KK Hotpot

KK Hotpot Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KK Hotpot, Shopping & retail, West To The Shwe Taung Yoe Station, ChinTae Street, Yay Aye Kwin Quater, Taunggyi.

07/08/2026

KK မှာမနက်စာရပြီနော် 📣

🍜မာလာဆီချက်ခေါက်ဆွဲ
#မနက်စာ #တောင်ကြီး

တောင်ကြီးသူ တောင်ကြီးသားတို့အတွက် 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤 မှာ မနက်စာကောင်းကောင်းလေး ရနေပြိနော်။ နာရီပေါင်းများစွာ အချိန်ပေးပြီး ...
31/07/2026

တောင်ကြီးသူ တောင်ကြီးသားတို့အတွက် 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤 မှာ မနက်စာကောင်းကောင်းလေး ရနေပြိနော်။

နာရီပေါင်းများစွာ အချိန်ပေးပြီး သဘာဝအတိုင်း တည်ထားတဲ့ အာဟာရပြည့်ဝတဲ့ အရိုးပြုတ်ရည်စစ်စစ် ကို အခြေခံထားတဲ့ ကြက်/ ဝက်/ အမဲ ခေါက်ဆွဲတွေက မနက်ခင်းတစ်နေ့တာအတွက် စွမ်းအင်အပြည့် ရရှိစေမှာပါရှင်။

⏰ ရနိုင်မယ့်အချိန်: မနက် ၆:၃၀ AM မှ နေ့လယ် ၁၂:၀၀ PM အထိ သီးသန့် ရရှိနိုင်ပါပြီနော်။

🍜 KK Breakfast Menu တွင် ရရှိနိုင်သည်များ -

🐔 ကြက်ပေါင်းခေါက်ဆွဲ
🐂 အမဲမာလာခေါက်ဆွဲ
🐖 ဝက်နံရိုးပေါင်းခေါက်ဆွဲ
🍲 မာလာဆီချက် (ကြက် / ဝက်)
🍜 ချဉ်စပ်ဝဥခေါက်ဆွဲ (ကြက် / ဝက်) (ဝိတ်ထိန်းနေသူများအတွက် ကယ်လိုရီနည်းနည်းနဲ့ အရသာရှိရှိမနက်စာလေးပါရှင့်။)
🍳 ပဲပြုတ်ထမင်းကြော် (ကြက်ဥကြော်)

Side Dish အနေနဲ့ ---
🦆 ဘဲအူ / ဘဲမြစ် / ဘဲသွေး
🐂 အမဲ‌ခြောက်ကြော်
🐔 ကြက်ခြေထောက်ပေါင်း

မနက်ခင်း အလုပ်မသွားခင်ဖြစ်ဖြစ်၊ ကလေးတွေကို ကျောင်းပို့ပြီးလို့ပဲဖြစ်ဖြစ်၊ မနက်ပိုင်း လမ်းလျှောက်
အားကစားလုပ်ပြီးလို့ပဲဖြစ်ဖြစ်... ပူပူနွေးနွေးနဲ့ ဗိုက်ပြည့် အာဟာရဖြစ်စေဖို့ 𝗞𝗞 မှာ မနက်စာ လာရောက် အားဖြည့်လိုက်ကြရအောင်နော်။ 🥰✨

(မနက်စာ အတူတူ သွားစားချင်တဲ့သူတွေကို အောက်မှာ Mention ခေါ်ပြီး မနက်ဖြန်မနက်အတွက် ချိန်းလိုက်တော့နော်) 👇

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (ယခင်VX bar အောက်ဖက်)၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးမနက်စာ #ကြက်ပေါင်းခေါက်ဆွဲ #အမဲမာလာခေါက်ဆွဲ #ဝက်နံရိုးပေါင်းခေါက်ဆွဲ #အမဲဆီမပါတဲ့ဟော့ပေါ့

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ မိတ်ဆွေတို့ရဲ့ မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ မိတ်ဆွေတို့ရဲ့ မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း KK Hotpot & BBQ မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ 🌟🙏

ဒီနေ့လို မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်မှာ ကုသိုလ်ကောင်းမှုအပေါင်းကို အေးချမ်းစွာ ပြုလုပ်အားထုတ်နိုင်ကြပါစေနော်။ ❤️✨

#ဝါဆိုလပြည့်နေ့ #မင်္ဂလာရှိသောဝါဆိုလပြည့်နေ့ဖြစ်ပါစေ

🙏🏼ပြန်အမ်းငွေ (သို့) ဟင်းပွဲအစားထိုးပြန်ပေးချင်လို့ပါရှင့်။🙏🏼ဒီနေ့ည (28 July 2026) ၉:၁၅ လောက်customer အစ်ကိုတစ်ယောက် ပါဆ...
28/07/2026

