက် လက်စွဲစာအုပ်"

City Holdings Company ရဲ့ Corporate Comms Lead ဖြစ်သူ၊ အီတလီနိုင်ငံ Rome Business School မှ MBA ဘွဲ့ရရှိထားပြီး စီးပွားရေးပညာရပ်များကို စာတွေ့လက်တွေ့ လေ့လာဖြတ်သန်းနေသူ Ko Patrick က "𝗚𝗥𝗧𝗗 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽" စာအုပ်အပေါ် ဘယ်လိုမြင်သလဲ?

"ဒီစာအုပ်က တကယ့်ကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အနောက်တိုင်း စီမံခန့်ခွဲမှု သဘောတရားတွေကို မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်နဲ့ ကိုက်ညီအောင် အကောင်းဆုံး ပေါင်းစပ်ရေးသားထားပါတယ်။"

ဝန်ထမ်းရွေးချယ်ရေး (Recruitment) လုပ်ငန်းစဉ်များ၊ လူမှန်နေရာမှန်ဖြစ်အောင် စဉ်းစားပုံများနှင့် လုပ်ငန်းခွင် ထွက်ကုန်နှုန်း (Productivity) တိုးတက်စေမည့် နည်းလမ်းများကို ထိရောက်စွာ အသုံးချနိုင်စေပါတယ်။

စာအုပ်ကို ဖတ်ရှုပြီး လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချခြင်းအားဖြင့် မှားယွင်းမှုများနှင့် ဆုံးရှုံးနစ်နာမှုများကို ကာကွယ်ပေးနိုင်ကာ ရရှိလာမည့် အကျိုးအမြတ် (ROI) က အဆများစွာ ပိုများပါတယ်။

စီမံခန့်ခွဲမှုမှာ အခက်အခဲဖြစ်နေတဲ့ ခေါင်းဆောင်တွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ လုပ်ငန်းသစ် စတင်ချင်သူတွေအတွက် မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။

စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် ဝယ်ယူရန် -

https://www.facebook.com/share/p/1Fts8xkMJD/

စာဖတ်သူတို့၏ Review ပေါင်းချုပ်များ -

https://www.facebook.com/share/p/1CkxkEdEzG/

စာရေးသူ၏ ကိုယ်ရေးအကျဉ်း လေ့လာရန် -

https://www.facebook.com/share/p/182pnZ1o4f/

ဒါဖတ်ပြီး GRTD Leadership စာအုပ်ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ပါ (၁) -

https://www.facebook.com/share/p/1AZUnPQ8bw/

ဒါဖတ်ပြီး GRTD Leadership စာအုပ်ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ပါ (၂) -

https://www.facebook.com/share/p/1EPKDRPrrT/

17/11/2026

🔴 #𝗗𝗲𝗰𝗶𝘀𝗶𝗼𝗻 𝗙𝗮𝘁𝗶𝗴𝘂𝗲 ဘယ်လို လျော့ချမလဲ❓

Soe Win Khine
GRTD Consulting

👇👇

CEO တစ်ဦး/ လုပ်ငန်းရှင်တစ်ဦး အနေနဲ့
လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးသားထားတဲ့စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ် GRTD Leadership စာအုပ်အကြောင်း အသေးစိတ်သိဖို အောက်က လဒ့်မှာ ကြည့်နိုင်ပါတယ် 🔻

https://www.facebook.com/share/p/1EDms5h8xD/


 #တခဲနက်_မှာယူအားပေးကြတဲ့_တစ်ယောက်ချင်းစီတိုင်းကို_ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ❤️ဒီနေ့မနက်တင် ရုံးခန်းမှာ အော်ဒါထုပ်တ...
17/11/2026

#တခဲနက်_မှာယူအားပေးကြတဲ့_တစ်ယောက်ချင်းစီတိုင်းကို_ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ❤️

ဒီနေ့မနက်တင် ရုံးခန်းမှာ အော်ဒါထုပ်တွေကို သေချာ စာရင်းစစ်ဆေးပြီး Royal Express နဲ့ စတင်ပို့ဆောင်ပေးနေပါပြီနော်။ ပုံထဲက အထုပ်တွေအကုန်လုံးက လူကြီးမင်းတို့ဆီ အရောက်လာနေကြပါပြီရှင့်။

ပထမအကြိမ် Pre-Order အုပ်ရေ (၁၀၀) ကတော့ မိတ်ဆွေတို့ရဲ့ အားပေးမှုကြောင့် ခဏလေးနဲ့ ကုန်သွားခဲ့ပါပြီ။

စာအုပ်မှာယူဖို့ ကျန်ရှိနေသေးတဲ့ စာဖတ်သူ မိတ်ဆွေတို့အတွက် ဒုတိယအကြိမ် Promotion အဖြစ် နောက်ထပ် အုပ်ရေ (၁၀၀) ကို ၂၀၀,၀၀၀ (နှစ်သိန်း) ကျပ် တည်းနဲ့ ဆက်လက် ရောင်းချပေးနေပါတယ်နော်။ ✨

မိမိ လုပ်ငန်းခွင်နဲ့ ခေါင်းဆောင်မှု အယူအဆတွေကို လက်တွေ့အသုံးချပြီး တိုးတက်ချင်သူများအတွက် အဖိုးတန်တဲ့ "𝗚𝗥𝗧𝗗 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗽𝗽𝗿𝗼𝗮𝗰𝗵" စာအုပ်ကို သတ်မှတ်လူဦးရေ (အုပ်ရေ ၁၀၀) မပြည့်ခင် အမြန်ဆုံး အော်ဒါတင်ထားလိုက်တော့နော်။

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ်
GRTD_Leadeleadership_စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/1EDms5h8xD/


Address

No (15/17), 8th Floor/B, Yangon/Insein Road, Hledan, Yangon
Yangon
11041

Telephone

+959740907838

Website

Alerts

Be the first to know and let us send you an email when GRTD Leadership posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GRTD Leadership:

Shortcuts

Share

Category

Nearby shops