🙏🏼ပြန်အမ်းငွေ (သို့) ဟင်းပွဲအစားထိုးပြန်ပေးချင်လို့ပါရှင့်။

🙏🏼ဒီနေ့ည (28 July 2026) ၉:၁၅ လောက်customer အစ်ကိုတစ်ယောက် ပါဆယ်လာယူတာ အသားပါဆယ်ပေးဖို့ကျန်ခဲ့လို့ပါ။ cash နဲ့ရှင်းသွားတာဆိုတော့ ဖုန်းပြန်ခေါ်ဖို့အဆင်မပြေလ်ို့ပါရှင့်။

🙏🏼ကျွန်မတို့ဘက်က ပေါ့လျော့မှုကြောင့်အဆင်မပြေဖြစ်သွားတာ အနူးညွတ်တောင်းပန်ပါတယ်ရှင့်။

🙏🏼တောင်းပန်သောအားဖြင့် ဆိုင်မှာ ပြန်အမ်းငွေ (သို့) ဟင်းပွဲအစားထိုးပြန်ပေးချင်လို့ပါရှင့်။

🙏🏼နောက်ပိုင်းဒီလိုအဆင်မပြေမှုတွေမဖြစ်ရအောင်သေချာပြုပြင်ထားပါမယ်ရှင့််။

❤️KK hotpot & BBQ ကိုအမြဲအားပေးနေတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီကို KK မိသားစုမှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်။

24/07/2026
🌧️ ‌လူတိုင်းမှာ အချစ်ဦးလိုမျိုး Hotpot Story လေးတစ်ပုဒ်တော့ ရှိကြမယ်လို့ မင်မင်ထင်တယ်။ မင်မင် Hotpot စစားတုန်းကတော့ ရည်း...
19/07/2026

🌧️ ‌လူတိုင်းမှာ အချစ်ဦးလိုမျိုး Hotpot Story လေးတစ်ပုဒ်တော့ ရှိကြမယ်လို့ မင်မင်ထင်တယ်။

မင်မင် Hotpot စစားတုန်းကတော့ ရည်းစားလေးနဲ့ မဟုတ်ဘူး။😂

🤫သူငယ်ချင်းတွေနဲ့ပါ။ သိပ်ကိုပျော်စရာကောင်းခဲ့တာ‌ပေါ့။

မစားနိုင်တော့တဲ့အဆုံး "နင်ယူလာတာ နင်ကုန်အောင်စားနော်၊ ငါ့ဝေစုကစားပြီးပြီ။" ဆိုပြီး ဘောလီဘောတွေပုတ်တော့တာပဲ။ 😂

ကဲ...ဟော့ပေါ့ချစ်သူတွေရော ဘယ်လိုအကြောင်းလေးတွေရှိခဲ့လဲဆိုတာ ဝေမျှခဲ့ပေးပါအုန်းနော်။

ဒီလိုမိုးအေးတဲ့အချိန်ဆိုရင်
ဟော့ပေါ့အပြုတ်ပူပူလေးနဲ့ ဝက်သုံးထပ်သားကင်လေးက အလိုက်ဖက်ဆုံးမို့ KK Hotpot မှာ လာစားဖို့ မမေ့နဲ့နော်။ ❤️🔥

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#မာလာအရွက်သုပ် #တောင်ကြီးဟော့ပေါ့ #မိသားစုဝိုင်း #အမဲဆီမပါတဲ့ဟော့ပေါ့

🔥 မာလာအရွက်သုပ် ဆိုတာကတော့ မိမိကြိုက်နှစ်သက်တဲ့ အသီးအရွက်မျိုးစုံ၊ မှိုနဲ့ ခေါက်ဆွဲ/ဝဥ တွေကို မာလာအနှစ်၊ မြေပဲဆော့စ်တို့...
19/07/2026

🔥 မာလာအရွက်သုပ် ဆိုတာကတော့
မိမိကြိုက်နှစ်သက်တဲ့
အသီးအရွက်မျိုးစုံ၊ မှိုနဲ့
ခေါက်ဆွဲ/ဝဥ တွေကို
မာလာအနှစ်၊ မြေပဲဆော့စ်တို့နဲ့
အချိုးကျကျ စပ်စပ်လေး သုပ်ထားတဲ့ တရုတ်စတိုင် အရသာရှိတဲ့အစားအစာတစ်ခု ဖြစ်ပါတယ်ရှင်။ (အသားထည့်ချင်ရင်လည်းရပါတယ်နော်။)

😘 ဟော့ပေါ့စားဖို့
ဗိုက်သိပ်မဆာဘူး၊ ဒါမှမဟုတ် အစပ်အဟပ်လေးပဲ
မြည်းချင်တယ်ဆိုရင်တော့
𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 မှာ
မာလာအရွက်သုပ်ကို
စိတ်ကြိုက် မှာယူသုံးဆောင်နိုင်ပါပြီနော်။

✨ ဆိုင်မှာပဲ ထိုင်စားစား၊ အိမ်အရောက် ပါဆယ် (Takeaway) ပဲ ဝယ်ဝယ်... KK ရဲ့ ထုံးစံအတိုင်း အမဲဆီ လုံးဝမပါဘဲ သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ပေးတာမို့ ကျန်းမာရေးအတွက်လည်း စိတ်ချရပါတယ်ရှင်။

ဒီနေ့ပဲ မာလာအရသာ စပ်စပ်လေးနဲ့ လျှာလည်သွားဖို့ KK မှာ မှာယူလိုက်တော့နော်! 🤤

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#မာလာအရွက်သုပ် #တောင်ကြီးဟော့ပေါ့ #မိသားစုဝိုင်း #အမဲဆီမပါတဲ့ဟော့ပေါ့

🥰 အလုပ်တွေ၊ လူမှုရေးတွေနဲ့ တစ်နေ့တာလုံး အလုပ်ရှုပ်နေရတဲ့ ကြားထဲက... တစ်ပတ်မှာ တစ်ရက်လောက်တော့ မိသားစုဝင်တွေအားလုံး အတူတူ...
17/07/2026

🥰 အလုပ်တွေ၊ လူမှုရေးတွေနဲ့ တစ်နေ့တာလုံး အလုပ်ရှုပ်နေရတဲ့ ကြားထဲက... တစ်ပတ်မှာ တစ်ရက်လောက်တော့ မိသားစုဝင်တွေအားလုံး အတူတူဆုံပြီး စိတ်အပန်းဖြေဖို့ လိုအပ်ပါတယ်ရှင်။

မိသားစုဝင်တွေအချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက် မေးမြန်းရင်း၊ ရယ်မောရင်းနဲ့ တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ဖန်တီးဖို့ 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤 က အကောင်းဆုံး ရွေးချယ်မှုဖြစ်နေမှာပါ။

ဘာလို့ 𝗞𝗞 က မိသားစုတိုင်းအတွက် စိတ်ချရဆုံးဖြစ်နေရတာလဲဆိုတော့...

✅ အသက်ကြီးပိုင်း မိဘဘိုးဘွားတွေ ကိုလက်စထရောတက်မှာ၊ သွေးတိုးမှာ လုံးဝပူစရာမလိုအောင် အမဲဆီ (Absolute 0%) လုံးဝမပါဝင်တဲ့ အရိုးပြုတ်ရည်စစ်စစ်နဲ့သာ တည်ခင်းပေးပါတယ်။

✅ ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်မှုနဲ့၊ ရွေးချယ်စရာအမျိုးအစားစုံလင်တယ်။

✅ ဟော့ပေါ့ (အပြုတ်) ပဲ ကြိုက်ကြိုက်၊ အကင်ပဲ ကြိုက်ကြိုက်... တစ်ဝိုင်းတည်းမှာ နှစ်မျိုးလုံးကို အဆင်ပြေပြေ စားသုံးနိုင်ပါတယ်။

ဒါ့အပြင် မာလာကြိုက်နှစ်သက်သူတွေအတွက် မာလာရှမ်းကော၊ မာလာအရွက်စုံသုပ်တွေလည်းရပါတယ်ရှင့်။

ဒီပိတ်ရက်မှာ ကျန်းမာရေးအတွက်ပါ ၁၀၀% စိတ်ချရတဲ့ 𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 မှာ မိသားစုနဲ့အတူ ပျော်စရာအချိန်လေးတွေ ပိုင်ဆိုင်လိုက်ပါဦးနော်။ 🥰

𝗞𝗞 𝗛𝗼𝘁𝗽𝗼𝘁 & 𝗕𝗕𝗤
📍 ခြ‌င်္သေ့လမ်း၊ ရေအေးကွင်းရပ်ကွက်၊ (ယခင်) VX bar အောက်ဖက်)၊ တောင်ကြီးမြို့။
📞 𝟬𝟵-𝟱𝟮𝟭𝟬𝟳𝟱𝟰

#တောင်ကြီးဟော့ပေါ့ #မိသားစုဝိုင်း #အမဲဆီမပါတဲ့ဟော့ပေါ့

Address

West To The Shwe Taung Yoe Station, ChinTae Street, Yay Aye Kwin Quater
Taunggyi

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Website

Alerts

Be the first to know and let us send you an email when KK Hotpot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share